Jump to content

သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထုဂါထာ

From Wikisource
367363ဓမ္မပဒဂါထာနိဿယ၇။ သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

၈-သဟဿဝဂ်

၇-သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထုပါဠိဂါထာ

၂၆၁။ ယံကိဉ္စိ ယိဋ္ဌံဝ ဟုတံဝ လောကေ,
သံဝစ္ဆရံ ယဇေထ ပုညပေက္ခော၊
သဗ္ဗမ္ပိ တံ န စတုဘာဂမေတိ,
အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

လောကေ၊ လောက၌။ ပုညပေက္ခော၊ ကောင်းမှုကို ရှုငဲ့လို လားသည်။ (ဟုတွာ၊ ၍။) ယံကိဉ္စိ၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံသော။ ယိဋ္ဌံ ဝါ၊ မင်္ဂလာရက်မြတ်, လှူဒါန်းအပ်သည့်, အမှတ်တရအလှူ မျိုးကိုလည်းကောင်း။ ဟုတံ ဝါ၊ ဧည့်ဝတ်ပြုမှု, ကံအကျိုးစုယုံ, လှူဒါန်းပုံမျိုးကိုလည်းကောင်း။ [“ယိဋ္ဌံ ဝါ ဟုတံ ဝါ” ဟု ဆိုလိုလျက် ဆန်းကြောင့် ရဿပြု။] သံဝစ္ဆရံ၊ တစ်နှစ်ပတ်လုံး။ ယဇေထ၊ လောကီ လူအများအား လှူဒါန်းရာ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ၊ ထိုယိဋ္ဌ ဟုတအလှူသည်။ ဥဇုဂတေသု၊ ဖြောင့်မတ်သည်၏အဖြစ်သို့ ရောက်သော အရိယာသူတော်ကောင်းတို့ကို။ ဝါ၊ ဖြောင့်မတ်စွာ ကျင့်သော အရိယာသူတော်ကောင်းတို့ကို။ [“ဥဇုဂတေသု၊ တို့၌”ဟု လည်းပေး (မောဂ်-၂-၃၅)။ ဆန်းကြောင့် ဒွေဘော်လာ။] အဘိဝါဒနာ၊ ရှိခိုးမှုကုသိုလ်စေတနာ၏။ ဝါ၊ ရှိခိုးခြင်းကုသိုလ်စေတနာ၏အကျိုး မှ။ စတုဘာဂမ္ပိ၊ ၄ခုမြောက်အဖို့သို့သော်လည်း။ ဝါ၊ လေးဖို့တစ်ဖို့ သို့သော်လည်း။ [“စတုတ္ထဘာဂံ”ဟု ဆိုလိုလျက် တ္ထကျေသည်။] န ဧတိမရောက်။ ဝါ၊ မမီ။ (တသ္မာ၊ ကြောင့်။) ဥဇုဂတေသု၊ တို့ကို။ အဘိဝါဒနာ၊ ရှိခိုးခြင်းကုသိုလ်စေတနာသည်သာ။ ဝါ၊ ရှိခိုးမှုကုသိုလ် စေတနာ၏ အကျိုးသည်သာ။ သေယျော၊ ၏။ [သိလေသစသော နည်းအရ ဥဇ္ဇုဂတေသု,အဘိဝါဒနာတို့ကို ၂ခါပေးသည်။] (ပါ-၁၀၈)

သာရိပုတ္တတ္ထေရဿ သဟာယကဗြာဟ္မဏဝတ္ထု

ဂါထာနိဿယပြီးပြီ။

အဘိဝါဒနာ။ ။ ပါဠိသက္ကတသဒ္ဒါကျမ်း, အဘိဓာန်ကျမ်းတို့၌ အဘိဝါဒနကို နပုံလိင်ဟုချည်း ဆို၏၊ ထိုသို့ဆိုခြင်းကို များရာလိုက်၍ ဆိုခြင်းဟု ယူပြီး ဤ၌ ဣတ္ထိလိင်ဟု ယူရာ၏၊ (တစ်နည်း) နပုံလိင်မှ ဣတ္ထိလိင်သို့ ပြန်နေသော လိင်္ဂဝိပလ္လာသဟု ယူရာ၏ (ကစ္စာဘာ-၄၅)။

ဝိဘတ်နက်။ ။ အဖွင့်၌ “ကုသလစေတနာယ”ဖြင့် အဘိဝါဒနာ ၌ ပထမာဝိဘတ်၏ ဆဋ္ဌီအနက်ကိုလည်းကောင်း, “တတော”ဖြင့် ပဉ္စမီ အနက်ကိုလည်းကောင်း, “အဘိဝါဒနမေဝ သေယျော”ဖြင့် လိင်(ကတ္တား) အနက်ကိုလည်းကောင်း ပြသည်ဟု ယူရာ၏၊ “အဘိဝါဒနာယ”ဟု ဆိုလို လျက် ယကျေသည်ဟုလည်း ဆိုကြ၏၊ “ကုသလစေတနာယ, တတော, အဘိဝါဒနမေဝ သေယျော”ဟူသော အဖွင့်များနှင့် မညီပါ။