ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း

From Wikisource
Jump to navigation Jump to search
ဥပဒေစကားရပ်များကို အစားထိုးပြောင်းလဲခြင်း  (1974) 
၁၉၆၅ ခုနှစ်၊ စကားရပ်များ ပြောင်းလဲရေးဥပဒေ

နိုင်ငံတော်ကောင်စီရုံး
ဥပဒေ စကားရပ်များကို အစားထိုးပြောင်းလဲခြင်း
အမှတ် ၄
ရန်ကုန်မြို့၊ ၁၃၃၆ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၅ ရက်။
(၁၉၇၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။)

အမှတ် ၄။ ။ ၁၉၇၃ ခုနှစ်၊ စကားရပ်များအနက်အဓိပ္ပါယ် ဖွင့်ဆိုရေးဥပဒေပုဒ်မ ၂၈ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ၊ နိုင်ငံတော်ကောင်စီသည်၊ အောက်ပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။


၁။ ရှိရင်းစွဲ ဥပဒေများတွင်ပါရှိသော အောက်ပါစကားရပ်များကို အောက်ဖေါ်ပြပါအတိုင်းဆီလျော်အောင် အစားထိုး ပြောင်းလဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(က) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “နိုင်ငံတော်သမ္မတ”၊ သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေက နိုင်ငံတော်သမ္မတအား အပ်နှင်းသောလုပ်ငန်းတာဝန်များနှင့် ဆီလျော်သရွေ့သာဖြစ်စေရမည်။
(ခ) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ”၊ သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေက နိုင်ငံတော် ကောင်စီနှင့် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌတို့အား အပ်နှင်းသောလုပ်ငန်းတာဝန်များနှင့် ဆီလျော်သရွေ့သာ ဖြစ်စေရမည်။
(ဂ) “ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီဥက္ကဋ္ဌ” ဆိုသည့်စကားရပ်အစား၊ “ဝန်ကြီးချုပ်၊ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီး၊ ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊” သို့ရာတွင် ဤသို့အစားထိုးပြောင်းလဲခြင်းသည်၊ အခြေခံဥပဒေနှင့် ရှိရင်းစွဲဥပဒေများက ဝန်ကြီးအဖွဲ့၊ သို့မဟုတ် အခြားဗဟိုအာဏာပိုင်အဖွဲ့ အစည်းများအား အပ်နှင်းသောလုပ်ငန်းတာဝန်များနှင့် ဆီလျော်သရွေ့သာ ဖြစ်စေရမည်။
(ဃ) “အစိုးရအဖွဲ့” သို့မဟုတ် “အစိုးရ”ဆိုသည့်စကားရပ်အစား၊ “ဝန်ကြီးအဖွဲ့၊ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာန။
(င) “တရားသူကြီးချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ။
(စ) “တရားရုံးချုပ် တရားသူကြီး” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့တရားသူကြီးအဖွဲ့ဝင်။
(ဆ) “ရှေ့နေချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ။
(ဇ) “စာရင်းစစ်ချုပ်” ဆိုသည့်စကားရပ်အစား၊ “ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ။

၂။ နိုင်ငံတော်ကောင်စီနှင့် ဗဟိုအာဏာပိုင်အဖွဲ့အစည်းများသည်၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ လိုအပ်သော လုပ်ထုံးလုပ်နည်းများကို သင့်လျော်သလိုသတ်မှတ်နိုင်သည်။


ဗိုလ်ချုပ်ကြီးစန်းယု၊
အတွင်းရေးမှူး၊
နိုင်ငံတော်ကောင်စီ။