ယဉ်ယဉ်ကျေးကျေး ပြောကြမယ်

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၇) ယဉ်ယဉ်ကျေးကျေး ပြောကြမယ်

သင်ခန်းစာ (၃၇)

ယဉ်ယဉ်ကျေးကျေး ပြောကြမယ်[edit]

နန္ဒိဝိသာလ

နန္ဒိဝိသာလသည် လှည်းအစီးတစ်ရာကို ဆွဲနိုင်သော ခွန်အားကြီးသည့် နွားတစ်ကောင် ဖြစ်၏။ သခင်လယ်သမားကို ကျေးဇူးဆပ်လိုသဖြင့် သူဌေးကြီးနှင့် အလောင်းအစားပြုလုပ်ရန် ပြောသည်။

ချိန်းဆိုသောနေ့တွင် လယ်သမားကြီးက နန္ဒိဝိသာလအား ကြမ်းတမ်းစွာ အော်ဟစ်ပြီး လှည်းများကို ဆွဲခိုင်းသည်။ နန္ဒိဝိသာလက လှည်းကို မဆွဲတော့ဘဲ ရပ်နေ၏။

သို့ဖြစ်၍ လယ်သမားကြီး၏ လောင်းကြေးငွေများ ရှုံးသွားသည်။

နောက်တစ်ကြိမ်၌ လယ်သမားကြီးသည် နန္ဒိဝိသာလအား ချိုချိုသာသာ ပြောပြီး မောင်းနှင်ခဲ့သည်။ နန္ဒိဝိသာလက လှည်းအစီးတစ်ရာကို ချက်ချင်းဆွဲပြလိုက်၏။ ထိုအခါ လယ်သမားကြီး အနိုင်ရ၍ လောင်းကြေးငွေနှစ်ဆ ပြန်လည်ရရှိခဲ့သည်။ ထိုအချိန်မှ စ၍ လယ်သမားကြီးသည် လူတိုင်းကို ချိုချိုသာသာ ပြောဆိုဆက်ဆံလေတော့သည်။

အလှဆုံး[edit]

စကားပြောဆို ချိုချိုသာ၊ သမီး အလိမ္မာ။
(စကားပြောဆို ချိုချိုသာ၊ သားသား အလိမ္မာ။)
ယဉ်ကျေးသူမှာ မျက်နှာပြုံး၊ သမီးအလှဆုံး။
(ယဉ်ကျေးသူမှာ မျက်နှာပြုံး၊ သားသား အလှဆုံး)။