သိမ်မျိုးစုံမဟာဋီကာ/သိမ်ကျောင်းနှင့်လှေကား စပ်၍ ထားသင့် မထားသင့်

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း
by ကျွန်းရွာတောရဆရာတော်
၁၃၈။ သိမ်ကျောင်းနှင့်လှေကား စပ်၍ ထားသင့် မထားသင့်
347878သိမ်မျိုးစုံမဟာဋီကာကျမ်း — ၁၃၈။ သိမ်ကျောင်းနှင့်လှေကား စပ်၍ ထားသင့် မထားသင့်ကျွန်းရွာတောရဆရာတော်

     ယခုကာလ အချို့သော ဆရာတော်ကြီးတို့ကား ဂါမဗဒ္ဓစပ်၍ အပြစ်မရှိကြောင်း ကျမ်းဂန်လာသည်နှင့် သမုတ်အပ်ပြီး သိမ်ပေါ်၌ ဆောက်ထားအပ်သော ကျောင်းစသည်နှင့် သီမန္တရိက်နှင့်တကွ သီမန္တရိက်ပြင်ပရှိသော ကျောင်းလှေကား စသည်တို့ကို စပ်၍ထားကြကုန်၏။ နိမိတ်ပ သီမန္တရိက်နှင့် ပြင်ပအရပ်သည် ဂါမ ဧကန်စင်စစ် ဖြစ်ပါမူကား သံသယမရှိသင့်။ ၎င်းနှစ်ရပ်လုံး ဗဒ္ဓသိမ်ဖြစ်ခဲ့ပါသော် ထိ၍တည်သော် မအပ်ရာ။

ထို့ ကြောင့် ဝိမတိဝိနောဒနီ ဋီကာ၊ (ဒု၊ ၁၄၉။) ၌ -

  ဗဇ္ဈမာနက္ခဏေပိ တာသံ ရုက္ခာဒိသမ္ဗန္ဓေ သတိ တာ ဗန္ဓိတုံ န ဝဋ္ဋတိ -ဟု ဖွင့်တော်မူသတည်း။