သင်စာ ဖတ်စာ - ၁၄, ဝဆွဲ ဟထိုး ခန်း

From Wikisource
Jump to navigation Jump to search
ပထမဆင့် အခြေခံ မြန်မာဖတ်စာ  (၂၀၁၅ ခုနှစ်)  by ကျောင်းပြင်ပမူလတန်းပညာရေး ဗဟိုအဆင့်လုပ်ငန်းကော်မတီ
၁၉။ သင်စာ ဖတ်စာ - ၁၄, ဝဆွဲ ဟထိုး ခန်း

သင်စာ - ၁၄[edit]

ဝဆွဲ ဟထိုး ခန်း -ွှ ဖတ်ပါ။ ကူးရေးပါ။

လွှ လွှာ လွှား နွှဲ
မွှေ မွှေ့ မွှေး ရွှဲ
ရွှေ ရွှေ့ ရွှေး လွှဲ

ဖတ်ပါ။ ကူးရေးပါ။[edit]

ပျံလွှား အသီးနွှာ လွှမ်း
ရေမွှေး အစာနွှေး ရွှေဖလား
အသေးအမွှား ပါးလွှာ ပါးပါးလွှာလွှာ
နွှဲပျော် မလွှဲသာလွှဲသာ ကျော်လွှား
လေပွေမွှေ့ လွှဲဖယ် လွှဆွဲသမား
ပိုးမွှား

ရွတ်ဆိုရန်[edit]

မြန်မာ ကျောင်းသူ

ရေလယ်ခေါင်မှာ ငွေသောင်ထွန်းတဲ့
နတ်သမီးနေတဲ့ ကျွန်းကလေးရယ်၊
သနပ်ခါး ယဉ်ယဉ် ကျောက်ပြင်ကလေးမှာ
ကိုယ်တိုင်သွေးလို့ လိမ်းခဲ့တယ်၊
မလေးမှာကွယ် ကျောင်းကိုသွားတော့
သနပ်ခါးနံ့ သင်းလိမ့်မယ်၊
စိုစိုပြေပြေ မေရဲ့ အသားဟာ
သနပ်ခါးကြောင့် မဟုတ်လားကွယ်၊
မြန်မာကျောင်းသူ အလွန်ပီသတဲ့
ရိုးရာအလှ မြတ်နိုးဖွယ်၊
ကိုယ်လက်လှုပ်တာ ကျန်းမာရေးမို့
နံ့သာမွှေးမွှေး သွေးပါ့မယ်၊
မွှေးတယ်၊ သွေးမယ်။
တင်မိုး



၁။ ရွတ်ဆိုပါ။
၂။ ကဗျာအကြောင်းကိုပြောပြပါ။
၃။ အောက်ပါမေးခွန်းကိုရေးသားဖြေဆိုပါ။
(က) မြန်မာကျောင်းသူကဗျာဆရာ၏အမည်ကိုဖော်ပြပါ။

ဖတ်စာ - ၁၄[edit]

ထမနဲပွဲ

ထမနဲပွဲမှာ ရွာသားများ နွှဲပျော်နေကြ၏။ မမယ်မွှေး ပုခက်လွှဲလျက် ချင်း အခွံနွှာနေသည်။ ဒေါ်ရွှေ မြေပနှင့် နှမ်းထဲမှ အမှုန်အမွှားများကို ဖယ်ရှားနေသည်။ အရီးလွှာ အုန်းသီးကို ခပ်ပါးပါးလွှာနေ၏။ ကျီးကန်းကို ရွှေး ဟု အော်လိုက်သေး၏။ နွှေးထားသောဘဲသားပါသွား၏။ ဦးဗိုက်ရွှဲ ကောက်ညှင်းဆန်ကို ဆီမွှေးသတ်တော့မည်။ မခင်မွှန်း ရွှေဖလားပိုက်၍ ပြုံးရွှင်နေ၏။ လေပွေအမွှေ့တွင် မောင်လွှမ်းမိုး ရေမွှေးက မွှေးလှ၏။ လွှစင်အနီး ကလေးများ စွန်လွှတ်နေ၏။ လွှာထားသော ပျဉ်ချပ်များကို ကျော်လွှားခြင်း မပြုပါနှင့်။ နေရာ ရွှေ့၍စွန်လွှတ်ပါ။ ထမနဲမွှေချိန် လာကူပါ။ ပျော်ရွှင်စွာ ပါဝင်ကြမည်။ ဆီရွှဲရွှဲစိုပြီး ဆားပြားသင့်သော ထမနဲကို စားကြမည်။ ပျော်ပျော်ပါးပါး နွှဲပျော်ကြပါစို့။



၁။ ဖတ်ပြပါ။
၂။ ကူးရေးပါ။
၃။ ထမနဲတွင်ပါသည့် အရာများကို ပြောပြပါ။
၄။ အောက်ပါမေးခွန်းများကိုရေးသားဖြေဆိုပါ။
(က) မည်သူသည်ရွှေဖလားပိုက်ထားသနည်း။
(ခ ) ကလေးများမည်သည့်နေရာတွင်စွန်လွှတ်နေသနည်း။

ဝဆွဲ ဟထိုး လေ့ကျင့်ခန်း[edit]

၁။ အောက်ပါ စာလုံးများဖြင့် ပေးထားသော စာကြောင်းများကို ဆက်ရေးပါ။
နွှာသည်၊ ဆွဲသည်၊ မွှေးသည်၊ ရွှဲနေသည်၊ နွှဲကြသည်
(၁) လွှ ___။
(၂) စားစရာ အသီး ___ ။
(၃) လွှသမားများ ချွေး ___။
(၄) မေမေ မီး ___။
(၅) အားကစားပွဲ ___။