ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၄။ ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ
326928ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၁၄။ ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၄)

ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ[edit]

မိဘပြုစုသော ဆင်လိမ္မာလေး

ရှေးအခါက တောအုပ်ကြီးတစ်ခုတွင် မျက်မမြင်မိဘနှစ်ပါးကို ကျွေးမွေးပြုစုနေသော ဆင်ဖြူတော် လေးတစ်စီး ရှိပါသည်။ တစ်နေ့တွင် ဆင်ဖြူတော်လေးသည် တောထဲ၌ မျက်စိလည်နေသော မုဆိုး တစ်ယောက်ကို အိမ်ပြန်ရန် လမ်းပြပေးခဲ့သည်။

ကျေးဇူးကန်းသော မုဆိုးသည် ဆင်ဖြူတော်လေးရှိရာအရပ်ကို ဘုရင်ကြီးအား လျှောက်တင် လိုက်လေသည်။ ဘုရင်ကြီးသည် ဆင်ထိန်းများကို ခေါ်ပြီး ဆင်ဖြူတော်လေးကို ဖမ်းခိုင်းလိုက်ပါသည်။ ဆင်ဖြူတော်လေးသည် နန်းတွင်းရောက်သောအခါ အစားအသောက်ကောင်းများ ကျွေးသော်လည်း မစား မသောက်ဘဲ နေလေသည်။

ဘုရင်ကြီးက ဆင်ဖြူတော်လေးအား “အဘယ့်ကြောင့် အစာမစားရသနည်း”ဟု မေးလေ၏။ ဆင်ဖြူတော်လေးက “ကျွန်ုပ်သည် မျက်မမြင်မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးနေသူ ဖြစ်ပါသည်၊ ကျွန်ုပ်မရှိလျှင် မိဘများ စိုးရိမ်သောကရောက်ပြီး သေဆုံးကုန်လိမ့်မည်ဟု တွေးမိပြီး အစာမစားနိုင်ဖြစ်နေပါသည်”ဟု ဖြေကြားလိုက်သည်။ ထို့ကြောင့် ဘုရင်ကြီးသည် မိဘကို လုပ်ကျွေးနေသော ဆင်ဖြူတော်လေးကို လေးစားသွားပြီး တောထဲသို့ ပြန်လွှတ်လိုက်လေသည်။

ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ[edit]

မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊
ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊
မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊
အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး၊ ပြုစုရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ။ ။

သားသမီးကျင့်ဝတ်[edit]

ကျွေးမွေးမပျက်၊
ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊
လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊
ဝတ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့တာ။ ။