Jump to content

ရှင်တေဇောသာရသွင်း မေတ္တာစာ

From Wikisource
ရှင်တေဇောသာရသွင်း မေတ္တာစာ
by ရှင်တေဇောသာရ
184113ရှင်တေဇောသာရသွင်း မေတ္တာစာရှင်တေဇောသာရ

မြင်းမိုရ်သဏ္ဍန်၊ နှိုင်းသင့်ရန်သည်၊ ယုဂန်တောင်နီး၊ လေခရီးဝယ်၊ ဓီးဓီးဆိုဝန်း၊ ပြုဗ္ဗာစွန်းက၊ ရွှန်းရွှန်းအရောင်၊ ဝင်းဝင်းပြောင်သား၊ မိုးခေါင်ထွန်းတက်၊ ဆယ့်ငါးရက်ဝယ်၊ ထိပ်ထက်စည့်စည့်၊ လမင်းပြည့်သို့၊ နတ်တည့်စည်းစိမ်၊ ချမ်းငြိမ်းစီးပွား၊ များလှလေလေ၊ လက်ယက်ရေသို့၊ ကင်းကွေရောဂါ၊ ဘေးမျိုးကွာ၍၊ ခန္ဓာငါးမည်၊ မြင့်ရှည်စေကြောင်း၊ မေတ္တာဟောင်းတွင်၊ လောင်းတုံးအသစ်၊ မြကြိုးရစ်သို့၊ ကြည်ချစ်သဖြင့်၊ ဘုရင့်ဆရာ၊ ပဏ္ဍိငါလျှင်၊ မေတ္တာနှစ်ခြိုက်၊ ပို့ထပ်လိုက်အံ့၊ ကောင်းမြိုက်နာမ၊ မုချတ္ထဖြင့်၊ ဇေတသင်္ကြံ၊ မည်ခံမင်းပေး၊ မည်ခံမင်းပေး၊ မင်းရေးမင်းရာ၊ တတ်လိမ္မာ၍၊ ပျူငှာပရိယာယ်၊ မင်းဖွယ်စိုးရ၊ သိလှမင်းလို၊ မင်းကိုကျိုးနွံ၊ ထုံးစံပုံခိုင်း၊ အနှိုင်းအချက်၊ ထက်မြက်ပညာ၊ ရှေ့လာနောင်ကြွင်း၊ မျှော်တင်းပြတ်ပြတ်၊ စက်ရဟတ်သို့၊ ပိဋကတ်ဗေဒင်၊ နှုတ်ဝင်ဆင်လျှင်၊ မြော်မြင်ရေးကြီး၊ ကြံသီးကြီးကျယ်၊ ခဲလွယ်တင်းလျော့၊ လေးပေါ့တိမ်နက်၊ ဆစ်မျက်တွင်းပြင်၊ နှေးလျင်ပေါ်နစ်၊ ကျိုးပြစ်ရှည်တို၊ သူ့လိုသိတတ်၊ ရာဇဝတ်၌၊ လျောက်ပတ်ကျယ်ဝန်း၊ လူ၌ထွန်းသည်၊ ခြောက်ခွန်းစကား၊ လေးပါးအင်္ဂါ၊ သုံးဖြာဆိုဖွယ်၊ ကျမ်းဂန်ဝယ်လည်း၊ သိလွယ်ပြဲ့ပြဲ့၊ နာဖွယ်ချဲ့လျက်၊ ပြည်ထဲ့အရေး၊ ကျေးနှင့်ပေါက်ပင်၊ ချည်မျှင်ပင့်ကူ၊ နှိုင်းတူကြက်ဥ၊ တိမ်အထုကို၊ လွယ်မှုသိနိုင်၊ အပြီးတိုင်၍၊ ဉာဏ်ခိုင်ခေါင်ထိ၊ တုမရှိသား၊ ဓိတိတည်ကြည်၊ အတည်အကြား၊ စကားနည်းနာ၊ အရာရှုမျှော်၊ အမြော်အမြင်၊ အတွင်အကျယ်၊ အလွယ်အခက်၊ အနက်အနဲ၊ အခွဲအစိတ်၊ အတိတ်အနာဂါတ်၊ အမှတ်အသား၊ အခြေားအဝေ၊ အဖြေအမေး၊ အရေးအရာ၊ အသာအချို၊ အတိုအရှည်၊ အလည်အပတ်၊ အလည်အပတ်၊ အညွတ်အကွေး၊ အသေးအဖွဲ၊ အထဲအပေါ်၊ အတော်အလျား၊ တရားထွေထွေ၊ နိတုံရွှေသို့၊ မြဲနေသီလ၊ ဒါနမွေ့လျော်၊ သူတော်လက္ခဏာ၊ အရာမကျန်၊ ဝေဖန်ခွဲခြမ်း၊ ကျင့်တမ်းမေးမြူ၊ ရှင်လူပုဏ္ဏား၊ မျိုးလေးပါးကို၊ မှတ်သားမိန့်လွယ်၊ အသွယ်သွယ်ဖြင့်၊ မင်းဝယ်လျောက်ပတ်၊ မင်းဝတ်စေ့စုံ၊ မင်းရေးကုံ၍၊ မှတ်ယုံတတ်ကျော်၊ ပညာသော်မှ၊ မဟော်သဓာ၊ ရာဇာဝန်စင်း၊ သတင်းလျှံညီ၊ နန္ဒီသေန၊ ဝိဓိုရ်စသား၊ ရှေးကစံထွတ်၊ ထိုထိုမတ်နှင့်၊ နှိုင်းမှတ်ပုံယူ၊ မချွတ်တူသား၊ ဇမ္ဗူသောင်းတွင်း၊ အမင်းမင်းတို့၊ သတင်းကြိုင်ပျ၊ ကြားသမျှလည်း၊ အံ့ကြဆိုသီး၊ အံ့ဝှဲချီးသည့်၊ ပြည်ကြီးကျက်သရေ၊ မတ်ခေါင်ဗွေသည်၊ ၊ မြုတေဂုဏ်ရောင်လျှမ်းလျှမ်းတည်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.