Jump to content

အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာ

From Wikisource

၉-ပါပဝဂ်

၅-အသညတပရိက္ခာရဘိက္ခုဝတ္ထုပါဠိဂါထာ

၂၈၂။ မာဝ မညေထ ပါပဿ, န မန္ဒံ အာဂမိဿတိ၊
ဥဒဗိန္ဒုနိပါတေန, ဥဒကုမ္ဘောပိ ပူရတိ၊
ဗာလော ပူရတိ ပါပဿ, ထောကံ ထောကမ္ပိ အာစိနံ။

မန္ဒံ၊ အနည်းငယ်သော မကောင်းမှုသည်။ [အပ္ပတ္ထဝါစကအနိပ္ဖန္နပါဋိပဒိကပုဒ်။ (တစ်နည်း) “မန္ဒတိ အပ္ပဘာဝေန ဂစ္ဆတိ ပဝတ္တတီတိ မန္ဒံ”ဟုပြု။ နီတိဓာတု-၉၂။] န အာဂမိဿတိ၊ အကျိုး၏ အစွမ်းဖြင့် ရောက်လာလိမ့်မည်မဟုတ်။ ဝါ၊ အကျိုးပေးလိမ့်မည်မဟုတ်။ (ဣတိ၊ သို့။) ပါပဿ၊ မကောင်းမှုကို။ မာ အဝမညေထ၊ အောက် ချ၍ မမှတ်ထင်ရာ။ ဝါ၊ အထင်မသေးရာ။ ဥဒဗိန္ဒုနိပါတေန၊ တစ်ပေါက်တစ်ပေါက်သော မိုးရေမိုးပေါက်၏ ကျခြင်းကြောင့်။ ဥဒကုမ္ဘောပိ၊ ရေအိုးသည်သော်လည်း။ ပူရတိ (ယထာ)၊ ပြည့် သကဲ့သို့။ (ဧဝံ၊ တူ။) ဗာလော၊ လူမိုက်သည်။ ထောကံ ထောကမ္ပိ၊ အနည်းငယ် အနည်းငယ်သော မကောင်းမှုကိုသော်လည်း။ ဝါ၊ အနည်းငယ်မျှ အနည်းငယ်မျှလည်း။ အာစိနံ (အာစိနန္တော)၊ ဆည်း ပူးလသော်။ ပါပဿ၊ မကောင်းမှုဖြင့်။ ပူရတိ၊ ပြည့်၏။ [မောဂ်-၂-၃၉သုတ်၌ “ပါပဿ၊ ၏။ ပူရတိ၊ ၏”ဟု သာမီအနက်ပေး၏။] (ပါ-၁၂၁)

ဥဒကုမ္ဘော။ ။ ဥဒကဿ+ကုမ္ဘော ဥဒကုမ္ဘော၊ ကုမ္ဘာဒီသု ဝါ(မောဂ်- ၃, ၇၂)သုတ်, ရူ-၃၇၀အလို တေသုဝုဒ္ဓိသုတ်ဖြင့် ဥဒကကို ဥဒပြု၊ နီတိ၌ ဥဒကဿ ကွစိ ကလောပေါ စ(၂၅၇)သုတ်ဖြင့် ကကို ချေ၏။

တစ်နည်း။ ။ ရေဟောဥဒသဒ္ဒါသက်သက်ကို ပါဠိတော်မှာ မတွေ့ ဖူးကြောင်း, တွေ့ခဲ့လျှင် ကောင်းစွာနှလုံးသွင်းထိုက်ကြောင်းကို နီတိပဒ- ၃၁၃၊ သဒ္ဒသင်္ဂဟ-၄, ၃၀၃သုတ်တို့၌ ဆို၏၊ မောဂ်နိ၊၁၊၄၉၅၌ “အမက္ခိ- တော ဥဒေန(ဒီ၊၂၊၁၂)၊ ဥဒေနာတိ ဥဒကေန(ဒီ၊ဋ္ဌ၊၂၊၃၀)”ကို ထောက် ၍ ရေဟောဥဒသဒ္ဒါသက်သက် ရှိကြောင်းကို ဆို၏၊ ဓမ္မ-ဋီ-၁၆၇၌ “ဥဒတိ တိန္တိယတိ တေမေတီတိ ဥဒံ”ဟုပြု၍ ဥဒသည် ဥဒက၏ ပရိယာယ်ဟု ဆို၏၊ ထိုအလို ဥဒသဒ္ဒါဖြင့် “ဥဒဿ+ကုမ္ဘော ဥဒကုမ္ဘော”ဟု တစ်နည်း ပြုနိုင်သည်။

အသညတပရိက္ခာရဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။