ပျင်းရိစိတ်များ တို့ပယ်ရှား

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၈။ ပျင်းရိစိတ်များ တို့ပယ်ရှား
326996ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၃၈။ ပျင်းရိစိတ်များ တို့ပယ်ရှားဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၈)

ပျင်းရိစိတ်များ တို့ပယ်ရှား[edit]

မောင်ပျင်း ရှေးအခါက တက္ကသိုလ်ပြည်ရှိ ဒိသာပါမောက္ခဆရာကြီးထံ၌ တပည့်ပေါင်းငါးရာ ပညာသင် ယူနေကြသည်။ တပည့်များသည် ဆရာကြီးအား ဝတ်ကြီးဝတ်ငယ် ပြုစုပေးကြသည်။ ထို့ပြင် ဆရာကြီး၏ အိမ်နှင့် ကျောင်းအတွက်လည်း ဝိုင်းဝန်းလုပ်ကိုင်ပေးကြ၏။

တစ်နေ့သ၌ တပည့်တို့သည် တောထဲသွား၍ ထင်းခုတ်ကြသည်။ ထိုတပည့်များထဲတွင် အလွန် ပျင်းသော ကျောင်းသားတစ်ယောက် ပါ၏။ သူသည် “မောင်ပျင်း”ဟူသော အမည် ရလောက်အောင်ပင် ပျင်းရိသူ ဖြစ်သည်။ အခြားတပည့်များက ထင်းများကို ကြိုးစားပမ်းစား ခုတ်နေကြသော်လည်း မောင်ပျင်း သည် “အချိန် ရှိသေးတယ်၊ ငါ ဒီသစ်ပင်ရင်းမှာ ခဏ အိပ်လိုက်ဦးမယ်၊ ဒီသစ်ပင်ဟာ ခြောက်သွေ့နေတယ်၊ အိပ်ရာက နိုးမှ သစ်ကိုင်းခြောက်တွေ ချိုးပြီး ပြန်မယ်”ဟု ကြံစည်၍ အိပ်နေလိုက်သည်။

အခြားကျောင်းသားအားလုံး ထင်းခုတ်ပြီး ပြန်ခါနီးသောအခါ အိပ်နေသော မောင်ပျင်းကို တွေ့သ ဖြင့် နိုးကြသည်။ ထိုအခါမှ မောင်ပျင်းသည် ထလာ၍ မျက်စိကို ပွတ်ကာ သစ်ကိုင်းချိုးရန် သစ်ပင်ပေါ်သို့ တက်လေသည်။ အိပ်ချင်စိတ် မပြေသေးဘဲ သစ်ပင်ပေါ်တက်၍ သစ်ကိုင်းများကို ဆွဲချိုးရာ ကျိုးထွက် လာသော သစ်ကိုင်းစွန်းက သူ့မျက်စိကို ထိုးဖောက်သွားလေသည်။ ထို့ကြောင့် မောင်ပျင်းသည် ရရာ သစ်ကိုင်းစိုများကိုသာ ချိုးပြီး ပြန်လာခဲ့သည်။ ကျောင်းသို့ ပြန်ရောက်သောအခါ သစ်ကိုင်းအိုကို ထင်းပုံပေါ် ပစ်ထားလိုက်သည်။

ထိုနေ့၌ အခြားရွာမှ ရွာသားတစ်ဦးသည် ဗေဒင်ကျမ်းများကို ရွတ်ဖတ်သရဇ္ဈာယ်ရန် လာဖိတ် သည်။ ဆရာကြီးက “တပည့်တို့ ....... မနက်ဖြန် ဟိုဘက်ရွာကို သွားရမယ်။ အစာမစားဘဲ မသွားကြနဲ့၊ မနက်စောစော ယာဂု (ဆန်ပြုတ်) ကျိုခိုင်းပြီး သောက်သွားကြ၊ ဟိုရောက်ရင် ဗေဒင်မန္တာန် ရွတ်ဖတ် ၂ ပေးပြီး ရသင့်တဲ့အစုကို ယူပြီး ပြန်လာကြ”ဟု မှာကြားလေသည်။

တပည့်များသည် ထမင်းချက်ကို မနက်စောစော ထ၍ ယာဂုကျိုပေးရန် ပြောထားသည်။ ထမင်း ချက်လည်း မနက်စောစော ထ၍ မီးမွှေးသောအခါ ထင်းပုံပေါ်မှ ထင်းအစိုများကို ယူမိပြီး မီးမွှေးရာ မီးမတောက်နိုင်ဖြစ်နေ၏။ ထမင်းချက်သည် ကြိုးစားပြီး မီးမွှေးသော်လည်း ထင်းအစိုများကြောင့် မိုးလင်း သည်အထိ မီးမတောက်ဘဲ ဖြစ်နေလေသည်။ ထိုအခါ တပည့်များသည် အချိန်လွန်သွားသောကြောင့် သွားရန် အဆင်မပြေတော့ကြောင်း ဆရာကြီးအား ပြောပြကြ၏။

ဆရာကြီးက “ဘာကြောင့် မသွားဖြစ်ကြတာလဲ”ဟု မေးရာ တပည့်များက အကြောင်းစုံ ရှင်းပြ ကြသည်။ ထိုအခါ ဆရာကြီးက မောင်ပျင်းကို “သင်ဟာ မိုက်မဲတဲ့သူ ဖြစ်တယ်၊ အလုပ်တစ်ခုကို လုပ်ရမယ့် အချိန်မှာ မလုပ်ဘဲ အချိန်လွန်မှ လုပ်တဲ့အတွက် အခုလို ဆုံးရှုံးရခြင်း ဖြစ်တယ်၊ သင့်ရဲ့ ပျင်းရိမှုကြောင့် အခု အားလုံး အခက်အခဲ တွေ့ကြရတယ်၊ နောင် ဒီလိုမလုပ်နဲ့”ဟု ဆုံးမစကား ပြောဆိုလေသည်။ ထိုအခါ မောင်ပျင်းလည်း သူ့အပြစ်ကို ဝန်ခံပြီး “နောင်ကို မပျင်းတော့ပါဘူး”ဟု ဆရာကြီးအား ကတိပေးလိုက်လေသည်။

နိုးကြားတက်ကြွ ကြိုးစားကြ[edit]

ပန်းဖူးလေးတွေ အချိန်မီစွာ သူ့တာသူ့ထမ်း
သူ့အလှပွင့်လန်း မိုးလင်းခဲ့ပြီ
သူငယ်ချင်းတို့ရေ ... ကိုယ့်ဟာကိုယ်ထမ်း
ကိုယ့်ရဲ့ လုပ်ငန်း ပျင်းရိစိတ်တွေ ပယ်ရှားကာ
နိုးကြားတက်ကြွ ကြိုးစားကြမှ
အောင်မြင်ခြင်းရဲ့ ပန်းတိုင်ဆီ
ရာသီအချိန်မီ တို့ရောက်နိုင်မည်။