သိမ်မျိုးစုံမဟာဋီကာ/ပကတိဂါမသိမ် အကျဉ်းချုပ်ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၆။ ပကတိဂါမသိမ် အကျဉ်းချုပ်ပြခန်း

     ဤသို့ ခင်းပြအပ်ပြီးသော ပါဠိ အဋ္ဌကထာဋီကာ စကားရပ်ဖြင့် ရေမြေကို အစိုးရသောမင်း၊ ထိုမင်းထံမှ နယ်သီး, ရွာသီး, မြို့သီး ဖြစ်အောင် ပိုင်းခြားနိုင်သော ရာထူးဌာနန္တရကို ရရှိသောမှူးမတ်တို့သည် ပိုင်းခြားအပ်သော သံဃာနေသောရွာ၏ ရွာတပါးနှင့် မရောယှက်သော နယ်နိမိတ်အပိုင်းအခြား အတွင်းအရပ်သည် ဂါမသိမ်မည်၏။ စျေးသာရှိ၍ တံတိုင်းမရှိ၊ တံတိုင်းသာရှိ၍ ဈေးမရှိသော နိဂုံးတစ်ခု၏ နိဂုံးတစ်ခုနှင့် မရောမယှက်သော နယ်နိမိတ်အပိုင်းအခြား အရပ်အတွင်းသည် နိဂမသိမ်မည်၏။ ဈေး, တံတိုင်း နှစ်ပါးစုံရှိသောမြို့တစ်ခု၏ တစ်ခုသောမြို့နှင့် မရောမယှက်သော နယ်နိမိတ် အရပ်အတွင်းသည် နဂရသိမ်မည်။ ဤကား အဓိပ္ပာယ် လိုရင်း အကျဉ်းချုပ်ပေတည်း။ သာဓက ပါဠိ အဋ္ဌကထာ ဋီကာ ရှေး၌ထုတ်ခဲ့ပြီ။ ၁၁၄၈ -ခုနှစ် အမရပူရမြို့တည် ဘိုးတော်ကြီးလက်ထက် မောင်းထောင်သာသနာပိုင် ဆရာတော်ကြီးသည် အမေး(ဂ)ချက်၊ အဖြေ (၈ )ချက် ထုတ်၍ (၂င်္ဂါ၊ ၅ံ) ရှိ ၆င်္ ရေး မောင်းထောင်ဖြတ်ထုံးကြီး ဇ ၊ ဇာ၊ ဇိ ၌ ပြတော်မူ၏။ ကျယ်အံ့စိုး၍ မရေးပြီ။ ။
     ပကတိဂါမသိမ်ဋီကာ ပြီး၏။