၁၉၅၇ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ရုပ်သိမ်းခြင်း) အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၇ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ရုပ်သိမ်းခြင်း) အက်ဥပဒေ  (1957) 

၁၉၅၇ ခုနှစ်၊ ပြည်ထောင်စု လူငယ့်ရေးရာ ဗဟိုကောင်စီ(ရုပ်သိမ်းခြင်း) အက်ဥပဒေ။

[၁၉၅၇ ခုနှစ်၊ အက်ဥပဒေအမှတ် ၃၀။]

(၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်။)

အောက်ပါအတိုင်း၊ အက်ဥပဒေအဖြစ်ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤအက်ဥပဒေကို၊ ၁၉၅၇ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာ ဗဟိုကောင်စီ (ရုပ်သိမ်းခြင်း) အက်ဥပဒေ ဟုခေါ်တွင်စေရမည်။

(၂) ဤအက်ဥပဒေသည်၊ ၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် စတင်အာဏာတည်ရမည်။


၂။ ။ ဤအက်ဥပဒေဖြင့်၊ ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ အက်ဥပဒေ (၁၉၅၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၂၂ ) နှင့် ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုလူငယ့်ရေးရာဗဟိုကောင်စီ (ပြင်ဆင်ချက်) အက်ဥပဒေ (၁၉၅၆ ခုနှစ်၊ အက်ဥပဒေအမှတ် ၅) ကို ရုပ်သိမ်းလိုက်သည်။


ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


ဦးဝင်းမောင်၊
နိုင်ငံတော်သမ္မတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။


ရန်ကုန်မြို့၊ ၁၃၁၉ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်။
(၁၉၅၇ ခုနှစ်၊ အောက်တိုဘာလ ၈ရက်။)


အမိန့်အရ၊
ပါစိန်၊
နိုင်ငံတော်သမ္မတ၏အတွင်းဝန်။