မိဖုရားဖွားစောကျောက်စာ

From Wikisource
Jump to navigation Jump to search
မိဖုရားဖွားစောကျောက်စာ (634 ME) 
by မိဖုရားဖွားစော

ဤသို့အတုမဲ့လျှင်ငါပြုသောကျောင်းတော်၌ ငါမူသောကောင်းမှု ခပ်သိမ်းသောကို အခါမြင့်မြဲ ပြုသောဖာသောမူစိမ့်သောငှာ၊ တန်လင်းလှည်းစိမ့် သောငှာ၊ ဘုရား၊ တရား၊ သင်ပုတ်၊ ကွမ်း၊ ပန်းမပြတ် ဝတ်လုပ်ကျွေးတင်စိမ့်သောငှာ၊ ဆီမီးမပြတ် ညှိစိမ့်သောငှာ၊ သည်းခံသောသခင်တို့ကို ဆွမ်းပစ္စည်းဖြင့် လုပ်ကျွေးစိမ့်သောငှာ ကျွန်လည်း ငါလှူ၏။ နို့သစ်၊ နို့ထမ်း၊ ရက်တက်၊ ထောပေး၊ ထောပတ်အရသာ ငါးပါးစားစိမ့်သောငှာ နွားလည်းငါလှူ၏။ ဤသို့လျှင် ငါပြုသောကောင်းမှုအကျိုးကား ရေမြေခပ်သိမ်းသောသခင် ဖြစ်ထသော မြတ်စွာသော ငါ့လင်သခင်မင်းကြီး၊ ငါ့သားမင်းကြီး၊ ငါ့မြေးမင်းကြီး၊ ဤမင်းကြီးသုံးယောက်စသော နောင်လာလတ်အံ့သော မင်းခပ်သိမ်းလည်း ငါ့အတူရစေသတည်း။ မင်းသား၊ မင်းသမီး၊ မိဖုရားစသော မောသ်းမခပ်သိမ်း၊ အမတ်စသော ဗိုလ်ပါခပ်သိမ်း၊ အောက်အဝီစိစသော အထက်ဘဝဂ်တိုင်အောင် အတို့ စကြဝဠာ၌နေသော သိကြား၊ ဗြဟ္မာ၊ စတုလောကပါလနတ်မင်း စသော နတ်ခပ်သိမ်း၊ တတော ယမမင်း၊ လူစသော သတ္တဝါခပ်သိမ်းလည်းငါ့ကောင်းမှုအဖို့ ရစေကုန်၏။ သံသရာဆင်းရဲမှ ထွက်မြောက်၍ ဆင်းရဲမဲ့သော နိဗ္ဗာန်ပြည်သို့ ရောက်စေကုန်၏။ ဤသို့ကြီးစွာလျှင် ငါမူသော ကောင်းမှုအကျိုးဖြင့် နိဗ္ဗာန်မရောက်သောကြား လူဖြစ်သော်ကား လူတကာထက် မြတ်သော စည်းစိမ်ချမ်းသာ ငါရလို၏။ နတ်ဖြစ်သော်လည်း နတ်တကာထက်မြတ်သော၊ နိုင်ငံသောအဆင်း၊ အရောင်အဝါနှင့် ပြည့်စုံ၍ အထူးသဖြင့်လျှင် အသက်ရှည်သော၊ အနာမဲ့သော၊ အဆင်းလှသော၊ အသံသာသော၊ အလုံးအရပ်လှသော၊ လူနတ်ခပ်သိမ်း၊ ချစ်ခင်ရိုသေသော၊ မြတ်နိုးသော ငါဖြစ်လို၏။ ရွှေ၊ ငွေ၊ ပတ္တမြား၊ ပုလဲ၊ သန္တာကစသော အသက်မဲ့သောဥစ္စာ၊ အသက်ရှိသော ဆင်၊ မြင်းကစသော ဥစ္စာရတနာများစွာသော ငါဖြစ်လို၏။ ဘုန်းတန်ခိုးဖြင့် အနိုင် အငံ အခြံအရံ အကျော် အစောကြီးစွာသော ငါဖြစ်လို၏။ ဖြစ်လေရာရာအရပ်၌ အလှူသီတင်း သဒ္ဓါပညာကစသော မြတ်သောကျေးဇူးနှင့် ပြည့်စုံလျက် ဆင်းရဲအမှတ်မသိလို။ လူစည်းစိမ် နတ်စည်းစိမ်ခံစားပြီး၍ အဆုံး၌ကား အရဟတ္တဖိုလ်မည်သော မြတ်သောအကျွတ်တရားပွင့်လတ်၍ ငြိမ်သိမ်စွာသော နိဗ္ဗာန်ချမ်းသာ ငါရလို၏။

မိဖုရားဖွားစော

မြန်မာတိုင်းရင်းကျောက်စာများ

ပုံအမှတ် ၂၃၅၊ က၆-၂၁

ရေးထိုးနှစ် ၆၃၄


PD-icon.svg This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago.