မွန်ရာဇဝင်/အခန်း-၁

From Wikisource
Jump to navigation Jump to search
မွန်ရာဇဝင်  (1785) 
ပဏာမနှင့် ပဋိညာဉ်

လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ဘုရားသခင်ကို အလွန်ရိုသေစွာ ရှိခိုးဦး၍၊ ခပ်သိမ်းသောမောဟကို ဖျက်ဆီးတတ်သော ကိုးပါးသောလောကုတ္တရာတရားတော်ကို အလွန်ရိုသေစွာ ရှိခိုးဦး၍၊ သမုဒ္ဒရာနှင့်တူသော ကျေးဇူးရှိတော်မူသော ရှစ်ယောက်သောသင်္ဃာတော်ကိုလည်း အလွန်ရိုသေစွာ ရှိခိုးဦး၍ ရှေးမွန်ဘာသာ ရာဇဝင်ကျမ်းကို ဂုဏဝုဎ္ဍ်ရှိသော သူမြတ်တို့ရေးထားခဲ့သည်ကို ဘတ်သောသူအားလည်းကောင်း၊ မှတ်သားနှလုံးသွင်းသူအားလည်းကောင်း၊ အကျိုးစီးပွါးများစေတတ်သောကျေးဇူးအပေါင်းနှင့်ပြည့်စုံသောရာဇဝင်ကျမ်းကို မကျဉ်းမကျယ် အလယ်အလတ် ဘတ်လွယ်မှတ်လွယ်စိမ့်သောငှါ မြန်မာဘာသာဖြင့် စီရင်ပေလတ္တံ့။