ဝါဆိုပွဲ

From Wikisource
Jump to navigation Jump to search
326598ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၃၉။ ဝါဆိုပွဲဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၉)

ဝါဆိုပွဲ

[edit]

မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားကို ဟောကြားတော် မူခဲ့သည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို “ဓမ္မစကြာအခါတော်နေ့”ဟု သတ်မှတ်ကြသည်။

ဝါဆိုလ၌ ရဟန်းတော်များ ဝါဆိုကြသည်။ ဒါယကာ၊ ဒါယိကာမများက ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ဆက်ကပ်ကြသည်။

ဝါဆိုပွဲ

[edit]

လမြတ်ဝါဆို သည်ကာလမို့၊ ပန်းခူးကြစို့ ကပ်လှူရန်။ မလေးအသံ ညံညံပေးတော့၊ မြန်မြန်ပြေးပေါ့ မထွေးဇံ။ စေတီမြတ်ထံ ပန်းကပ်ပြီးသော်၊ ဘုန်းကြီးကျောင်းပေါ် သွားမယ့်ဟန်။ သင်္ကန်းလှူရန် အတူနွှဲလို့၊ အလှူပွဲမို့ ပျော်ကြပြန်။ ပျော်ကြပြန် ပျော်ကြပြန်။ ။