သိမ်မျိုးစုံမဟာဋီကာ/သမထ (၇)ပါး အဓိပ္ပါယ်

From Wikisource
Jump to navigation Jump to search
347830သိမ်မျိုးစုံမဟာဋီကာကျမ်း — ၉၁။ သမထ (၇)ပါး အဓိပ္ပါယ်ကျွန်းရွာတောရဆရာတော်

၁။ သံဃာ,ဓမ္မ,ဝိနယ,ပုဂ္ဂလတို့ မျက်မှောက်၌ ပေးအပ်သောဝိနည်းကံကို သမ္မုခါဝိနယသမထ ဆိုသည်။

၂။ အောက်မေ့ခြင်းသတိကိုမှီ၍ ပေးအပ်သော ဉတ္တိစတုတ္ထ ဝိနည်းကံကို သတိဝိနယသမထ ဆိုသည်။ သတိပြန့်ပြောသောရဟန္တာအား ပေးအပ်သော ဝိနည်းဆိုလိုသည်။

၃။ မတွေဝေသော ရဟန်းအား ပေးအပ်သော ဉတ္တိစတုတ္ထ ဝိနည်းကံကို အမူဠှဝိနယသမထ ဆိုသည်။ ရူးသောရဟန်း အား ပေးအပ်သည် ဆိုလိုသည်။

၄။ ပဿသိ အာဝုသော တာ အာပတ္တိယော ဟု ဆိုအပ်သည် ရှိသော် အာမ ဘန္တေ ပဿာမိ ဟု ဝန်ခံခြင်းဖြင့် အာယတိံ သံဝရေယျာသိ ဟု ဆုံးဖြတ်အပ်သော သမထ ကို ပဋိညာ ကရဏသမထဆိုသည်။

၅။ ဓမ္မဝါဒီ များရာသို့လိုက်၍ ပြုစေအပ်သော သမထကိုယေဘုယျသိကာ သမထဆိုသည်။

၆။ ဥပဝါဠရဟန်းကဲ့သို့ ယုတ်မာသော ပုဂ္ဂိုလ်အား ပြုအပ် သော ဉတ္တိစတုတ္တကံကို တဿပါပိယသိကာ သမထဆိုသည်။

၇။ မစင် ကျင်ငယ်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့ ပြုအပ်သော သမထကို တိဏဝတ္ထာရက သမထဆိုသည်။ စူဠဝါ သမထက္ခန္ဓက၊ ပါဠိ အဋ္ဌကထာ ဋီကာ ထောက်။
ဤကားသမထ (၇)ပါး ပြဆိုချက်ပြီး၏။