သင်စာ ဖတ်စာ - ၆, သဝေထိုး ရေးချ ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၁။ သင်စာ ဖတ်စာ - ၆, သဝေထိုး ရေးချ ခန်း

သင်စာ - ၆[edit]

သဝေထိုး ရေးချ ခန်း

ေ -ာ် ေ -ာ့ ေ -ာ
သြော် (အော်) ၊ သြ (အော)

ဖတ်ပါ။ ကူးရေးပါ။

ကော် ကော့ ကော
ခေါ် ခေါ့ ခေါ
စော် စော့ စော
ဆော် ဆော့ ဆော

ဖတ်ပါ။ ကူးရေးပါ။[edit]

ရဲဘော် ကော်မတီ ရယ်ရယ်မောမော အဖော် ကနဖော့
ပေါ့ပေါ့ပါးပါး လူသူတော် ဆရာတော် စောစောစီးစီး ပူဇော်
တရားဟော ဆီမီး ပူဇော်၏ ဥသြ မော်တော်ကား ဇာနည်ရဲဘော်
တယော ဆော်သြသူ လူတော်လူမော် လောဘ သဘောထား ပူဇော်ပသ
မောဟ ဆော့ကစား ဇော်က ကသူ ဒေါသ စားတော်ပဲ
ကော်ဇော ယောထမီ လယ်တော သြဇာသီး

ဖတ်စာ - ၆[edit]

ဖတ်ပါ။ ကူးရေးပါ။

ဆရာတော် ဦးသြဘာသ
တရားဟောတော့မည်။
ဦးသာဝ မော်တော်ကားနဲ့ဆော်သြသည်။
ဘုရားဆီမီး ပူဇော်ပါ။
လောဘ ဒေါသ မောဟမထားရ။
သဘောထားမသေးရ။
ဘုရားတရားတော်လေးစားပါ။
သေသော်ငရဲမလားပါ။
သာဓုခေါ်ပါ။
သြော် - ကောင်းလေစွ။
ကောင်းလေစွ။


၁။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) တရားဟောဆရာတော်၏အမည်ကိုဖော်ပြပါ။
(ခ ) တရားပွဲကျင်းပမည့်အကြောင်းမည်သူကဆော်သြသနည်း။
(ဂ ) ဆရာတော်၏ဆုံးမစကားများထဲမှ တစ်ခုကိုရေးသားဖော်ပြပါ။

ရွတ်ဆိုရန်[edit]

အားလုံးညီညွတ်တယ်

၁ ၂ ၃
ညီမပန်းတွေကုံး။
၄ ၅ ၆
နွားနို့မှန်မှန်သောက်။
၇ ၈ ၉
ဥယျာဉ်လေးကိုပျိုး။
၁၀ ၁၁ ၁၂
ကိုယ့်တိုင်း ကိုယ့်ပြည်ချစ်။
၁၃ ၁၄ ၁၅
ပန်းချီဆွဲပါလား။
၁၆ ၁၇ ၁၈
အမှိုက်ယူလို့ ပစ်။
၁၉ နဲ့ ၂၀
အားလုံးညီညွတ်တယ်။
တင်မိုး

သဝေထိုးရေးချ လေ့ကျင့်ခန်း[edit]

၁။ ပေးထားသော စာလုံးများကို ဖတ်ပါ။ ကွက်လပ်ဖြည့်ပါ။
ခေါ်၊ ဟော၊တော်၊ ဇော်၊ သော့
(၁) ဆီမီးပူ ___သည်။
(၂) စား ___ ပဲ စားပါ။
(၃)ကား ___ ပါသလား။
(၄) အဖော် ___ လာ၏။
(၅) ဆရာတော် တရား ___သည်။