သင်စာ ဖတ်စာ - ၅, ယသတ် နောက်ပစ် ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၀။ သင်စာ ဖတ်စာ - ၅, ယသတ် နောက်ပစ် ခန်း

သင်စာ - ၅[edit]

ယသတ် နောက်ပစ် ခန်း

- ယ် -ဲ့ -ဲ
ဧည့်

ဖတ်ပါ။ ကူးရေးပါ။

ကယ် ကဲ့ ကဲ ဘယ် ဘဲ့ ဘဲ
ခယ် ခဲ့ ခဲ မယ် မဲ့ မဲ
ငယ် ငဲ့ ငဲ ရယ် ရဲ့ ရဲ
ဆယ် ဆဲ့ ဆဲ လယ် လဲ့ လဲ
နယ် နဲ့ နဲ ဝယ် ဝဲ့ ဝဲ

ဖတ်ပါ။ ကူးရေးပါ။[edit]

ပုလဲ ဖရဲသီး နီနီရဲရဲ ဘဲဥ ကုလားပဲ
သဲသဲမဲမဲ ငါးဖယ် ခဝဲသီး အမဲသားငါး ရေခဲ
အမဲသား မဲနယ် လယ်သမား ဒရယ် စပါးသယ်
ထားဝယ် ဝါးခယ်မ လူငယ် စကားဝဲ နုနယ်
ဘဲကလေး နယ်ပယ် ငါးဆားနယ် ရဲသား သူငယ်မ
လယ်တဲ ကလေးငယ် ကဲလား ကယ်ဆယ်

ဖတ်စာ - ၅[edit]

ဖတ်ပါ။ ကူးရေးပါ။

ကိုရဲ ပဲခူးက လာ၏။
ငါးဖယ်နဲ့ ဖရဲသီး ဝယ်လာသည်။
ကလေးငယ်များ ဘာစားသလဲ။
လူကလေး ဘဲဥစားသည်။
ညီမလေး ထမနဲစားသည်။
ညီလေး ကုလားပဲစားသည်။
ဖေဖေ မေမေ ဘာစားသလဲ။
ငါးဆားနယ် စားပါ၏။
မမ ဘာစားသလဲ။
အသီး စားရဲ့လား။
ခဝဲသီး၊ ပဲသီး စားပါသည်။
အမဲသားငါးလည်း စားကြပါ။
အာဟာရ မနည်းပါစေနဲ့။



၁။ အောက်ပါမေးခွန်းများ၏ အဖြေကို ပြောပြပါ။
(က) မိသားစုဝင်ဦးရေမည်မျှနည်း။
(ခ ) စာပိုဒ်ထဲမှ အစားအစာအမည်များကို ဖော်ပြပါ။
(ဂ ) ခေါင်းစဉ် (၃) မျိုးမှ သင့်လျော်သောခေါင်းစဉ်ရွေးချယ်ပေးပါ။
၁) တို့မိသားစု
၂) အာဟာရဝေဆာ
၃) စားစရာ

၂။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) ကိုရဲမည်သည့်မြို့ကလာသနည်း။
(ခ ) မမဘာစားသနည်း။

ယသတ်နောက်ပစ် လေ့ကျင့်ခန်းများ[edit]

၁။ ရုပ်ပုံကို ကြည့်၍ မှန်သော စာလုံးကို (✔) ခြစ်ပါ။
ခဝဲသီး
ဖရဲသီး
လယ်သမား
ရဲသား
ဘဲဥ
ဘဲကလေး
ကလေးငယ်
လယ်တဲ
ဒရယ်
ပုလဲပုတီး

၂။ အဖြေမှန်ကို (✔)ခြစ်ပါ။
(၁) ဘာစားနေသ ___။
လဲ
ကဲ
မဲ
(၂) ကုလားပဲစား ___လား။
ရဲ့
ကဲ့
ယဲ့
(၃) လယ်သမား စပါး ___သည်။
နယ်
ပယ်
ရယ်
(၄) မေမေ စားစရာ ___လာသည်။
ငယ်
ဝယ်
ဝဲ
(၅) ကူ၍ ___ ပေးပါ။
သယ်
ကယ်
ငယ်

၃။ ပေးထားသော စာကြောင်း တစ်ကြောင်းစီကို သက်ဆိုင်ရာ ပုံဘေးတွင် ကူးရေးပါ။
ဘဲကလေး ရေကူးနေသည်။
လူကလေး ဒူးလေးယူလာ၏။
မမ ဈေးဝယ်လာ၏။
လယ်သမား လူငယ် စပါးသယ်၏။
ယနေ့ နေသာသည်။