နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၇/၂၀၂၁

From Wikisource
Jump to navigation Jump to search
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း  (2021) 
by အောင်လင်းဒွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း)

အမိန့်အမှတ် (၁၇/ ၂၀၂၁)

၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းလိုက်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်-

(၁) စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဥက္ကဋ္ဌ
(၂) တပ်မတော်အရာရှိကြီး (၁) ဦး အဖွဲ့ဝင်
(၃) ဒေသကိုယ်စားပြုသူ (၁) ဦး အဖွဲ့ဝင်
(၄) သက်ဆိုင်ရာခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး အဖွဲ့ဝင်
(၅) သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
(၆) သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူး အတွင်းရေးမှူး


အမိန့်အရ

(ပုံ) အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ