မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့် ဥပဒေ

From Wikisource
Jump to navigation Jump to search
မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့် ဥပဒေ  (1997) 
မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂)

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်သည့် ဥပဒေ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၄/၉၇]
ရန်ကုန်မြို့၊ ၁၃၅၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်
(၁၉၉၇ ခုနှစ်၊ မတ်လ ၂ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ဤဥပဒေကို မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။


၂။ မြန်မာနိုင်ငံသားဥပဒေတွင် ပါရှိသော “ပြည်ထဲရေးဝန်ကြီးဌာန” ဆိုသည့် စကားရပ်ကို “လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။


၃။ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၇ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၆၇။ အစိုးရအဖွဲ့သည် ဗဟိုအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းရမည်-

(က) ဝန်ကြီး (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန) – ဥက္ကဋ္ဌ
(ခ) ဝန်ကြီး (ကာကွယ်ရေးဝန်ကြီးဌာန) – အဖွဲ့ဝင်
(ဂ) ဝန်ကြီး (ပြည်ထဲရေးဝန်ကြီးဌာန) – အဖွဲ့ဝင်
(ဃ) ဝန်ကြီး (နိုင်ငံခြားရေးဝန်ကြီးဌာန) – အဖွဲ့ဝင်
(င) ဥက္ကဋ္ဌက တာဝန်ပေးအပ်သူ – အတွင်းရေးမှူး”

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့