သီတင်းကျွတ်လပြည့်နေ့

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄၀။ သီတင်းကျွတ်လပြည့်နေ့
326599ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၄၀။ သီတင်းကျွတ်လပြည့်နေ့ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄၀)

သီတင်းကျွတ်လပြည့်နေ့

[edit]

မြတ်စွာဘုရားသည် ဝါတွင်းသုံးလပတ်လုံး နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြား တော်မူ၍ သီတင်းကျွတ်လပြည့်နေ့၌ နတ်ပြည်မှ လူ့ပြည်သို့ ဆင်းသက်တော်မူခဲ့သည်။

မီးထွန်းပွဲတော်

[edit]

သီတင်းကျွတ်ပြီ မီးထွန်းမည်။
မီးပူဇော်ပွဲ နွှဲကြမည်။
လမြတ်ရာသီ ချိန်ခါပဲ၊
ဘိုးဘွားမိဘ ကန်တော့ပွဲ။
မီးရောင်စုံထဲ အလှပြိုင်၊
ဖြူနီဝါပြာ ဘယ်သူနိုင်။
မြိုင်မြိုင်ဆိုင်ဆိုင် ကူညီလို့၊
မီးပုံးပျံကြီး လွှတ်ကြစို့။ ။

သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာတို့သည် မြတ်စွာဘုရားအား မီးရောင်စုံများ ထွန်းညှိပြီး ပူဇော်လေ့ရှိကြသည်။