အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

From Wikisource
Jump to navigation Jump to search
အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ  (2011) 
by သိန်းစိန်

အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ

(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁။)

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်

(၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)


ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ဤဥပဒေကို အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်။


၂။ (က) အမြတ်ခွန်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ခ) ဤဥပဒေသည် ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက်မှ စ၍ အာဏာတည်စေရမည်။


၃။ (က) ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွက်မှစ၍ အမြတ်ခွန် ဥပဒေအရ စည်းကြပ်ရန်ကိစ္စရပ်များကို ဝင်ငွေခွန် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် အခွန်ထမ်းက အမြတ်ခွန်ဥပဒေပုဒ်မ ၁၂ အရ ပေးသွင်းထားသော အခွန်ကို ခုနှိမ်ပေးရမည်။


၄။ ၂၀၁၁-၂၁၁၂ စည်းကြပ်နှစ်မတိုင်မီက အမြတ်ခွန်ဥပဒေအရ စည်းကြပ်ရန်ကိစ္စရပ်များနှင့် ဆောင်ရွက်ဆဲကိစ္စရပ်များကို အမြတ်ခွန်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။


၅။ အမြတ်ခွန်ဥပဒေပုဒ်မ ၁၉ အရ ခွင့်ပြုသည့်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များသည် ဝင်ငွေခွန်ဥပဒေအရ ခွင့်ပြုသည့် ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များအဖြစ် ဆက်လက်အကျိုးသက်ရောက် စေရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။


(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်