နိုင်ငံတော်ယာယီသမ္မတ၏ ကြေညာချက်

From Wikisource
Jump to navigation Jump to search
နိုင်ငံတော်ယာယီသမ္မတ၏ ကြေညာချက်  (1948) 
by စဝ်ရွှေသိုက်

ပြည်ထောင်စုမြန်မာနိုင်ငံ
သမတအိမ်တော်၊ ရန်ကုန်မြို့။
နိုင်ငံတော်ယာယီသမတ၏ကျေညာချက်။
၁၃၀၉ ခု၊ ပြာသိုလဆုတ် ၉ ရက်။
(၁၉၄၈ ခု၊ ဇန္နာဝါရီလ ၄ ရက်။)

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်ယာယီသမတက ထိုဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေသည် သက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက် (၁၉၄၈ ခု၊ ဇန္နာဝါရီလ ၄ ရက်) နေ့မှစ၍ အာဏာတည်ရမည်ဟု အောက်ပါအတိုင်း ထိုနေ့တွင် ကျေညာသည်။

“ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံတော် ယာယီသမတဖြစ်သော ကျွန်ုပ် စဝ်ရွှေသိုက်သည်၊ တိုင်းပြည်ပြုလွှတ်တော်က ဥပဒေအဖြစ်အတည်ပြုလိုက်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား၊ ၁၃၀၉ ခု၊ ပြာသိုလဆုတ် ၉ ရက် (၁၉၄၈ ခု၊ ဇန္နာဝါရီလ ၄ ရက်) နေ့တွင် အာဏာတည်ရမည်ဟူ၍ ကျေညာလိုက်သည်။
စဝ်ရွှေသိုက်။”

အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၂။]