မီးလိုတဲ့ မီးလို ငိုချင်း

From Wikisource
Jump to navigation Jump to search
မီးလိုတဲ့ မီးလို
by ဆင်ဖြူကျွန်း ဆရာသင်
(ကြေးမုံဦးသောင်းပြုစုသည့် သမိုင်းဝင် မြန်မာပြဇာတ်များ စာအုပ် ဝံသူတော်ပြဇာတ်မှ ...

ဟံသမျက်ချယ် မင်းသမီး မဟာမြိုင်တောအလယ်က ထ၍ ငိုချင်းချသည့် အခန်း။)

မီးလိုတဲ့ မီးလို။

တောပြင် မောရင်ထုပါလို့၊
စောလင်မှုပို။

တစိုစို၊
ငိုငိုလို့ ခင်မစဲ။

ထားမယ်မယ်လေလေ့၊
သားငယ်ငယ် စံကသစ်ကိုတဲ့၊
သုဿာန်မှာ ရုပ်နာမ်ပစ်ပါလို့၊
ဆိုးညစ်ကယ် ခေကြမ္မာကြောင့်၊
ဧကရာ မှီပျော်သက်နေကျ၊
ဆွေမဟာ ပြည်တော်ထွက်ရတယ်၊
အမယ်လေး ဆန်းမပျက်မြဲပေမို့၊
နန်းကနက် ဖဲမှာဖြင့်၊
မောင်ကြီးရေ ... ပန်းရမက်ကဲ ... ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse