သိမ်မျိုးစုံမဟာဋီကာ/ကျောက်နိမိတ် ပြခန်း

From Wikisource
Jump to navigation Jump to search
သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၃၇။ ကျောက်နိမိတ် ပြခန်း

     ဥပသမ္ပဒါခန်း၌ ဝတ္ထုသမ္ပတ္တိ၊ ဉတ္တိသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိ၊ သီမာသမ္ပတ္တိ၊ ပရိသာသမ္ပတ္တိဟူ၍ ပဉ္စင်းအဖြစ်မြောက်ဖို့ရန် အင်္ဂါအကြောင်း ငါးပါးပင်ရှိ၏။ ဗျတိရေကနည်းအားဖြင့် ဝတ္ထုဝိပတ္တိစသည် ငါးပါးပင်ရှိ၏၊ သိမ်ခန်း၌ကား နိမိတ္တသမ္ပတ္တိ၊ ကမ္မဝါစာသမ္ပတ္တိ၊ ပရိသမ္ပတ္တိဟူ၍ သုံးပါးသာလာ၏။ သို့သော် ဉတ္တိသမ္ပတ္တိကို ကမ္မဝါစာသမ္ပတ္တိတွင် သွင်းရ၏။ ဝတ္ထုသမ္ပတ္တိကို နိမိတ္တ ကမ္မဝါစာသမ္ပတ္တိတွင် သွင်းရ၏။ ဤသို့ သိသင့်၏။ နိမိတ္တသမ္ပတ္တိ၌ မဟာဝါပါဠိတော် အဋ္ဌကထာ ကင်္ခါအဋ္ဌကထာ ဝိနယ သင်္ဂဟအဋ္ဌကထာ ဋီကာတို့နှင့်တကွ -

          ပဗ္ဗတံ ဝနံ ပါသာဏံ၊ ရုက္ခံ မဂ္ဂဉ္စ ဝမ္မိကံ။
          ဥဒကဉ္စ နဒိဉ္စာတိ၊ နိမိတ္တာနဋ္ဌ ဒီပယေ။

     ဝိနယ ဝိနိစ္ဆယအဋ္ဌကထာ (၂၄၇)- နှင့်အညီ သိမ်နိမိတ် (ဂ)ပါးရှိ၏။ (ဂ)ပါးအရကား--

     တောင်နိမိတ်၊ ကျောက်နိမိတ်၊ တောနိမိတ်၊ သစ်ပင်နိမိတ်၊ ခရီးနိမိတ်၊ တောင်ပို့နိမိတ်၊ မြစ်နိမိတ်၊ ရေနိမိတ်ဟူ၍ (၈)ပါးတည်း။ ထို(ဂ)ပါးတို့တွင် ခုနစ်တောင်ထွာ ဆင်ကောင်ပမာဏရှိသော မြေတောင်သက်သက်ဖြစ်စေ ကျောက်တောင်သက်သက်ဖြစ်စေ နှစ်ပါးအရောတောင်ဖြစ်စေ တောင်နိမိတ်ကြားကောင်း၏။ ၄င်းဆင်ပမာဏအောက်ငယ်လျှင် တောင်နိမိတ် မကြားကောင်း။ ကျောက်နိမိတ်သာ ကြားရ၏။ ဆင်သည် အယုတ်ဆုံး ခုနစ်တောင်ထွာရှိ၏ဟု ဝဇိရဗုဒ္ဓိဋီကာ တေရသကဏ်ဋီကာတို့၌ မိန့်၏။ ကင်္ခါဋီကာသစ်၌ကား ခုနစ်တောင်သာ ဆင်ပမာဏဟု ဆို၏။ ၎င်းဝါဒ ဆရာတို့မယူကြ။
     ပါသာဏနိမိတ္တဋီကာ သမတ္တာ။