မိုးကမ္မဝါစာတမ်း/မိုးကမ္မဝါ ဖတ်ပွဲ အစီအစဉ်

From Wikisource
Jump to navigation Jump to search
မိုးကမ္မဝါစာတမ်း by လယ်တီဆရာတော်

မိုးကမ္မဝါ ဖတ်ပွဲ အစီအစဉ်

ဤမိုးကမ္မဝါကြီးကို ဖတ်ကြရာ၌လည်း မုံရွာမြို့ လယ်တီတိုက်မှာ မိုးပရိတ်ကြီးကို ဖတ်ကြရာ၌ကဲ့သို့ ဘုရားပူဇော် ပသပြီးမှ ဤ မိုး ကမ္မဝါကြီးကို ဖတ်ကြကုန်ရမည်၊ ဖတ်ကြကုန်ရာ၌လည်း မိုးပရိတ်ကြီး မှာ ရဟန်းသံဃာများ မပါဘဲ လူဖြစ်သူတို့ချည်းပင် ဖတ်ရ၏၊ ဤမိုး ကမ္မဝါ၌မူကား ရဟန်းသံဃာ ၄-ပါးထက် မနည်းစေရ၊ ရဟန်းသံဃာ များလျှင် များတိုင်း ကောင်း၏၊ ပုဒ် ပါဌ် အက္ခရာကို မှန်ကန်စွာ သိတတ် ဖတ်တတ်သော ရဟန်းတစ်ပါးက စာကိုကြည့်၍ တိုင်ရမည်၊ ကျန်ရှိသော ရဟန်းတို့က တညီတညာလိုက်၍ ရွတ်ဆိုကြကုန်ရမည်၊ အညီအညာ လိုလှ၏၊ ကြားနာသော သူတို့၏ နား၌ ပုဒ် အက္ခရာပီသစွာ ကြားနိုင် လောက်အောင် ညီညာကြစေရမည်။

မိုးကမ္မဝါကြီး ပြုလုပ်သောနေ့တွင် နံနက်တစ်ကြိမ်, နေ့လည် တစ်ကြိမ်, ညနေတစ်ကြိမ်ဖတ်ကြရာ၌ တစ်ကြိမ် တစ်ကြိမ်မှာ တစ်နာရီခွဲ မျှ ကြာစေရမည်၊၂-ခေါက်ထက်လည်း မနည်းစေရ၊ ထို့ထက် အခေါက် များနိုင်လျှင် သာ၍ကောင်း၏၊ ရဟန်းခံ ကမ္မဝါ-စသည်တို့၌ကဲ့သို့ ပြင်းထန်စွာ ရွတ်မှုမလိုလှ၊ အသံကျယ်စွာ ရွတ်မှုသာ လိုလှ၏။

မိုးကမ္မဝါဖတ်ပွဲ အစီအရင် ပြီး၏၊