ဘုန်းကံကြီးလှ ကိုရင်တိဿ (ဆရာ)

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁၄) ဘုန်းကံကြီးလှ ကိုရင်တိဿ (ကျောင်းသားကိုင်သို့)
339306ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁၄) ဘုန်းကံကြီးလှ ကိုရင်တိဿ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၄)

ဘုန်းကံကြီးလှ ကိုရင်တိဿ

သင်ယူမှုဦးတည်ချက် ။ ။ ဘုန်းကံကြီးမားရသည့်အကြောင်းရင်းဖြစ်သော ပေးကမ်းစွန့်ကြဲခြင်းအကြောင်း ကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင်လေး ရာဟုလာပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကို မေးပါ။

-ကိုရင်ဝတ်ဖူးတဲ့သူ ရှိသလား။
-“ရှိပါတယ်”ဟု ဖြေကြသော ကလေးများအား “ကိုရင်ဝတ်ရင် ဘာတွေလုပ်ရသလဲ။ ဘယ်လိုဘုရားစာတွေ ဆိုရသလဲ” စသည်ဖြင့် မေးမြန်းပါ။ ၎င်းတို့ အတွေ့ အကြုံများ ကိုလည်း ပြောပြကြပါစေ။

[သတိပြုရန် 1]

֍ထို့နောက် ရုပ်ပုံကိုပြ၍ သင်ခဲ့ပြီးသော ကိုရင်လေးရာဟုလာအကြောင်းကို မှတ်မိ သလောက် ပြောကြည့်ပါစေ။ ပြောလိုသော ကလေး (၃)ဦးခန့်အား အကြောင်းအရာ မထပ်စေဘဲ ပြောခွင့်ပေးပါ၊

֍အောက်ပါအတိုင်း ထပ်၍ မေးပါ။

-ကိုရင်တွေကို ဘယ်သူတွေက ရှိခိုးကြလဲ၊ မြင်ဖူးကြသလား” ဟူပြီးမေးပါ။
-ကိုရင်လေးတွေကို အသက်ကြီးတဲ့သူတွေက ဘာလို့ရှိခိုးကန်တော့ကြတယ်လို့ ထင်လဲ။ ကလေးများ ထင်မြင်သည့်အတိုင်း ပြောကြပါစေ။

֍နောက်ဆုံးတွင် ဆရာက ကိုရင်လေးများသည် အရွယ်ငယ်သော်လည်း ဘုရား သားတော်များ ဖြစ်သောကြောင့်လည်းကောင်း၊ ဘုရားစာပေများကို သင်ယူနေကြသော ကြောင့်လည်းကောင်း လူကြီးများက ရှိခိုးကန်တော့ရကြောင်း ပြောပြပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ကိုရင်တိဿဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု အသက်ခုနစ်နှစ်အရွယ်ပင် ဖြစ်သော်လည်း ဘုန်းကံအလွန်ကြီးမားတဲ့ ကိုရင် လေးတိဿ အကြောင်းပြောပြမယ်” ဟုဆိုပြီး ရုပ်ပုံများပြ၍ပြောပါ။

ကိုရင်တိဿ

ဟိုးရှေးရှေးတုန်းက တိဿလို့ အမည်ရတဲ့ သူဌေးသားလေးတစ်ဦး ရှိခဲ့တယ်။ သူဌေးသားလေးကို ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိခင်ဖြစ်သူဟာ ရဟန်းတော်တွေကို နို့ဆွမ်းလှူချင်စိတ်တွေ ဖြစ်ခဲ့တယ်။ ယောဂီရောင်အဝတ်ကို ဝတ်ပြီး ရဟန်းတော်တွေရဲ့ စားကြွင်းစားကျန်တွေကို စားချင်စိတ်တွေ ဖြစ်ခဲ့တယ်။ အဲဒီအချိန်ကစပြီး သူဌေးသားလေး ကို မွေးဖွားလာတဲ့အထိ မကြာခဏ အလှူဒါနများ ပြုလုပ်ခဲ့ကြတယ်။

[သတိပြုရန် 2]

သူဌေးသားလေးရဲ့ မွေးနေ့ပွဲမှာ အရှင်သာရိပုတ္တရာ ဦးဆောင်တဲ့ ရဟန်းတော် | ဇာတ်လမ်းကို ပြောပြနေ တွေကို ပင့်ဖိတ်ပြီး အလှူလုပ်တယ်။ သီလခံယူဖို့ ကလေးကို ချီလိုက်တဲ့အခါ တန်ဖိုးကြီး - စဉ် ခဏရပ်၍ အလှူဒါန တဲ့ အိပ်ရာခင်းကို လက်ချောင်းငယ်လေးတွေနဲ့ အတင်းဆွဲထားတယ်။ လူကြီးတွေက ဖယ် ပြုလုပ်ခြင်း၊ သီလခံယူခြင်း ထုတ်တဲ့အခါ ကလေးကငိုပါတယ်။ ဒါကြောင့် အိပ်ရာခင်းနဲ့အတူ ကလေးကို အရှင်သာရိ စသော စကားလုံးများကို ပုတ္တရာရဲ့ ရှေ့ကို ချီသွားရပါတယ်။ အရှင်သာရိပုတ္တရာရှေ့ကိုရောက်မှ ကလေးက အိပ်ရာ ရှင်းလင်း ပြောပြပေးပါ။ ခင်းကို လွှတ်ချလိုက်တယ်။ အဲဒီအခါ မိဘတွေက “အရှင်ဘုရား၊ သားငယ်လေးက အရှင်

ဘုရားကို လှူချင်လို့ ဖြစ်ပါလိမ့်မယ်၊ အိပ်ရာခင်းကို လက်ခံတော်မူပါ”လို့ လျှောက်ထားပါ တယ်။ သားငယ်လေးက လှူချင်စိတ် ထက်သန်လွန်းတာကို သိတဲ့အတွက် မိဘတွေက အလှူလုပ်တိုင်းမှာ အကောင်းမွန်ဆုံးဖြစ်တဲ့ နို့ဆွမ်းကိုပဲ လှူပါတယ်။

သူဌေးသားလေးဟာ အသက်ခုနစ်နှစ်အရွယ်ရောက်တဲ့အခါ ကိုရင်ဝတ်လို ကြောင်း မိဘထံမှာ ခွင့်တောင်းတော့ မိဘတွေကလည်း ခွင့်ပြုလိုက်တယ်။ ကိုရင်လေး ဟာ အတိတ်ဘဝတွေက ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ခဲ့တော့ စားစရာတွေ၊ ဝတ်စရာ သင်္ကန်းတွေ အလွန်ပေါများတယ်။ ကိုရင်လေး ဆွမ်းခံကြွတဲ့အခါတိုင်း သင်္ကန်း အစုံငါးရာ၊ ဆွမ်းအုပ်ငါးရာ အမြဲရတယ်။ အဲဒါတွေအားလုံးကို သိမ်းမထားဘဲ ကျောင်းမှာရှိ တဲ့ ရဟန်းတွေ၊ ကိုရင်တွေကို အကုန်လှူပစ်တယ်။ ဒါကြောင့် ကိုရင်လေးကို “ဆွမ်းဒကာ ကြီး တိဿ”လို့ အမည်ပေးကြတယ်။

တစ်နေ့ ကိုရင်တိဿဟာ ချမ်းလွန်းလို့ မီးလှုံနေကြတဲ့ ရဟန်းတွေ၊ ကိုရင်တွေကို တွေ့ သွားတယ်။ အဲဒီအခါ ကိုရင်လေးက “အရှင်ဘုရားတို့ ... ချမ်းတယ်ဆိုရင် ခြုံစောင် ဘာလို့ မခြုံကြတာလဲ”လို့ မေးလိုက်တယ်။ “ဪ ... ကိုရင်လေးရယ် ... ကိုရင်ကတော့ ဘုန်းကံကြီးမားတော့ လိုချင်တာတွေ ရတာပေါ့၊ တို့မှာတော့ ခြုံစရာ စောင်လေးတစ်ထည် တောင် မရှိဘူး”လို့ ပြန်ပြောကြတယ်။ “ကဲ ဒါဆိုရင် အရှင်ဘုရားတို့ တပည့်တော်နောက် ကို လိုက်ခဲ့ကြ၊ မြို့ထဲသွားပြီး ခြုံစောင်အလှူခံပေးမယ်”လို့ ပြောလိုက်တော့ ရဟန်းတွေ၊ ကိုရင်တွေ အပါး (၁ဝဝဝ) သူ့နောက်ကနေ လိုက်လာခဲ့ကြတယ်။ မြို့ထဲကိုတောင် မရောက်သေးဘူး၊ ခြုံစောင် (၅၀၀) ရသွားတယ်။ မြို့ တွင်းရောက်တဲ့အခါ နောက်ထပ်အစုံ (၅ဝဝ) ကို ထပ်ရသွားခဲ့တယ်။ ဒီလိုနဲ့ ကိုရင်လေးကို ခြုံစောင် ဒကာကြီး တိဿ”လို့ အမည်ပေးကြပြန်တယ်။

ကိုရင်လေးကို ရဟန်းတွေ၊ ကိုရင်တွေအားလုံးကလည်း အလွန်ချစ်ကြတယ်။ လူတွေကလည်း ချစ်ကြတယ်။ အဲဒီတော့ ကိုရင်လေးဆီကို အလည်လာကြတဲ့သူတွေက အလွန်များတယ်။ ဒါကြောင့် ကိုရင်လေးက “ဒီအတိုင်းဆိုရင်တော့ ငါ တရားအားထုတ်ဖို့ အချိန်ရမှာ မဟုတ်ဘူး၊ တောထဲကို သွားပြီး အေးအေးဆေးဆေး တရားအားထုတ် ဦးမှပဲ”လို့ တွေးမိတာနဲ့ တောထဲကို ကြွသွားခဲ့တယ်။ ဒီလိုနဲ့ “တောကျောင်းနေတဲ့ တိဿ” ဆိုပြီး အမည်တွင်သွားခဲ့ပြန်တယ်။ ကိုရင်လေးဟာ ရွာထဲကို ဆွမ်းခံကြွတိုင်း “ကိုယ်စိတ် နှစ်ဖြာ ချမ်းသာကြပါစေ၊ ဆင်းရဲကင်းကြပါစေ”ဆိုတဲ့ ဆုကိုပဲ ပေးလေ့ရှိတယ်။ တရားဟောလေ့ မရှိဘူး။

သီတင်းကျွတ်တဲ့အခါ အရှင်သာရိပုတ္တရာဟာ နောက်ပါ ရဟန်းတွေ အများကြီးနဲ့ ကိုရင်လေးဆီကို အလည်ကြွသွားခဲ့တယ်။ ညနေရောက်တဲ့အခါ ရွာသားတွေက အရှင် သာရိပုတ္တရာကို တရားဟောဖို့ လျှောက်ကြတယ်။ အရှင်သာရိပုတ္တရာက “ဒကာကြီးတို့ရဲ့ ကိုရင်လေးက ဟောပါလိမ့်မယ်” လို့မိန့်တော့ “အရှင်ဘုရား အဲဒီကိုရင်က တရား မဟော တတ်ဘူး၊ သူက “ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ဆင်းရဲကင်းကြပါစေ”ဆိုတဲ့ ဆုလေး ပဲပေးတတ်တာဘုရား”လို့ လျှောက်ကြတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာက “ကိုရင် လေး သင် ဟောနေကျတရားကိုပဲ ငါတို့ကို ဟောကြားပေးပါ”လို့ လျှောက်လိုက်တယ်။ ကိုရင်လေးက အသံနေအသံထား တည်တည်ကြည်ကြည်နဲ့ တရားကို အကောင်းဆုံး ဟောပြလိုက်တော့ ပရိသတ်တွေအားလုံး သဘောကျပြီး ဝမ်းသာအားရ ဖြစ်သွားကြပါ တယ်။ ကိုရင်လေးတရားဟောပြီးတဲ့အခါ ဘုရားရှင်လည်း ကြွတော်မူလာပြီး ကိုရင်လေး ကြောင့် ငါဘုရားရှင်နဲ့ မထေရ်မြတ်တွေကို ဖူးမြော်ခွင့်ရတဲ့အတွက် ရွာသားတွေအနေနဲ့ ကိုရင်လေးကို ကျေးဇူးတင်သင့်ကြောင်း မိန့်တော်မူခဲ့ပါတယ်။ ဒီလိုနဲ့ ရွာသားတွေဟာ ကိုရင်လေးကို ကျေးဇူးတင်ပြီး ဝမ်းမြောက်ပျော်ရွှင်စွာ နေထိုင်သွားခဲ့ကြပါတယ်။

မှီငြမ်း ။ ။ ဝနဝါသီတိဿသာမဏေဝတ္ထု၊ ဓမ္မပဒဝတ္ထုမြန်မာပြန်၊ ဒုတိယတွဲ။ ၂၆၇။ ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၃၃၃။

֍ဇာတ်လမ်းပြောပြီးပါက အောက်ပါမေးခွန်းများ မေးပါ။

-ကိုရင်လေးကို ကိုယ်ဝန်ဆောင်ကတည်းက ဘာတွေထူးခြားသလဲ။ 
-မွေးပြီးတော့လည်း ဘာတွေထူးခြားသလဲ။
-ကိုရင်လေး ဆွမ်းခံကြွတဲ့အချိန်တိုင်း ဘာတွေရသလဲ။ 
-ကိုရင်လေးက ဘာတွေအလှူခံပေးသလဲ။
-ကိုရင်လေးမှာ ဘာနာမည် ထပ်ရသွားလဲ။
-ကိုရင်လေးက အမြဲတး ဘာဆုကိုပေးလေ့ရှိသလဲ။
-အရှင်သာရိပုတ္တရာဟာ ကိုရင်လေးကို ဘာလုပ်ခိုင်းသလဲ။
-ကိုရင်လေး တရားဟောပြီးတော့ ဘယ်သူကြွလာလဲ။ 
-မြတ်စွာဘုရားက ဘယ်သူ့ကို ကျေးဇူးတင်သင့်တယ်လို့ ပြောသလဲ။ 
-သားတို့၊ -သမီးတို့ရော လှူဖူးလား။ ဘာတွေလှူဖူးသလဲ။
-ဘယ်သူ့ကိုလှူတာလဲ။ ဘယ်တုန်းကလဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဘုန်းကံကြီးလှ ကိုရင်တိဿကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဘုန်းကံကြီးလှ ကိုရင်တိဿ” ကဗျာကို ကလေးများ ချောချောမောမော ရွတ်ဆိုနိုင် သည်အထိ ဆရာကဦးဆောင်၍ တိုင်ပေးပါ။ ပြီးလျှင် ယောက်ျားလေးနှင့် မိန်းကလေး များအား တစ်ဖက်တစ်ချက်စီ ရပ်စေပြီး ကဗျာတွင် ရေးထားသည့်အတိုင်း ရွတ်ဆိုပါစေ။

ဘုန်းကံကြီးလှ ကိုရင်တိဿ

ကျား + မ ( ကိုရင်တိဿ ငယ်သေးလှ၊ အသက်ခုနစ်နှစ်ဗျ/ရှင့်။)
ကျား ( ငယ်သော်ငြားလည်း ဘုန်းကံများ၊ အလွန်ကိုကြီးမား။ )
( ဘယ်လိုဘယ်လို ဘုန်းကံများ ပြောပြစမ်းပါလား။ )
ကျား ( ဆွမ်းခံထွက်ရင် ရတာအစဉ်၊ ဆွမ်းအုပ်ငါးရာပင်။
(သင်္ကန်းဆိုရင် ရတာက တစ်ထောင်အတိဗျ။)
( ကြီးမားဘုန်းကံ အကြောင်းမှန်၊ တဖန်သိလိုပြန်။ )
ကျား ( သိလိုပါက ပြောမယ်ပ၊ သေချာနားထောင်ကြ။
လှူဒါန်းလိုတဲ့ ဝါသနာ၊ အမိဝမ်းထဲကပါ။
နို့ဆန်ပြုတ်နဲ့ သင်္ကန်းမြတ်၊ လှူတယ်အဆက်မပြတ်။ )
( လှူတဲ့အခါ စိတ်ကြည်သာ၊ စေတနာအပြည့်ပါ။ )
ကျား+မ ( ဘုန်းကံကြီးမား ကိုရင်အား၊ ရိုသေစွာညွတ်တွား။ အတုယူကြမယ်ဗျား/ရှင့်။)

֍မိန်းကလေးများနှင့် ယောက်ျားလေးများ ရွတ်ဆိုရမည့်နေရာကို အလှည့်ကျပြောင်း၍ လည်း ရွတ်ဆိုနိုင်ပါသည်။

֍ကဗျာရွတ်ဆိုပြီးပါက အောက်ပါမေးခွန်းများမေးပါ။

-ကိုရင် တိဿဟာ အသက်ဘယ်နှနှစ်ရှိပြီလဲ။
-ကိုရင်တိဿဟာ ဘာကြောင့် ဘုန်းကံကြီးမားတာလဲ။
-ဘာကြောင့် ကိုရင်တိဿကို အားကျအတုယူသင့်တာလဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဖြတ်ဆက်ပြုလုပ်ရန် ရုပ်ပုံ (ကိုရင်လေးတိဿ တရားဟောနေစဉ် လူအများက နှစ်သက်စွာ တရားနာယူနေကြပြီး အရှင်သာရိပုတ္တရာမထေရ်မြတ် နှင့် အခြားမထေရ်ကြီးများကပါ တရားနာယူနေကြပုံ)။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား အုပ်စု (၄) စု ဖွဲ့ပြီးလျှင် ဖြတ်ဆက်ပြုလုပ်ရန် ရုပ်ပုံတစ်ခုစီကို ပေးပါ။

֍အမြန်ဆုံးနှင့်မှန်အောင် ဖြတ်ဆက်ပြုလုပ်နိုင်သော အုပ်စုကို အားလုံးက လက်ခုပ်တီး၍ အားပေးပါ။

֍အကယ်၍ အချိန်ရပါက ကလေး (၃) ဦးခန့်အား ဇာတ်လမ်းကို မှတ်မိသလောက် ပြောပြကြပါစေ။

֍နောက်ဆုံးတွင် ဆရာက “မိမိစားမည့် အစားအသောက်နှင့် အဝတ်အထည် စသည် တို့ကို စေတနာအပြည့်နှင့်လှူပါက ကိုရင်တိဿကဲ့သို့ လာဘ်ရွှင်ပြီး ဘုန်းကံကြီးမားနိုင် ကြောင်းပြောပြပြီး “သူတစ်ပါးအား ပစ္စည်း၊ စားစရာများ လှူဒါန်းပေးကမ်းလိုသော သားလိမ္မာ၊ သမီးလိမ္မာလေးများ ဖြစ်ကြပါစေ” ဟု လို့ ဆုတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများ မပြောပြနိုင်လျှင် ကိုရင်လေးများ အကြောင်းအကျဉ်းချုပ်ကို ဆရာက ပြောပြပေးပါ။
  2. ဇာတ်လမ်းကို ပြောပြနေ စဉ် ခဏရပ်၍ အလှူဒါန ပြုလုပ်ခြင်း၊ သီလခံယူခြင်း စသော စကားလုံးများကို ရှင်းလင်း ပြောပြပေးပါ။