ကန္တာရကုန်သည်များ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၈) ကန္တာရကုန်သည်များ

သင်ခန်းစာ (၃၈)

ကန္တာရကုန်သည်များ[edit]

ကန္တာရခရီးကို သွားကြသော ကုန်သည်များသည် ကန္တာရကို လွန်မြောက်ခါနီးတွင် ပါလာ သမျှ ရေများကို အကုန်သုံးလိုက်ကြသည်။ ညအချိန် ကုန်သည်များ အိပ်ပျော်နေကြစဉ် နွားများက လှည်းများကို နောက်ပြန်ဆွဲသွားကြသောကြောင့် ကန္တာရအတွင်းသို့ ပြန်ရောက်သွားကြ၏။ ကုန်သည်များသည် ရေပြတ်လပ်၍ ရေတွင်းတူးကြသည်။ ကျောက်ဖျာကြီး ခံနေသဖြင့် ဆက်၍ မတူတော့ဘဲ လက်လျှော့လိုက်ကြ၏။ သို့သော် ခေါင်းဆောင်ကုန်သည်နှင့် တပည့်တို့က ဇွဲကောင်းစွာဖြင့် ကျောက်ဖျာကြီးကို ရိုက်ခွဲကြသည်။ ကျောက်ဖျာကြီး ကွဲကာ ရေတွေ ပန်းထွက်လာ၏။ ဇွဲမလျှော့သော ခေါင်းဆောင် ကုန်သည်၏ လုံ့လဝီရိယကြောင့် ရေရရှိကာ ကုန်သည် အားလုံး ပျော်ရွှင်ခဲ့ကြလေသည်။