သိမ်မျိုးစုံမဟာဋီကာ/မြစ်,သမုဒ္ဒရာ, ဇာတဿရ(၃)ပါးအထူးပြခန်း

From Wikisource
Jump to navigation Jump to search
347741သိမ်မျိုးစုံမဟာဋီကာကျမ်း — ၂၈။ မြစ်,သမုဒ္ဒရာ, ဇာတဿရ(၃)ပါးအထူးပြခန်းကျွန်းရွာတောရဆရာတော်

      မြစ် သမုဒ္ဒရာ, ဇာတဿရအိုင် သုံးပါးတို့၏ လက္ခဏာကား ဤသို့တည်း။ ဇာတဿရလက္ခဏာမှာ-

     (၁) တစ်စုံတစ်ယောက်သော သတ္တဝါသည်
မတူးမပြုပဲ အလိုအလျောက်လည်း ဖြစ်ရမည်။

     (၂) မြစ်၌လာသော လက္ခဏာအတိုင်း စတုမာသ မိုးလေးလမှာ ရေလည်း မပြတ်တည်ရမည်။

     ဤလက္ခဏာ နှစ်ပါးနှင့် ပြည့်စုံသော ထုံးအိုင်သည် ဥဒကုက္ခေပသိမ်၏ တည်ရာဖြစ်သော ထုံးအိုင်မည်၏။ မြစ် သမုဒ္ဒရာကို ဖျက်ခွဲ၍ ယင်းမြစ် သမုဒ္ဒရာမှ ထွက်စီးလာသော ရေဖြစ်စေကာမူ ဆိုအပ်ပြီးအတိုင်း မိုးလေးလအတွင်း ရေမပြတ်သော လက္ခဏာနှင့် ညီညွတ်ပါမူကား ယင်းသို့သော ထုံးအိုင်သည်လည်း ဥဒကုက္ခေပသိမ်၏ တည်ရာဖြစ်၏။ ထိုဇာတဿတရအိုင်မှာ အလိုလိုလည်းဖြစ်မည်။ မိုးလေးလလည်း ရေတည်ဖူးသည် ဖြစ်အံ့၊ မိုးမကောင်း၍ သဲသောင်ဖြစ်သော်လည်း ဘယ်နှစ်နှစ်ကြာကြာ ကံပြုကောင်း၏။

     ထိုသဲသောင် စသည်၌ ဗူး ဖရုံ စသည်စိုက်ပျိုး ရေတွင်းတူးလျှင် စိုက်ပျိုးသောနေရာ ဇာတဿရပျက်၏။ (ကင်္ခါအဋ္ဌကထာ၊ ၉၀။ မဟာဝါအဋ္ဌကထာ၊ ၃၃၃၊ ၃၃၇။ ဝိနယသင်္ဂဟအဋ္ဌကထာ၊ ၁၉၈။)