အားလုံးကို ချစ်မယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၈။ အားလုံးကို ချစ်မယ်
326953ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၃၈။ အားလုံးကို ချစ်မယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၈)

အားလုံးကို ချစ်မယ်

[edit]

ပိန်ပိန်လေးကို ချစ် ... ဝဝကြီးလည်း ချစ်၊
ပိန်ပိန်လေးရော ဝဝကြီးရော ပိန်ပိန်လေးရော ချစ်။
ရှည်ရှည်ကြီးကို ချစ် ... ပုပုလေးလည်း ချစ်၊
ရှည်ရှည်ကြီးရော ပုပုလေးရော ရှည်ရှည်ကြီးရော ချစ်။
ဖြူဖြူလေးကို ချစ် .. မည်းမည်းလေးလည်း ချစ်၊
ဖြူဖြူလေးရော မည်းမည်းလေးရော ဖြူဖြူလေးရော ချစ်။
လူအားလုံးကို ချစ် ... လူတွေအားလုံး ချစ်၊
ပိန်ပိန် ဝဝ ရှည်ရှည် ပုပု ဖြူဖြူ မည်းမည်း ချစ်။
မေမေကြီးကို ချစ် ... ဖေဖေကြီးလည်း ချစ်၊
မေမေကြီးရော ဖေဖေကြီးရော မေမေကြီးရော ချစ်။
ကိုကိုကြီးကို ချစ် ... မမကြီးလည်း ချစ်၊
ကိုကိုကြီးရော မမကြီးရော ကိုကိုကြီးရော ချစ်။ ။
ဆရာမကြီးကို ချစ် ... ဆရာမလေးလည်း ချစ်၊
ဆရာမကြီးရော ဆရာမလေးရော ဆရာမကြီးရော ချစ်။
လူအားလုံးကို ချစ် .. လူတွေအားလုံး ချစ်၊
မေမေ ဖေဖေ ကိုကို မမ ဆရာအားလုံးကို ချစ်။ ။