အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း

From Wikisource
Jump to navigation Jump to search
အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း  (2012) 


ASEAN Human Rights Declaration
အာဆီယံ လူ့အခွင့်အရေးကြေညာစာတမ်း


We, the Heads of State/ Government of the Member States of the Association of Southeast Asian Nations (hereinafter referred to as “ASEAN”), namely Brunei Darussiam, the Kingdom of Cambodia, the Republic of Indonesia, the Lao People’s Democratic Republic, Malaysia, the Republic of the Union of Myanmar, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand and the Socialist Republic of Viet Nam, on the occasion of the 21st ASEAN Summit in Phnom Penh, Cambodia.

အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ ("အာဆီယံ" ဟုဆက်လက်ဖော်ညွှန်းမည့်) ဘရူးနိုင်းဒါရုစလင်နိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်ကာပူ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့၏အကြီးအကဲများနှင့် အစိုးရအဖွဲ့ အကြီးအကဲမျာား ဖြစ်ကြသော ကျွန်ုပ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ကျင်းပသည့် (၂၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင်


REAFFIRMING our adherence to the purposes and principles of ASEAN as enshrined in the ASEAN Charter, in particular the respect for and promotion and protection of human rights and fundamental freedoms, as well as the principles of democracy, the rule of law and good governance.

အာဆီယံပဋိညာဉ်စာချုပ်တွင် ပါဝင်ဖော်ပြထားသည့် အာဆီယံ၏ ရည်ရွယ်ချက်နှင့် အခြေခံမူများ၊ အထူးသဖြင့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များမြှင့်တင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို လေးစားမှုရှိခြင်း နှင့် ဒီမိုကရေစီကျင့်စဉ်များ တရားဥပဒေစိုးမိုးရေး နှင့် ကောင်းမွန်သော အစိုးရဖြစ်ရေးတို့ကို စောင့်ထိန်းကြောင်း ထပ်လောင်း အတည်ပြု၍ လည်းကောင်း


REAFIRMING FURTHER our commitment to the Universal Declaration of Human Rights, the Charter of the United Nations, the Vienna Declaration and Programme of Action and other international human rights instruments to which ASEAN Member States are parties;

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၊ ဗီယင်နာ ကြေငြာချက်နှင့် လုပ်ငန်းအစီအစဉ်တို့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပါဝင်ထားသည့် အခြားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များနှင့်ပက်သက်၍ ထားရှိသောကတိကဝတ်ကို ကျွန်ုပ်တို့ ဆက်လက်ထပ်လောင်းအတည်ပြု၍ လည်းကောင်း


REAFFIRMING ALSO the importance of ASEAN’s efforts in promoting human right, including the Declaration of the Advancement of Women in the ASEAN Region and the Declaration on the Elimination of Violence against Women in the ASEAN Region.

အာဆီယံဒေသအတွင်း အမျိုးသမီးများ၏ ဘဝမြှင့်တင်ရေး ကြေငြာစာတမ်းနှင့် အာဆီယံဒေသအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ကြေငြာစာတမ်းအပါအဝင် အာဆီယံ၏ လူ့အခွင့်အရေးကိုမြင့်တင်ရန် ဆောင်ရွက်မှုတို့၏ အရေးပါမှုကိုလည်း ထပ်လောင်းအတည်ပြု၍ လည်းကောင်း


CONVINCED that this Declaration will help establish a framework for human right cooperation in the region and contribute to the ASEAN community building process;

ဤကြေငြာစာတမ်းသည် လူ့အခွင့်အရေး ပူးပေါင်းဆောင်ရွက်မှု ဘောင်တစ်ခု တည်ထောင်မှုအတွက်ပံ့ပိုးပေးပြီး အာဆီယံအသိုက်အဝန်း တည်ဆောက်သည့်ဖြစ်စဉ်ကို အထောက်အကူပြုမည်ဟု အခိုင်အမာ ယုံကြည်၍ လည်းကောင်း


HEREBY DECLARE AS FOLLOWS:

ဤနေရာမှ အောက်ပါအတိုင်း ကြေညာအပ်သည်


GENERAL PRINCIPLES
အထွေထွေမူများ

1. All persons are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of humanity.

၁။ လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်။ လူတို့၌ ဆင်ခြင်တုံတရားနှင့်အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိကြ၍၊ တစ်ဦးကိုတစ်ဦး လူသားချင်းစာနာသည့်စိတ်ဓာတ်ဖြင့် ဆက်ဆံကျင့်သုံးသင့်သည်။


2. Every person is entitled to the rights and freedoms set forth herein, without distinction of any kind, such as race, gender, age, language, religion, political or other opinion, national or social origin, economic status, birth, disability or other status.

၂။ လူတိုင်းသည် လူမျိုး၊ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာ၊ နိုင်ငံရေး သို့မဟုတ် အခြားအယူအဆ၊ နိုင်ငံသား သို့မဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ်၊ စီးပွားရေးအဆင့်အတန်း၊ မျိုးရိုးဇာတိဂုဏ်၊ မစွမ်းမသန်ဖြစ်မှု သိုမဟုတ် အခြားအဆင့်အတန်းစသည့် ခွဲခြားမှုမျိုးမရှိစေဘဲ ဤကြေညာစာတမ်းတွင် ဖော်ပြပါရှိသည့် အခွင့်အရေးနှင့် လွတ်လပ်ခွင့်အားလုံးကို ခံစားခွင့်ရှိသည်။


3. Every person has the right of recognition everywhere as a person before the law. Every person is equal before the law. Every person is entitled without discrimination to equal protection of the law.

၃။ လူတိုင်းသည် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အသိအမှတ်ပြုခြင်းကို နေရာတိုင်းတွင် ခံယူပိုင်ခွင့်ရှိသည်။ လူတိုင်းသည် ဥပဒေအရာ၌ တန်းတူရည်တူရှိကြသည်။ လူတိုင်းသည် ဥပဒေ၏ တန်းတူ ကာကွယ် စောင့်ရှောက်မှုကို မည်သည့်ခွဲခြားဆက်ဆံမှုမျှ မရှိစေဘဲ ခံစားပိုင်ခွင့် ရှိသည်။


4. The rights of women, children, the elderly, persons with disabilities, migrant workers, and vulnerable and marginalised groups are an inalienable, integral and indivisible part of human rights and fundamental freedoms.

၄။ အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ မသန်မစွမ်းသူများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် အားနည်း၍အခွင့်အလမ်းနည်းပါးသောအုပ်စုများ၏ အခွင့်အရေးများသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ၏ မွေးရာပါဖြစ်ပြီး အချက်အခြာကျသည့် ပိုင်းခြား၍မရသော အစိတ်အပိုင်း ဖြစ်သည်။


5. Every person has the right to an effective and enforceable remedy, to be determined by a court or other competent authorities, for acts violating the rights granted to that person by the constitution or by law.

၅။ လူတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ဥပဒေအရ ၎င်းအားခံစား ခွင့်ပြုထားသည့် အခွင့်အရေးများကို ချိုးဖောက်ခံရခြင်းများအတွက် တရားရုံးမှသော်လည်းကောင်း၊ စီရင်ပိုင်ခွင့်ရှိသည့် အာဏာပိုင်များမှသော်လည်းကောင်း ထိရောက်၍ အာဏာသက်ရောက်နိုင်စွမ်းရှိသည့် ကုစားမှုကို ရပိုင်ခွင့်ရှိစေရမည်။


6. The enjoyment of human rights and fundamental freedoms must be balanced with the performance of corresponding duties as every person has responsibilities to all other individuals, the community and the society where one lives. It is ultimately the primary responsibility of all ASEAN Member States to promote and protect all human rights and fundamental freedoms.

၆။ လူတိုင်းသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုကိုခံစားရာတွင် အခြားပုဂ္ဂိုလ်များ၊ အသိုက်အဝန်း၊ မိမိနေထိုင်သည့် လူမှုအဖွဲ့အစည်း အပေါ်ထားရှိရမည့် တာဝန်ဝတ္တရားများနှင့် ဟန်ချက်ညီစေရမည်။ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အန္တိမတာဝန်ဖြစ်သည်။


7. All human rights are universal, indivisible, interdependent and interrelated. All human rights and fundamental freedoms in this Declaration must be treated in a fair and equal manner, on the same footing and with the same emphasis. At the same time, the realisation of human rights must be considered in the regional and national context bearing in mind different political, economic, legal, social, cultural, historical and religious backgrounds.

၇။ လူ့အခွင့်အရေးအားလုံးသည် လောကအားလုံးနှင့်သက်ဆိုင်ပြီး ပိုင်းခြား၍မရဘဲ အပြန်အလှန် အမှီသဟဲပြု၍ အပြန်အလှန် ဆက်နွယ်လျက်ရှိသည်။ ဤကြေငြာစာတမ်း၌ ပါဝင်သော လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုအားလုံးအား တူညီသော ရပ်တည်ချက်နှင့် တူညီသော အလေးအနက်ပြုမှုအပေါ်အခြေခံ၍ ညီညွတ်မျှတစွာ ပြုမူဆက်ဆံရမည်။ တချိန်တည်းမှာပင် လူ့အခွင့်အရေးကို ရရှိခံစားရာတွင် ကွဲပြားခြားနားသော နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းနှင့် ဘာသာရေးနောက်ခံတို့ရှိသည့်အတွက် ဒေသဆိုင်ရာနှင့် သက်ဆိုင်ရာနိုင်ငံ၏ ရှုထောင့်မှ ထည့်သွင်း စဉ်းစားရမည်။


8. The human rights and fundamental freedoms of every person shall be exercised with due regard to the human rights and fundamental freedoms of others. The exercise of human rights and fundamental freedoms shall be subject only to such limitations as are determined by law solely for the purpose of securing due recognition for the human rights and fundamental freedoms of others, and to meet the just requirements of national security, public order, public health, public safety, public morality, as well as the general welfare of the peoples in a democratic society.

၈။ လူတိုင်း၏ လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့ကို ကျင့်သုံးရာတွင် အခြားသူများ၏ လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်တို့ကိုလည်း လေးစားရမည်။ တရားမျှတသော အမျိုးသားလုံခြုံရေးဆိုင်ရာ လိုအပ်ချက်များ၊ အများပြည်သူအေးချမ်းသာယာရေး၊ ပြည်သူ့ကျန်းမာရေး၊ အများပြည်သူဘေးအန္တရာယ်ကင်းရှင်းရေး၊ ပြည်သူ့ကျင့်ဝတ်နှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်းရှိ ပြည်သူများ၏ အထွေထွေလိုအပ်ချက်များကို ပြည့်မီစေရန် လိုအပ်သည့် ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်မှအပ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ကျင့်သုံးခွင့်ရှိသည်။


9. In the realisation of the human rights and freedoms contained in this Declaration, the principles of impartiality, objectivity, non-selectivity, non-discrimination, nonconfrontation and avoidance of double standards and politicisation, should always be upheld. The process of such realisation shall take into account peoples’ participation, inclusivity and the need for accountability.

၉။ ဤကြေညာစာတမ်းတွင်ပါဝင်သည့် လူအခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို ခံစားရာတွင် ဘက်မလိုက်ခြင်း၊ ဓမ္မဓိဌာန်ကျခြင်း၊ သီးခြားဝိသေသပြုမှုမရှိခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ထိပ်တိုက်ရင်ဆိုင်မှုမရှိခြင်း၊ စံ နှစ်မျိုးထားရှိမှုနှင့် နိုင်ငံရေးအသုံးချမှုတို့မှ ရှောင်ကြဉ်ခြင်းစသည့် အခြေခံမူများကို အစဉ်တစိုက် လိုက်နာထိန်းသိမ်းသင့်သည်။ ယင်းခံစားသည့်ဖြစ်စဉ်တွင် ပြည်သူလူထု၏ ပါဝင်မှု၊ ပါဝင်သင့်သူများအားလုံး၏ပါဝင်မှုနှင့် တာဝန်ခံရန်လိုအပ်မှုတို့ကို ထည့်သွင်းစဉ်းစားရမည်။


CIVIL AND POLITICAL RIGHTS
လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ

10. ASEAN Member States affirm all the civil and political rights in the Universal Declaration of Human Rights. Specifically, ASEAN Member States affirm the following rights and fundamental freedoms:

၁၀။ အာဆီယံအဖွဲ့ဝင်နိုင်ငံတို့သည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် လူမှုနှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများကို အတည်ပြုသည်။ အထူးအားဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတို့သည် အောက်ဖော်ပြပါ အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များကို အတည်ပြုသည်-


11. Every person has an inherent right to life which shall be protected by law. No person shall be deprived of life save in accordance with law.

၁၁။ လူတိုင်းတွင် မူလရှိရင်းစွဲဖြစ်သောအသက်ရှင်သန်ခွင့်ရှိပြီး ၎င်းကို ဥပဒေအရ အကာအကွယ်ပေးရမည်။ ဥပဒေကြောင်းမှလွဲ၍ မည်သူ၏အသက်ရှင်သန်ခွင့်ကိုမျှ ပိတ်ပင်ခြင်းမပြုရ။


12. Every person has the right to personal liberty and security. No person shall be subject to arbitrary arrest, search, detention, abduction or any other form of deprivation of liberty.

၁၂။ လူတိုင်းတွင် ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် လုံခြုံမှု ရခွင့်ရှိသည်။ မည်သူ့ကိုမျှ မတရားဖမ်းဆီးခြင်း၊ မတရားရှာဖွေခြင်း၊ မတရားချုပ်နှောင်ခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း သို့မဟုတ် လွတ်လပ်ခွင့်ကို ဆုံးရှုံးစေမည့် အခြားမည်သည့်နည်းလမ်းကိုမျှ လုပ်ဆောင်ခြင်း မပြုရ။


13. No person shall be held in servitude or slavery in any of its forms, or be subject to human smuggling or trafficking in persons, including for the purpose of trafficking in human organs.

၁၃။ မည်သူ့ကိုမျှ ပုံစံတစ်ရပ်ရပ်ဖြင့် အစေအပါး သို့မဟုတ် ကျေးကျွန်အဖြစ် ခိုင်းစေထားခြင်း သို့မဟုတ် လူ့ကိုယ်တွင်းအင်္ဂါများ မှောင်ခိုရောင်းချရန် အပါအဝင် လူမှောင်ခိုကူးခြင်း သို့မဟုတ် လူကုန်ကူးခြင်း မပြုရ။


14. No person shall be subject to torture or to cruel, inhuman or degrading treatment or punishment.

၁၄။ မည်သူ့ကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော၊ လူ့သိက္ခာညှိုးနွမ်းစေသော ပြုမူဆက်ဆံခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်း မပြုရ။


15. Every person has the right to freedom of movement and residence within the borders of each State. Every person has the right to leave any country including his or her own, and to return to his or her country.

၁၅။ လူတိုင်းတွင် နိုင်ငံ၏ နယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာရွှေ့ပြောင်းခွင့်နှင့် နေထိုင်ခွင့်ရှိသည်။ လူတိုင်းတွင် မိမိ၏နိုင်ငံအပါအဝင် မည့်သည့်နိုင်ငံမှမဆို ထွက်ခွာပိုင်ခွင့်နှင့် မိမိ၏ နိုင်ငံသို့ ပြန်လာပိုင်ခွင့်ရှိသည်။


16. Every person has the right to seek and receive asylum in another State in accordance with the laws of such State and applicable international agreements.

၁၆။ လူတိုင်းသည် အခြားနိုင်ငံများ၌ ခိုလှုံခွင့်ကို ယင်းနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ တောင်းခံခွင့်နှင့် ရရှိခံစားခွင့်ရှိသည်။


17. Every person has the right to own, use, dispose of and give that person’s lawfully acquired possessions alone or in association with others. No person shall be arbitrarily deprived of such property.

၁၇။ လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း၊ အခြားသူများနှင့် စုပေါင်း၍ သော်လည်းကောင်း ဥပဒေနှင့်အညီ ရရှိထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့်၊ ရောင်းချခွင့်နှင့် ပေးကမ်းခွင့် ရှိသည်။ မည်သူမျှ မိမိပိုင်ပစ္စည်းဥစ္စာကို မတရားသိမ်းယူခြင်းမျိုး မခံထိုက်စေရ။


18. Every person has the right to a nationality as prescribed by law. No person shall be arbitrarily deprived of such nationality nor denied the right to change that nationality.

၁၈။ လူတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့် ရှိသည်။ မိမိ၏နိုင်ငံသားဖြစ်မှုကို မည်သူမျှ မတရားရုပ်သိမ်းခြင်း မခံရစေရ။ မိမိ၏ ထိုနိုင်ငံသား ဖြစ်မှုကို ပြောင်းလဲနိုင်သည့် အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်း မခံရစေရ။


19. The family as the natural and fundamental unit of society is entitled to protection by society and each ASEAN Member State. Men and women of full age have the right to marry on the basis of their free and full consent, to found a family and to dissolve a marriage, as prescribed by law.

၁၉။ မိသားစုသည် လူ့အဖွဲ့Aစည်း၏ သဘာဝကျသော အခြေခံအစုအဖွဲ့ဖြစ်ပြီး လူ့အဖွဲ့အစည်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်း၏ ကာကွယ်စောင့်ရှောက်မှုကို ခံစားပိုင်ခွင့်ရှိသည်။ အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့သည် ၎င်းတို့၏ လွတ်လပ်သောသဘောဆန္ဒ အပြည့်အဝကို အခြေခံ၍ လက်ထပ်ထိမ်းမြားပိုင်ခွင့်ရှိပြီး၊ မိသားစုထူထောင်ပိုင်ခွင့်နှင့် ကွာရှင်းပြတ်စဲခြင်းကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်ခွင့်ရှိသည်။


20. (1) Every person charged with a criminal offence shall be presumed innocent until proved guilty according to law in a fair and public trial, by a competent, independent and impartial tribunal, at which the accused is guaranteed the right to defence.

၂၀။ (၁) ပြစ်မှုတစ်ရပ်ဖြင့် တရားစွဲဆိုခံရသူတိုင်းသည် မျှတ၍ အများပြည်သူရှေ.မှောက်တွင် စီရင်သော၊ အရည်အချင်းပြည့်ဝပြီး လွတ်လပ်၍ဘက်မလိုက်သော၊ မိမိကိုယ်ကို ခုခံပိုင်ခွင့်အား အာမခံချက်ရှိသော တရားရုံးက ဥပဒေနှင့်အညီ ကြားနာစစ်ဆေးပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစီရင်မှု မခံရမချင်း အပြစ်မဲ့သူဟု မှတ်ယူခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။

(2) No person shall be held guilty of any criminal offence on account of any act or omission which did not constitute a criminal offence, under national or international law, at the time when it was committed and no person shall suffer greater punishment for an offence than was prescribed by law at the time it was committed.
(၂) ပြစ်မှုကျူးလွန်သည့်အချိန်တွင် ပြည်တွင်းဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ အရဖြစ်စေ၊ လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်သည် ပြစ်မှုမမြောက်ပါက ထိုလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအတွက် မည်သူမျှ အပြစ်မရှိစေရ။ ပြစ်မှုကျူးလွန်သည့် အချိန်ကာလတွင်ဥပဒေအရ ပြဋ္ဌာန်းထားသော ထိုက်သင့်သောပြစ်ဒဏ်ထက် ပိုမိုကြီးလေးသည့် ပြစ်ဒဏ်ကို ကျခံစေခြင်းမရှိစေရ။
(3) No person shall be liable to be tried or punished again for an offence for which he or she has already been finally convicted or acquitted in accordance with the law and

penal procedure of each ASEAN Member State.

(၃) လူတိုင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုချင်း၏ ဥပဒေနှင့် ပြစ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ မိမိအားစွဲဆိုသော ပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ပြီး သို့မဟုတ် တရားသေလွှတ်ပြီးနောက် ၎င်းအား ထိုပြစ်မှုအတွက် ထပ်မံတရားစစ်ဆေးစီရင်ခြင်း သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း မခံရစေရ။


21. Every person has the right to be free from arbitrary interference with his or her privacy, family, home or correspondence including personal data, or to attacks upon that person’s honour and reputation. Every person has the right to the protection of the law against such interference or attacks.


၂၁။ လူတိုင်းတွင် မိမိ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်၊ မိသားစု၊ နေအိမ် သို့မဟုတ် ကိုယ်ရေးအချက်အလက်အပါအဝင် စာပေးစာယူကိစ္စရပ်များတွင် မတရားဝင်ရောက်စွက်ဖက်ခြင်း ကိုလည်းကောင်း၊ မိမိ၏ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုအား ပုတ်ခတ်ခြင်းကိုလည်းကောင်း မခံရစေရ။ လူတိုင်းသည် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် ပုတ်ခတ်ခြင်းတို့မှ ဥပဒေအရ အကာအကွယ်ရပိုင်ခွင့်ရှိသည်။


22. Every person has the right to freedom of thought, conscience and religion. All forms of intolerance, discrimination and incitement of hatred based on religion and beliefs shall be eliminated.


၂၂။ လူတိုင်းတွင်လွတ်လပ်စွာ တွေးခေါ်ခွင့်၊ အမှားအမှန် ဝေဖန်ပိုင်းခြားခွင့်နှင့် ကိုးကွယ်ခွင့် ရှိသည်။ သည်းခံမှုမရှိခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ ကိုးကွယ်သည့်ဘာသာနှင့် ယုံကြည်မှုပေါ် အခြေခံပြီး မုန်းတီးစေရန် လှုံ့ဆော်ပေးခြင်းများကို ဖယ်ရှားရမည်။


23. Every person has the right to freedom of opinion and expression, including freedom to hold opinions without interference and to seek, receive and impart information, whether orally, in writing or through any other medium of that person’s choice.

၂၃။ လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများတွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာစွဲကိုင်ခွင့်အပြင်၊ သတင်းအချက်အလက်နှင့် အတွေးအခေါ်အယူအဆများကို နှုတ်ဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ သို့မဟုတ် အခြားကြိုက်နှစ်သက်ရာ သတင်းမီဒီယာ တစ်ရပ်ရပ်မှတဆင့် ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နှင့် ဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။


24. Every person has the right to freedom of peaceful assembly.

၂၄။ လူတိုင်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရှိသည်။


25. (1) Every person who is a citizen of his or her country has the right to participate in the government of his or her country, either directly or indirectly through democratically elected representatives, in accordance with national law.

၂၅။ (၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရအဖွဲ့အစည်း၌ တိုက်ရိုက်ဖြစ်စေ သို့မဟုတ် ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ မိမိနိုင်ငံ၏ ဥပဒေနှင့်အညီ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

(2) Every citizen has the right to vote in periodic and genuine elections, which should be by universal and equal suffrage and by secret ballot, guaranteeing the free expression of the will of the electors, in accordance with national law.
(၂) နိုင်ငံသားတိုင်းသည် အချိန်ကာလအပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများတွင် ပြည်တွင်းဥပဒေနှင့်အညီ ဆန္ဒမဲပေးနိုင်ခွင့်ရှိသည်။ ယင်းရွေးကောက်ပွဲများတွင် ရွေးကောက်တင်မြှောက်သူတို့၏ ဆန္ဒသဘောထားကို လွတ်လပ်စွာဖော်ထုတ်ခွင့်ကို အာမခံချက်ပေးသည့် လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲပေးခွင့်နှင့် လျှို့ဝှက်မဲပေးခွင့်ရှိရမည်။


ECONOMIC, SOCIAL AND CULTURAL RIGHTS
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ

26. ASEAN Member States affirm all the economic, social and cultural rights in the Universal Declaration of Human Rights. Specifically, ASEAN Member States affirm the following:

၂၆။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတို့သည် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးအားလုံးကို အတည်ပြုသည်။ အထူးအားဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံတို့သည် အောက်ပါအချက်များကို အတည်ပြုသည်-


27. (1) Every person has the right to work, to the free choice of employment, to enjoy just, decent and favourable conditions of work and to have access to assistance schemes for the unemployed. Art 23(1)

၂၇။ (က) လူတိုင်းတွင် အလုပ်လုပ်ပိုင်ခွင့်၊ နှစ်သက်ရာ အလုပ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ တရားမျှတ၍ ကောင်းမွန် အဆင်ပြေမှုရှိသော လုပ်ငန်းခွင်အခြေအနေများကို ရပိုင်ခွင့်ရှိပြီး အလုပ်လက်မဲ့များအတွက် အထောက်အကူပြုသည့် အစီအစဉ်များကို ရယူခံစားပိုင်ခွင့်ရှိသည်။

(2) Every person has the right to form trade unions and join the trade union of his or her choice for the protection of his or her interests, in accordance with national laws and regulations. Art 23(4)
(၂) လူတိုင်းသည် မိမိ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ရှိပြီး မိမိရွေးချယ်သော သမဂ္ဂတွင် နိုင်ငံဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပါဝင်ခွင့်ရှိသည်။
(3) No child or any young person shall be subjected to economic and social exploitation. Those who employ children and young people in work harmful to their morals or health, dangerous to life, or likely to hamper their normal development, including their education should be punished by law. ASEAN Member States should also set age limits below which the paid employment of child labour should be prohibited and punished by law.
(၃) မည်သည့် ကလေးသူငယ် သို့မဟုတ် လူငယ်ကိုမျှ စီးပွားရေးနှင့် လူမှုရေးအရ ခေါင်းပုံဖြတ်မှု မခံရစေရ။ ထိုကလေးသူငယ်များနှင့် လူငယ်များအား ၎င်းတို့၏ စာရိတ္တနှင့် ကျန်းမာရေးကို ထိခိုက်စေသော၊ အသက်အန္တရာယ် ဖြစ်စေသော သို့မဟုတ် ၎င်းတို့၏ ပညာရေးအပါအဝင် ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သည့် လုပ်ငန်းများတွင် ခိုင်းစေသူကို ဥပဒေအရ ပြစ်ဒဏ်ပေးသင့်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အသက်ကန့်သတ်ချက်ထားရှိပြီး ယင်းအသက်အောက် ကလေးသူငယ်များအား အခကြေးငွေပေးခိုင်းစေခြင်းအား ဥပဒေအရ တားမြစ်ပြီး ပြစ်ဒဏ်ပေးသင့်သည်။


28. Every person has the right to an adequate standard of living for himself or herself and his or her family including:

a. The right to adequate and affordable food, freedom from hunger and access to safe and nutritious food;
b. The right to clothing;
c. The right to adequate and affordable housing;
d. The right to medical care and necessary social services;
e. The right to safe drinking water and sanitation;
f. The right to a safe, clean and sustainable environment.

၂၈။ လူတိုင်းသည် မိမိနှင့် မိမိ၏ မိသားစုအတွက် လုံလောက်သည့် လူနေမှုအဆင့်အတန်းရှိပြီး -

(က) တတ်နိုင်သောနှုန်းထားဖြင့် အစားအစာကို လုံလောက်စွာရရှိခွင့်၊ ငတ်မွတ်ခေါင်းပါးခြင်းမှ ကင်းဝေးလျှက် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရဖြစ်စေသည့် အစားအစာများ ရရှိပိုင်ခွင့်၊
(ခ) အဝတ်အထည် ရရှိဝတ်ဆင်ခွင့်၊
(ဂ) သင့်တင့်လျောက်ပတ်ပြီး တတ်နိုင်သော နှုန်းထားဖြင့် အိမ်ယာများပိုင်ဆိုင်ခွင့်၊
(ဃ) ကျန်းမာရေးစောင့်ရှောက်ခွင့်နှင့်လိုအပ်သည့် လူမှုရေးဆိုင်ရာ အကူအညီရပိုင်ခွင့်၊
(င) ဘေးအန္တရာယ်ကင်းရှင်းသော သောက်သုံးရေနှင့် သန့်ရှင်းရေးစနစ်ရပိုင်ခွင့်၊
(စ) သပ်ရပ်သန့်ရှင်းပြီး လုံခြုံစိတ်ချရသော ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင်ကို ရရှိပိုင်ခွင့်၊


29. (1) Every person has the right to the enjoyment of the highest attainable standard of physical, mental and reproductive health, to basic and affordable health-care services, and to have access to medical facilities.

၂၉။ (၁) လူတိုင်းသည် ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် မျိုးဆက်ပွားကျန်းမာရေးတို့တွင် အဖြစ်နိုင်ဆုံးနှင့် အမြင့်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိခံစားနိုင်ခွင့်ရှိရမည့်အပြင် အခြေခံနှင့် တတ်နိုင်သောနှုန်းထားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဝန်ဆောင်မှုများနှင့် လက်လှမ်းမီသည့် ဆေးကုသခြင်းဆိုင်ရာ အထောက်အကူများကို ရရှိခံစားခွင့် ရှိရမည်။

(2) The ASEAN Member States shall create a positive environment in overcoming stigma, silence, denial and discrimination in the prevention, treatment, care and support of people suffering from communicable diseases, including HIV/AIDS.
(၂) အာဆီယံအဖွဲ့ဝင် နိုင်ငံများသည် ခုခံအားကျဆင်းသည့်ရောဂါ (အိတ်ချ်အိုင်ဗွီ အေအိုင်ဒီအက်စ်)များ အပါအဝင် ကူးစက်နိုင်သောရောဂါ ခံစားနေရသူများအား ကာကွယ်ပေးခြင်း၊ ကုသပေးခြင်း၊ စောင့်ရှောက်ပေးခြင်းနှင့် အထောက်အကူပြုခြင်းတို့ကို ဆောင်ရွက်ရာ၌ ဆိုးရွားသည့် အစွဲအလမ်း၊ ဆိတ်ဆိတ်နေခြင်း၊ ငြင်းပယ်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို ကျော်လွှားနိုင်ရန် အတွက် ကောင်းမွန်သင့်လျော်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည်။


30. (1) Every person shall have the right to social security, including social insurance where available, which assists him or her to secure the means for a dignified and decent existence.

၃၀။ (၁) လူတိုင်းသည် ကျား၊ မ မရွေး မိမိတို့ ဘဝကို သိက္ခာရှိပြီး ကောင်းမွန်သော ရပ်တည်မှုအတွက် အထောက်အကူဖြစ်စေသော ရရှိနိုင်မည့် လူမှုရေးအာမခံ အပါအဝင် လူမှုဖူလုံရေး ခံစားခွင့်ရှိရမည်။

(2) Special protection should be accorded to mothers during a reasonable period as determined by national laws and regulations before and after childbirth. During such period, working mothers should be accorded paid leave or leave with adequate social security benefits.
(၂) မိခင်များအား မီးမဖွားမီနှင့် မီးဖွားပြီးနောက် ပြည်တွင်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်နှင့်အညီ သင့်လျော်သည့်ကာလအတွက် အထူးကာကွယ်စောင့်ရှောက်မှု ပေးသင့်သည်။ ယင်းကာလအတွင်း အလုပ်လုပ်သော မိခင်များအား လစာဖြင့်ခွင့် သို့မဟုတ် လုံလောက်သော လူမှုဖူလုံရေးခံစားခွင့်များဖြင့် ခွင့်ပေးသင့်သည်။
(3) Motherhood and childhood are entitled to special care and assistance. Every child, whether born in or out of wedlock, shall enjoy the same social protection.
(၃) မိခင်ဘဝနှင့် ကလေးသူငယ်ဘဝတို့တွင် အထူးစောင့်ရှောက်မှုနှင့် ကူညီမှုကိုရပိုင်ခွင့် ရှိသည်။ ကလေးတိုင်းသည် တရားဝင်လက်ထပ်၍မွေးဖွားသည်ဖြစ်စေ၊ တရားဝင်လက်မထပ်ဘဲ မွေးဖွားသည်ဖြစ်စေ တူညီသော လူမှုကာကွယ်စောင့်ရှောက်မှုကို ခံစားခွင့်ရှိသည်။


31. (1) Every person has the right to education.

၃၁။ (၁) လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်။

(2) Primary education shall be compulsory and made available free to all. Secondary education in its different forms shall be available and accessible to all through every appropriate means. Technical and vocational education shall be made generally available. Higher education shall be equally accessible to all on the basis of merit.
(၂) မူလတန်းပညာရေးသည် လူတိုင်းအတွက် မသင်မနေရနှင့် အခမဲ့ဖြစ်စေရမည်။ ပုံစံအမျိုးမျိုးဖြင့်ရှိသည့် ဒုတိယအဆင့်ပညာရေးကိုလည်း လူတိုင်းအတွက် သင့်လျော်သည့် နည်းလမ်းများဖြင့်တက်ရောက်သင်ယူနိုင်ရမည်။ ယေဘုယျအားဖြင့် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးကို သင်ယူခွင့်ရှိစေရမည်။ အဆင့်မြင့်ပညာရေးသင်ယူခွင့်ကို အရည်အချင်းပေါ် အခြေခံ၍ အားလုံးအတွက် တန်းတူရည်တူ ရရှိစေရမည်။
(3) Education shall be directed to the full development of the human personality and the sense of his or her dignity. Education shall strengthen the respect for human rights and fundamental freedoms in ASEAN Member States. Furthermore, education shall enable all persons to participate effectively in their respective societies, promote understanding, tolerance and friendship among all nations, racial and religious groups, and enhance the activities of ASEAN for the maintenance of peace.
(၃) ပညာရေးကို လူသားတို့၏ ကိုယ်ရည်ကိုယ်သွေးအပြည့်အဝ ဖွံ့ ဖြိုးစေရန်နှင့် ၎င်းတို့၏ ဂုဏ်သိက္ခာကို အလေးထားတတ်စေရန် ဦးတည်သင်ကြားစေရမည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ပညာရေးသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ လေးစားလိုက်နာမှုကို ခိုင်မာတောင့်တင်းစေရမည်။ ထို့အပြင် ပညာရေးသည် လူအားလုံးအတွက် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းများအတွင်း ထိရောက်စွာပါဝင်စေမှု၊ နိုင်ငံများ၊ လူမျိုးစုနှင့် ဘာသာရေးအုပ်စုများအကြား နားလည်မှု၊ သည်းခံမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို မြှင့်တင်ပေးပြီး၊ အာဆီယံ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုအတွက် လုပ်ဆောင်ချက်များကို ပိုမို မြှင့်တင်နိုင်ရမည်။


32. Every person has the right, individually or in association with others, to freely take part in cultural life, to enjoy the arts and the benefits of scientific progress and its applications and to benefit from the protection of the moral and material interests resulting from any scientific, literary or appropriate artistic production of which one is the author.

၃၂။ လူတိုင်းသည် တစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း အခြားသူများနှင့် စုပေါင်း၍သော်လည်းကောင်း ယဉ်ကျေးမှုဘဝတွင် လွတ်လပ်စွာပါဝင်ခွင့်၊ သုခုမနှင့် သိပ္ပံပညာဆိုင်ရာ တိုးတက်မှုနှင့် အသုံးချမှုတို့၏ အကျိုးကျေးဇူးများကို ခံစားခွင့်နှင့် ဖန်တီးသူက မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်ဖန်တီး ထုတ်လုပ်သော သိပ္ပံပညာမှ ဖြစ်စေ၊ စာပေမှဖြစ်စေ၊ အနုပညာမှဖြစ်စေ ဖြစ်ထွန်းလာသည့် စိတ်နှင့်ရုပ်ဝတ္ထုဆိုင်ရာကာကွယ်မှုမှ အကျိုးကျေးဇူးများကို ရရှိခံစားပိုင်ခွင့် ရှိသည်။


33. ASEAN Member States should take steps, individually and through regional and international assistance and cooperation, especially economic and technical, to the maximum of its available resources, with a view to achieving progressively the full realisation of economic, social and cultural rights recognised in this Declaration.

၃၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဤကြေညာစာတမ်းတွင် အသိအမှတ်ပြုထားသည့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေးများကို အဆင့်ဆင့် တိုးတက်မှုများ ရရှိခြင်းဖြင့် အပြည့်အဝ ခံစားနိုင်ရန် ရည်သန်၍ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ ဒေသတွင်း နှင့် နိုင်ငံတကာ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အထူးသဖြင့် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် ရနိုင်သမျှ အရင်းအမြစ်များကို အစွမ်းကုန် အသုံးချ၍ ကြိုးပမ်းသင့်သည်။


34. ASEAN Member States may determine the extent to which they would guarantee the economic and social rights found in this Declaration to non-nationals, with due regard to human rights and the organisation and resources of their respective national economies.

၃၄။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဤကြေညာစာတမ်းပါ စီးပွားရေးနှင့် လူမူရေးဆိုင်ရာ အခွင့်အရေးများကို နိုင်ငံသား မဟုတ်သူများအတွက် မည်သည့်အတိုင်းအတာအထိ အာမခံချက် ပေးမည်ကို သတ်မှတ်နိုင်သည်။ ယင်းအတိုင်းအတာကို သတ်မှတ်ရာတွင် လူ့အခွင့်အရေးကိုလည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ဖွဲ့စည်းမှုနှင့် အရင်းအမြစ်ကိုလည်းကောင်း ထည့်သွင်း စဉ်းစားရမည်။


RIGHT TO DEVELOPMENT
ဖွံ့ဖြိုးတိုးတက်ခွင့်

35. The right to development is an inalienable human right by virtue of which every human person and the peoples of ASEAN are entitled to participate in, contribute to, enjoy and benefit equitably and sustainably from economic, social, cultural and political development. The right to development should be fulfilled so as to meet equitably the developmental and environmental needs of present and future generations. While development facilitates and is necessary for the enjoyment of all human rights, the lack of development may not be invoked to justify the violations of internationally recognised human rights.

၃၅။ ဖွံ့ဖြိုးတိုးတက်ခွင့်သည် လူတိုင်းအတွက် မွေးရာပါ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး အာဆီယံ ပြည်သူတိုင်းသည် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုများတွင် ပါဝင်ခွင့်၊ ပံ့ပိုးခွင့်၊ ခံစားခွင့်ကို မျှတစွာ၊ ရေရှည်တည်တံ့စွာဖြင့် အကျိုးခံစားခွင့်ရှိသည်။ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များအတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ လိုအပ်ချက်များကို မျှတစွာ ပြည့်မီရန်အတွက် ဖွံ့ဖြိုးတိုးတက်ခွင့်ကို ဖြည့်ဆည်းပေးရမည်။ ဖွံ့ဖြိုးတိုးတက်မှုသည် လူ့အခွင့်အရေးခံစားမှုအတွက် လိုအပ်၍ အထောက်အကူပြုစေကာမူ ဖွံ့ဖြိုးမှုမရှိမှုကို အကြောင်းပြု၍ နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်း မပြုရ။


36. ASEAN Member States should adopt meaningful people-oriented and gender responsive development programmes aimed at poverty alleviation, the creation of conditions including the protection and sustainability of the environment for the peoples of ASEAN to enjoy all human rights recognised in this Declaration on an equitable basis, and the progressive narrowing of the development gap within ASEAN.

၃၆။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဤကြေညာစာတမ်းတွင် အသိအမှတ်ပြုထားသည့် လူ့အခွင့်အရေးများအားလုံးကို အာဆီယံပြည်သူများ သာတူညီမျှ ခံစားရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချခြင်း၊ ပြည်သူများ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့မှု အပါအဝင် အခြေအနေများကို ဖန်တီးခြင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို အဆင့်ဆင့် လျှော့ချနိုင်ရန် ရည်ရွယ်သည့် ပြည်သူဗဟိုပြုသော အမျိုးသား၊ အမျိုးသမီးများ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် အဓိပ္ပါယ်ပြည့်ဝသော ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များကို ချမှတ်သင့်သည်။


37. ASEAN Member States recognise that the implementation of the right to development requires effective development policies at the national level as well as equitable economic relations, international cooperation and a favourable international economic environment. ASEAN Member States should mainstream the multidimensional aspects of the right to development into the relevant areas of ASEAN community building and beyond, and shall work with the international community to promote equitable and sustainable development, fair trade practices and effective international cooperation.

၃၇။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်ခွင့်ရရှိရန် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အမျိုးသားအဆင့် ထိရောက်သော ဖွံ့ဖြိုးတိုးတက်မှု မူဝါဒများနှင့်တကွ သာတူညီမျှ စီးပွားရေး ဆက်ဆံရေးများ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကောင်းမွန်သော အပြည်ပြည်ဆိုင်ရာ စီးပွားရေးပတ်ဝန်းကျင်များ လိုအပ်ကြောင်း အသိအမှတ်ပြုသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံအသိုက်အဝန်းထူထောင်မှုနှင့် ထူထောင်ပြီးကာလနှင့်သက်ဆိုင်သော နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်ခွင့်၏ ရှုထောင့်ပေါင်းစုံကို အဓိကကဏ္ဍတွင် ထည့်သွင်းသင့်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မျှတ၍ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု၊ သမမျှတသည့် ကုန်သွယ်မှုနည်းလမ်းများ၊ ထိရောက်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်ရမည်။


RIGHT TO PEACE
ငြိမ်းချမ်းခွင့်

38. Every person and the peoples of ASEAN have the right to enjoy peace within an ASEAN framework of security and stability, neutrality and freedom, such that the rights set forth in this Declaration can be fully realised. To this end, ASEAN Member States should continue to enhance friendship and cooperation in the furtherance of peace, harmony and stability in the region.

၃၈။ လူတိုင်းနှင့် အာဆီယံပြည်သူများသည် လုံခြုံရေးနှင့် တည်ငြိမ်ရေး၊ ကြားနေရေးနှင့်လွတ်လပ်ရေးဆိုင်ရာ အာဆီယံမူဘောင်အတွင်းမှ ငြိမ်းချမ်းမှုကို ခံစားခွင့်ရှိသည်။ ဤခံစားခွင့်များကိုရရှိခြင်းဖြင့် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများကို အပြည့်အ၀ ခံစားနိုင်မည်ဖြစ်သည်။ ယင်းသို့ ခံစားနိုင်စေရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒေသတွင်းငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုနှင့် တည်ငြိမ်မှုကို တိုးတက်စေရန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် မြှင့်တင် ဆောင်ရွက်သင့်သည်။


COOPERATION IN THE PROMOTION AND PROTECTION OF HUMAN RIGHTS
လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်း

39. ASEAN Member States share a common interest in and commitment to the promotion and protection of human rights and fundamental freedoms which shall be achieved through, inter alia, cooperation with one another as well as with relevant national, regional and international institutions / organisations, in accordance with the ASEAN Charter.

၃၉။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ဘုံအကျိုးစီးပွားနှင့် သန္နိဌာန်ချထားမှုများရှိကြသည်။ ယင်းတို့ကို အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံအချင်းချင်းဖြစ်စေ၊ သက်ဆိုင်ရာ နိုင်ငံနှင့်ဖြစ်စေ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့်ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်း ရရှိအောင်မြင်နိုင်သည်။


40. Nothing in this Declaration may be interpreted as implying for any State, group or person any right to perform any act aimed at undermining the purposes and principles of ASEAN, or at the destruction of any of the rights and fundamental freedoms set forth in this Declaration and international human rights instruments to which ASEAN Member States are parties.

၄၀။ ဤကြေညာစာတမ်းပါ မည်သည့်အချက်ကိုမျှ အာဆီယံ၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို ထိခိုက်စေရန်ဖြစ်စေ၊ ဤကြေညာစာတမ်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်စာတမ်းများတွင်ပါဝင်သည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် တစ်ရပ်ရပ်ကို ဖျက်ဆီးခြင်းကိုဖြစ်စေ ရည်ရွယ်ထားသည့် အပြုအမူတစ်ရပ်ရပ်ကို မည်သည့်နိုင်ငံ၊ အုပ်စုနှင့် ပုဂ္ဂိုလ်ကမျှ ဆောင်ရွက်ရန် အခွင့်အရေးရှိသည့် သဘော သက်ရောက်သည်ဟု အဓိပ္ပာယ်ကောက်ယူခွင့် မရှိစေရ။


ဤအာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ(၁၈) ရက်နေ့၌ အတည်ပြုချမှတ်သည်။