၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ  (1960) 

သမတအိမ်တော်၊ ရန်ကုန်မြို့

၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေ။

[၁၉၆၀ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၁၈။]

၁၃၂၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက်။

(၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။


၁။ ။ အမည်နှင့်စတင်အာဏာတည်သည့်နေ့ရက်။ ။ (၁) ဤအက်ဥပဒေကို ၁၉၆၀ ပြည့်နှစ်၊ ဘဏ္ဍာတော်အက်ဥပဒေဟု ခေါ်ရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၆၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ရက်နေ့ တွင်စတင် အာဏာတည်ရမည်။


၂။ ။ အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော်စည်းကြပ်သည့် နှုန်းများ။ ။ (၁) ပုဒ်မခွဲ (၃) နှင့် (၄) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်ဘဲ၊ ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာ တော်နှစ်အတွက် အောက်ပါအတိုင်း အခွန်တော်စည်းကြပ်ရမည်-

(က) ဤအက်ဥပဒေ၏ ပဌမဇယား၊ အပိုင်း ၁ တွင် သီးခြားဖေါ်ပြထားသည့်နှုန်းများအတိုင်း အမြတ် တော်ခွန်နှင့်
(ခ) မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၅၅ ပါ ကိစ္စများအလို့ငှါ၊ ဤအက်ဥပဒေ၏ပဌမဇ ယား၊ အပိုင်း၂တွင် သီးခြားဖေါ်ပြထားသည့် နှုန်းများအတိုင်း နောက်ထပ်အခွန်တော်။
(၂) ၁၉၆၁ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် အခွန်တော်စည်း ကြပ်ခြင်း၊ သို့တည်းမဟုတ် ပြန်ပေးခြင်းပြုလုပ်ရာ၌ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင်၊ အလုပ် လုပ်၍ရသည့်ဝင်ငွေ ပါဝင်လျှင်၊ ထိုဝင်ငွေ၏ ငါးပုံတပုံနှင့် ညီမျှသောငွေကို၊ ထိုသူ၏စုစုပေါင်းဝင်ငွေမှ မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၅-က (၁) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောကျပ်ငွေမှာ၊ မည်သည့်အချက်တွင်မျှ လေးထောင်ထက် မပိုစေရ။ ထို့ပြင် စည်းကြပ်ခံရသူမှာ၊ ကုန်သည်အစုစပ်လုပ်ငန်းတွင် ပါဝင်သူဖြစ်လျှင်၊ ထိုကုန်သည်အစုစပ်လုပ် ငန်းအပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို၊ အဆိုပါ နုတ်ရမည့်ငွေထဲမှ လျှော့ရမည်။ ထိုခွင့်ပြုသည့် ငွေမှာလည်း၊ ကုန်သည်အစုစပ်လုပ်ငန်း၏ အမြတ်ငွေ များတွင် ထိုသူ၏ အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသောငွေသာ ဖြစ်ရမည်။
(၃) ၁၉၆၀ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈၊ ပုဒ်မခွဲ (၂)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၂-ခ)အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်းကြပ်နိုင်သည့် အလုပ်လုပ်၍ ရသောဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊ နုတ်ရမည့် အမြတ်တော်ခွန်ကို၊ တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ ခန့်မှန်းခြေ စုစုပေါင်းဝင်ငွေမှ ထိုအလုပ်လုပ်ရသော ဝင်ငွေ၏ ငါးပုံတပုံနှင့်ညီမျှသောငွေကို လျှော့ရမည်။သို့ရာတွင် ထိုသို့လျှော့သောငွေမှာ မည်သည့်အခါတွင်မျှ ကျပ်ငွေလေးထောင် ထက်မပိုစေရ။
(၄) ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှအစပြုမည့် ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေ ပုဒ်မ ၁၈ ၊ ပုဒ်မခွဲ (၂)အရ၊ “လစာငွေများ” ခေါင်းစဉ်အောက်တွင် စည်း ကြပ်နိုင်သည့်ဝင်ငွေမှ အမြတ်တော်ခွန်နုတ်ရန်အလို့ငှါ၊နုတ်ရမည့် အမြတ်တော်ခွန် (နောက်ထပ်အ ခွန်တော်မပါ)ကို တွက်သောအခါ၊ ဤခေါင်းစဉ်အောက်ရှိ စည်းကြပ်ခံရသူ၏ခန့်မှန်းခြေစုစုပေါင်းဝင်ငွေ မှ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေ ပုဒ်မ ၁၅-က (၂) အရ၊ မယားနှင့်သားသမီးများအတွက် ခွင့်ပြုသည့်ငွေကို လျှော့ရမည်။
(၅) ဤပုဒ်မပါ ကိစ္စများအတွက်၎င်း၊ ဤပုဒ်မအရစည်းကြပ်သည့်အခွန် တော်နှုန်းများအတွက်၎င်း “စုစုပေါင်းဝင်ငွေ” ဆိုသည့်စကားရပ်မှာ၊ မြန်မာနိုင်ငံ အမြတ်တော်ခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ၊ အမြတ်တော်ခွန်၊ သို့တည်းမဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာ ကိစ္စများအတွက် သတ်မှတ်သည့်အတိုင်း စုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ထို့ပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ ထိုအက်ဥပဒေ ပုဒ်မ ၂၊အပိုဒ် (၆-က) တွင်၊ ထိုစကားရပ်ကို အဓိပ္ပါယ်ဖေါ်ပြထားသည့် အတိုင်းပင်ဖြစ်သည်။


၃။ ။ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်။ ။ (၁) ၁၉၆၁ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင် ကုန် ဆုံးသည့်ဘဏ္ဍာတော်နှစ်အတွက် မြန်မာနိုင်ငံ အမြတ်တော်ခွန် အက်ဥပဒေအရ၊ အခွန်တော်စည်းကြပ် ခြင်းနှင့်သက်ဆိုင်သော မည်သည့်အထက်နှစ်အတွက်မဆို၊ ၁၉၄၈ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှုအမြတ် အစွန်းခွန်အက်ဥပဒေပုဒ်မ ၂၊ အပိုဒ် (၁)၊ အပိုဒ်ခွဲ (စ) အရသတ်မှတ်ရန် အခွန်တော်ကင်းလွတ်ခွင့်ပြု သည့်ငွေသည် ကျပ်ငွေတသိန်းဖြစ်ရမည်။

(၂) ၁၉၆၁ ခုနှစ်၊ စက်တင်္ဘာလ ၃၀ ရက်နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာတော်နှစ်အတွက်၊ မြန်မာနိုင်ငံအမြတ်တော်ခွန်အက်ဥပဒေအရ အခွန်စည်းကြပ်ခြင်းနှင့် သက်ဆိုင်သောမည်သည့် အထက်နှစ်အတွက်မ ဆို၊ ၁၉၄၈ ခုနှစ်၊ ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်းခွန်အက်ဥပဒေ ပုဒ်မ ၄ အရ စည်းကြပ်သော အခွန်တော်သည်၊ စည်းကြပ်ထိုက်သည့် အမြတ်အစွန်း၏ ဆယ့်ခြောက်နှင့်သုံးပိုင်းနှစ်ပိုင်း ရာခိုင်နှုန်းနှင့် ညီမျှရမည်။


၄။ ။ စာပို့တိုက်နှုန်းများသက်မှတ်ခြင်း။ ။ ၁၉၆၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့မှစသော ဘဏ္ဍာ တော်နှစ်အတွက်၊ ဤအက်ဥပဒေ၏ ဒုတိယဇယားကို၊ မြန်မာနိုင်ငံ စာပို့တိုက်အက်ဥပဒေတွင်၊ ထိုအက် ဥပဒေ၏ ပဌမဇယားအဖြစ် ထည့်သွင်းရမည်။


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ဦးဝင်းမောင်၊

နိုင်ငံတော်သမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၂၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက်။

(၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)


အမိန့်အရ၊

သာထက်၊

နိုင်ငံတော်သမတ၏အတွင်းဝန်။

[အမှတ် ၆၂]