ယင်းမာပင် နွယ်သာကီသံဖြတ်

From Wikisource
Jump to navigation Jump to search
ယင်းမာပင်
by ပုဇွန်တောင် ဆရာခ

အသဲချမ်းခဲ့ ချင်းလာအင်
ငနဲဖမ်းတဲ့ ရင်းမာပင်တော့် ၊
ပွေငြိဇောဖွဲ့ ပြင်းစွာငင်
ကေနိကောတဲ့ ရင်းမာပင်တော် ၊
သက်သက်ဆွဲလို့ ပြင်းစွာရွှင်
ပက်လက်လဲတဲ့ ရင်းမာပင်တော် ၊

ဦးလှုံချရဲ့ ဖြေတင်းပါ
ဒူးတုန်ရတဲ့ ရွှေရင်းမာတော် ၊
လော်လည်နဲနှင့် ပွေခင်းဖြာ
ဘော်လီပြဲတဲ့ ရွှေရင်းမာ ၊
အတော်ရွံ့ရဲ့ လေညှင်းစွာ
မအော်ဝံ့တဲ့ ရွှေရင်းမာ ၊
အကြောတွန့်ခဲ့ သေခင်းဖြာ
မပြောဝံ့တဲ့ ရွှေရင်းမာ ၊
အတင်းလွန့်ရဲ့ ခြေဆင်းကာ
မငြင်းဝံ့တဲ့ ရွှေရင်းမာ ။

အမယ်မင်းငယ်မှ
ရင်းမာ ပိတောက် ၊တောတလျှောက်မှာ
မောစလောက်ပဲ
အပွေတစ်မျိုး အခြေညှိုး ၊ရေအိုးကွဲအောင်
ငနဲပြုချက်
တွေးလိုက်တိုင်း အမှု့လှိုင်လို့
ယခုတိုင် ရှက်ပါရဲ့ ၊
ကုန်းထက်က တွင်းရေချို
ရင်းမာ ပိတောက် ၊သစ်ပင်အောက်မှာ
မယ်လျှောက်လို့ ငိုလေ ။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse