ဝိနယသံခိပ်/သုဒ္ဓပါစိတ်

From Wikisource
Jump to navigation Jump to search
ဝိနယသံခိပ်လက်စွဲကျမ်း by လယ်တီဆရာတော်
၁၈။ သုဒ္ဓပါစိတ်

၂၄၅။ ချွတ်ယွင်းစေလို၊ မုသားဆို၊ ထိုသူ ပါစိတ္တိ။
၂၄၆။ ပြက်ရယ်ပြုလို၊ ပြက်ချော်ဆို၊ ထိုသူ ဒုဗ္ဘာသိ။
၂၄၇။ ဝန်ခံစကား၊ ပျက်စေငြား၊ သူအား ပဋိဿဝိ။
၂၄၈။ ဆဲခြင်းဆယ်ပါး၊ ရဟန်းအား၊ ဆဲငြား ပါစိတ္တိ။
၂၄၉။ ဆဲခြင်းဆယ်ပါး၊ ပြက်ရယ်အား၊ ဆိုငြား ပါစိတ္တိ။
၂၅၀။ မျိုး မည် နွယ် ကံ၊ တတ် နာ သဏ်၊ ကိလံ အာ အက် ထိ။
၂၅၁။ ဆဲခြင်းဆယ်ပါး၊ ယူဆောင်ကြား၍၊ စကားကုန်သွင်း၊ ရဟန်းချင်း၊ ဖျက်လျှင်း ပါစိတ္တိ။
၂၅၂။ သာမဏေ, လူ၊ နှစ်ဦးသူအား၊ ပြိုင်တူဆိုကာ၊ ပါဠိစာ၊ ချရာ ပါစိတ္တိ။
၂၅၃။ ပဒါ နုပဒ၊ နွက္ခရဟု၊ အနုဗျဉ္စနံ၊ ဤလေးတန်၊ ခွဲရန် အာပတ္တိ။
၂၅၄။ လူ သာမဏေ၊ မေထုန်လောက်တန်၊ တိရစ္ဆာန်နှင့်၊ သုံးညဉ့်လွန်တူ၊ အိပ်မိမူ၊ မှတ်ယူ ပါစိတ္တိ။
၂၅၅။ ထက်ဝက်လွန်တုံ၊ မိုးကာစုံ၊ လောက်လုံ ပါစိတ္တိ။
၂၅၆။ အမြင့်တောင့်ထွာ၊ ရှိခဲ့လာ၊ အကာဆိုလောက်၏၊
၂၅၇။ တစ်ပြင်အောက်ထက်၊ အမိုးယှက်၍၊ ထွက်ဝင်တံခါး၊ တူကြငြား၊ ဆောင်ခြားမဟုတ် သိ။
၂၅၈။ အမနှင့်မူ၊ တစ်ညဉ့်တာမျှ၊ ခွင့်မရ၊ အိပ်က ပါစိတ္တိ။
၂၅၉။ ဆယ့်နှစ်တောင်တွင်း၊ ယောကျ်ားကင်းလျက်၊ ခြောက်ခွန်း ထက်များ၊ ဣတ္ထိအား၊ ဟောငြား ပါစိတ္တိ။
၂၆၀။ ဇာတိမြေကို၊ ကိုယ်တိုင်တူးငြား၊ တူးစေငြား၊ နှစ်ပါး ပါစိတ်သင့်။
၂၆၁။ ကပ္ပိံယံ၊ ကရောဟိ၊ ဒေဟိ ဇာန၊ အာဟရ၊ အတ္တော၊ ဤအပြော၊ အပ်သော ပြုလုပ်ခွင့်။
၂၆၂။ နွယ် မြက် သစ်ပင်၊ စိမ်းစိုစဉ်၊ ဖျက်လျှင် ပါစိတ်သင့်။
၂၆၃။ ပိုးရှိရေကို၊ မြေပေါ်မြက်ပေါ်၊ လောင်းမိသော်၊ ချွတ်လျော် ပါစိတ္တိ။
၂၆၄။ ပိုးရှိရေကို၊ သောက်လေ ချိုးလေ၊ ဆေးကြောလေ၊ စွန်းချေ ပါစိတ္တိ။
၂၆၅။ တိရစ္ဆာန်ကို၊ သေစေလိုမှု၊ သေကြောင်းပြု၊ သတ်မှု ပါစိတ္တိ။
၂၆၆။ လင်နှင့်မယား၊ နှစ်ပါးပျော်ခင်း၊ တိုက်ခင်းတွင်း၊ ချဉ်းနေ ပါစိတ္တိ။
၂၆၇။ မိန်းမနှင့်သာ၊ ဖုံးကွယ်ရာတွင်း၊ နှစ်ယောက်ချင်း၊ နေလျင်း ပါစိတ္တိ။
၂၆၈။ မကွယ်မကာ၊ လွင်ပြင်မှာလည်း၊ ဥပစာတွင်း၊ အဖော်ကင်း၊ နေလျဉ်း ပါစိတ္တိ။
(၁၂-တောင်ကို ဥပစာဆိုသည်။)
၂၆၉။ မိန်းမနှင့်လျှင်၊ တိုင်ပင်နှောနှီး၊ ချိန်းချက်ပြီး၊ ခရီး ပါစိတ္တိ။
၂၇၀။ သေရက်ငါးထွေ၊ သေရည်ငါးပါး၊ ယစ်မျိုးများ၊ မျိုငြား ပါစိတ္တိ။
၂၇၁။ ပိဋ္ဌ ပူဝ၊ ဩဒန၊ ကိဏ္ဏ သမ္ဘာရာ။
၂၇၂။ ပုပ္ဖ ဖလ၊ မဓုက၊ ဂုဠ သမ္ဘာရာ။
၂၇၃။ မြှောက်ကြဲ လှုပ်ယမ်း၊ ကူးသန်း ငုပ်ပေါ်၊ လှေလှော် ဖောင်ခတ်၊ ရေနှင့်စပ်ငြား၊ ပျော်ကစား၊ သင့်ငြား ပါစိတ္တိ။
၂၇၄။ ကိုယ်တွင်ထိလျှင်း၊ ရဟန်းချင်းအား၊ ပျော်ကစား၊ သင့်ငြား ပါစိတ္တိ။
၂၇၅။ လူ ရှင် တိရစ္ဆာန်၊ ရယ်မြူးရန်၊ ထိပြန် ဒုက္ကဋ်သိ။
၂၇၆။ ရဟန်းချင်းလျှင်၊ ပညတ်တော်ပြ၊ ဆုံးမသည်ကို၊ မကျင့် လို၍၊ မရိုမသေ၊ လှန်ပြန်ချေ၊ သင့်လေ ပါစိတ်မှု။
၂၇၇။ သုတ် ဘိဓမ္မာ၊ ကျမ်းလာဖော်ပြ၊ ဆုံးမသည်ကို၊ မနာလို၍၊ မရိုမသေ၊ လှန်ပြန်ချေ၊ သင့်လေ ဒုက္ကဋ်မှု။
၂၇၈။ ထိတ်လှန့် ကြောက်ရန်၊ ကြံဖန်ထွေပြား၊ ရဟန်းအား၊ ချောက်ငြား ပါစိတ္တိ။
၂၇၉။ ဆောင်းအခါ၌၊ အနာကင်းလျက်၊ မီးထင်းထည့်မှု၊ လှုံဖို့ပြု၊ သင့်မှု ပါစိတ်တည်း။
၂၈၀။ ရယ်လိုစိတ်နှင့်၊ သပိတ် သင်္ကန်း၊ ခါးပန်းကစ၊ မဝှက်ရ၊ ဝှက်က အာပတ်တည်း။
၂၈၁။ ဝိနည်းကြောင်းဖြင့်၊ ကောင်းစွာအမှန်၊ ငြိမ်းပြီးကံကို၊ တစ်ဖန်လှုပ်ရှား၊ လှန်ပြန်ငြား၊ သူ့အား ပါစိတ်တည်း။
၂၈၂။ အာပတ်မှုကို၊ ပြုမှန်းသိလျက်၊ ငဲ့ကွက်သောအား၊ ဖော် မကြား၊ ဖုံးထားအာပတ်တည်း။
၂၈၃။ ရဟန်းခံနေ့၊ မစေ့အသက်၊ သိလျက်သိမ်ဝင်၊ ကံဆောင် လျှင်၊ ထိုရှင်အာပတ်တည်း။
၂၈၄။ ဓားပြ ခိုးသူ၊ မင်းဘဏ် ယူ၊ ခွန်မူ ရှောင်သမား။
၂၈၅။ သိလျက်တိုင်ပင်၊ ခရီးနှင်၊ ရွာစဉ် အာပတ်များ။
၂၈၆။ ပညတ်တော်ပြ၊ ဆုံးမသည်ကို၊ မနာလို၍၊ ပုဂ္ဂိုလ်သူမြတ်၊ ဝိနည်းတတ်ဝယ်၊ မေးဦးမယ်ဟု၊ လွှဲ ဖယ်မှု၊ သူအား အာပတ်တည်း။
၂၈၇။ ဝိနည်းတရား၊ သင်သူအားကို၊ မသင်လိုအောင်၊ ပြစ်ပို ကျိုးမဲ့၊ ပြောဆိုခဲ့၊ ဖွဲ့ပြီ ပါစိတ်တည်း။
၂၈၈။ လွန်ကျူးမှုတိ၊ ဧကန်သိလျက်၊ မသိလေယောင်၊ ဟန် ဆောင်လေက၊ မောဟတင်ထား၊ နောက် ဆောင်ငြား၊ သူအား ပါစိတ်တည်း။
၂၈၉။ ဒေါသထွက်၍၊ ရိုက်နှက်ထောင်းထု၊ ပစ်ခတ်မှု၊ ပြုတိုင်း အာပတ်တည်း။
၂၉၀။ ဒေါသထွက်၍၊ ရိုက်နှက်မည်လား၊ လက်ဝါးလက်ဆုပ်၊ ကြိမ်တုတ်တံဖျာ၊ မိုးခဲ့ရာ၊ သင့်လာ အာပတ်တည်း။
၂၉၁။ သူတစ်ပါးကို၊ မြင် ကြား သင်္ကာ၊ မရှိပါပဲ၊ အာပတ် ခြောက်ထွေ၊ စွပ်စွဲချေ၊ သင့်လေအာပတ်တည်း။
၂၉၂။ အမျက်ကြုတ်၍၊ ကုက္ကုစ္စဖြစ်၊ ပြောဆိုလစ်၊ စွန်းညစ် အာပတ်တည်း။
၂၉၃။ အမျက်ရှိ၍၊ မိမိစကား၊ ပြောဆိုငြားလျှင်၊ ကြားဖို့ တစ်စောင်း၊ ကပ်ခိုအောင်း၊ ချောင်းမြောင်း အာပတ် တည်း။
၂၉၄။ ဓမ္မိကမှန်၊ သံဃာ့ကံ၌၊ ညီရန်ဆန္ဒ၊ ပေးပြီးမှ၊ ရှုတ်ချ ပါစိတ်တည်း။
၂၉၅။ ဆုံးဖြတ်မှုရေး၊ ကံပြုရေးနှင့်၊ စည်းဝေးဝင်ပြီး၊ မှုမပြီးမီ၊ ဖျက်ဆီးလိုရေး၊ မပေးဆန္ဒ၊ ထွက်သွားက၊ သင့်ထ ပါစိတ် တည်း။
၂၉၆။ ရဟန်းအားကို၊ အများသံဃာ၊ ညီညာကြေအေး၊ သင်္ကန်း ပေး၍၊ အရေးတစ်ဖန်၊ ရှုတ်ချပြန်၊ စွန်းရန် ပါစိတ်တည်း။
၂၉၇။ ထိန်းပါအပ်နှံ၊ လူတို့ဘဏ်၊ လက်ခံ ပါစိတ်တည်း။
၂၉၈။ ကျပျောက်မေ့ကျန်၊ တွေ့ရှိဘဏ်၊ ယူပြန်ပါစိတ်တည်း။
၂၉၉။ ရဟန်းဥပစာ၊ မေ့ကျန်ရာ၊ ကောင်းစွာယူသိမ်းဆည်း။
၃၀၀။ ဆယ့်နှစ်တောင်တိ၊ ရဟန်းရှိငြား၊ မပန်ကြားဘဲ၊ နေလွဲ ရွာဝင်၊ ပြုခဲ့လျှင်၊ ရွာဝင် ပါစိတ်တည်း။
၃၀၁။ ရိုး စွယ် ဦးချို၊ အပ်ကျည်ကိုလျှင်၊ ကိုယ်တိုင်ပြုလျှင်း၊ ပြုစေခြင်း၊ ခွဲခြင်းပါစိတ်တည်း။
၃၀၂။ အပေါင်အောက်မှာ၊ တစ်ထောင့်ထွာ၊ ရှည်ရာ ညောင် စောင်းခြေ။
၃၀၃။ ထိုထက်ရှည်မှု၊ လွန်ပြု၊ ဖြတ်မှု ပါစိတ်ပေ။
၃၀၄။ ညောင်စောင်းလဲမွေး၊ ပြုမိရေး၊ ဆုတ် ရှေး ပါစိတ္တိ။
၃၀၅။ မိုဃ်း မာ နိသိ၊ လွန်တုံဘိ၊ ဖြတ်ရှိ ပါစိတ္တိ။
၃၀၆။ ဘုရားသုံးထယ်၊ မှီရာဝယ်၊ ဖြတ်ပယ် ပါစိတ်တည်း။ 

သုဒ္ဓပါစိတ်ပြီး၏၊

-----------