Page:၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ.pdf/1

From Wikisource
Jump to navigation Jump to search
This page has been proofread.
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ။

[၁၉၆၅ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၉။]

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ သည်၊ အောက်ပါ
ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။  ။(၁) ဤဥပဒေကို၊ ၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေး
ဥပဒေဟု ခေါ်တွင်စေရမည်။

     (၂) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။

၂။  ။တည်ဆဲတရားဥပဒေနှင့်တရားဥပဒေကဲ့သို့ အာဏာရှိသော စည်းမျဉ်း
ဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်
များတွင်ပါရှိသည့်—

     (က) “သမတ”၊ သို့မဟုတ် “နိုင်ငံတော်သမတ”၊ သို့မဟုတ်
     “ပြည်ထောင်စု မြန်မာနိုင်ငံတော်သမတ” ဆိုသည့်စကားရပ်
     အစား၊ “ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီ
     ဥက္ကဋ္ဌ” ဆိုသည့်စကားရပ်ကို၎င်း ၊

     (ခ) “President”၊ သို့မဟုတ် “President of the Union”၊
     သို့မဟုတ် “President of the Union of Burma”
     ဆိုသည့်စကားရပ်အစား၊ “Chairman of the Revolu-
     tionary Council of the Union of Burma” ဆိုသည့်
     စကားရပ်ကို၎င်း ၊


ထည့်သွင်းရမည်။


၃။  ။အစိုးရ၊သို့မဟုတ် အာဏာပိုင်တဦးဦးကပြုလုပ်သည့်၊သို့မဟုတ် ထုတ်
သည့် တရားဥပဒေကဲ့သို့ အာဏာမရှိသော စည်းမျဉ်းဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်း
ဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်၊ ဆာကြူလာနှင့် အခြားစာရွက်
စာတမ်းအမှတ်အသားများတွင်—


   (က)“သမတ”၊ သို့မဟုတ် “နိုင်ငံတော်သမတ”၊ သို့မဟုတ်
     “ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ” ဆိုသည့်စကားရပ်
     ပါရှိနေလျှင်၊ထိုစကားရပ် အသီးသီးအစား၊ “ပြည်ထောင်စု
     မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီဥက္ကဋ္ဌ”ဆိုသည့်စကားရပ်
     ကို၎င်း၊