၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ  (1965) 
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ
[1]
ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၅ ခုနှစ်၊ စကားရပ်များပြောင်းလဲရေးဥပဒေ။
[၁၉၆၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေ အမှတ် ၉။]
၁၃၂၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်။

(၁၉၆၅ ခုနှစ်၊ ဒီဇင်္ဘာလ ၃၁ ရက်။)

အောက်ဖေါ်ပြပါ ဥပဒေကိုထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ။ (၁) ဤဥပဒေကို ၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည် ချက်ချင်းအာဏာတည်ရမည်။

၂။ ။ တည်ဆဲတရားဥပဒေနှင့်တရားဥပဒေကဲ့သို့ အာဏာရှိသော စည်းမျဉ်း ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များတွင်ပါရှိသည့်-

(က) “သမတ”၊ သို့မဟုတ် “နိုင်ငံတော်သမတ”၊ သို့မဟုတ် “ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ” ဆိုသည့် စကားရပ်အစား၊ “ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့် စကားရပ် ကို၎င်း၊
(ခ) “President”၊ သို့မဟုတ် “President of the Union”၊ သို့မဟုတ် “President of the Union of Burma” ဆိုသည့် စကားရပ်အစား၊ “Chairman of the Revolutionary Council of the Union of Burma” ဆိုသည့် စကားရပ်ကို၎င်း၊ ထည့်သွင်းရမည်။

၃။ ။ အစိုးရ၊ သို့မဟုတ် အာဏာပိုင်တဦးဦးကပြုလုပ်သည့်၊ သို့မဟုတ် ထုတ်သည့် တရားဥပဒေကဲ့သို့ အာဏာမရှိသော စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ ဆာကြူလာနှင့် အခြားစာရွက်စာတမ်း အမှတ်အသားများတွင်-

(က) “သမတ”၊ သို့မဟုတ် “နိုင်ငံတော်သမတ”၊ သို့မဟုတ် “ပြည်ထောင်စု မြန်မာနိုင်ငံတော်သမတ” ဆိုသည့် စကားရပ်ပါရှိနေလျှင်၊ ထိုစကားရပ် အသီးသီးအစား၊ “ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့် စကားရပ်ကို၎င်း၊
(ခ) “Governor”၊ သို့မဟုတ် “Governor of Burma”၊ သို့မဟုတ် “President”၊ သို့မဟုတ် “President of the Union”၊ သို့မဟုတ် “President of the Union of Burma” ဆိုသည့် စကားရပ် ပါရှိနေလျှင် ထိုစကားရပ် အသီးသီးအစား “Chairman of the Revolutionary Council of the Union of Burma” ဆိုသည့် စကားရပ်ကို၎င်း၊ ထည့်သွင်းရမည်။

ဗိုလ်နေဝင်း၊
ဥက္ကဋ္ဌ၊
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။

ရန်ကုန်မြို့၊ ၁၃၂၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက်။
(၁၉၆၅ ခုနှစ်၊ ဒီဇင်္ဘာလ ၃၁ ရက်။)

အမိန့်အရ၊
ဗိုလ်မှူးကြီး ကိုကို၊
အတွင်းဝန်၊
ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့။