သူရဲကောင်းငါးကလေးများ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၂။ သူရဲကောင်းငါးကလေးများ
326591ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၂။ သူရဲကောင်းငါးကလေးများဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

သူရဲကောင်း ငါးကလေးများ

[edit]

ရေမြွေတစ်ကောင်သည် ငါးကလေးများကို ကြည့်ပြီး အလွန်စားချင်နေသည်။ ငါးကလေးများ ငါးဖမ်းသမား၏ မြုံးထဲ၌ မိနေစဉ် ရေမြွေက ဝင်လာသည်။

မြုံးထဲသို့ ဝင်လာသောရေမြွေကို ငါးကလေးများက ညီညီညွတ်ညွတ် ဝိုင်းကိုက်ကြသည်။

ငါးကလေးများ၏ စုပေါင်းအားကြောင့် ရေမြွေကြီးသည် အဝေးသို့ ထွက်ပြေးသွားရသည်။

ဒဏ်ရာများဖြင့် ထွက်ပြေးလာသော ရေမြွေကို မြင်၍ ဖားညိုကြီးက ရယ်မောလေသည်။

စည်းလုံးခြင်း

[edit]

ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်၊
ငါးလေးများအသွင်။
အကူအညီလိုရင် ညီညာမနှေး၊
ဝိုင်းဝန်းကူညီပေး။
ဖေးဖေးမမ ညီအစ်ကို၊
မောင်နှမတွေလို။
ကြိုဆိုကာ လက်ချင်းဆက်၊
စည်းလုံးခြင်းအတွက်။ ။