နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၁

From Wikisource
Jump to navigation Jump to search
တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း  (2021) 
by အောင်လင်းဒွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

(တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း)

အမိန့်အမှတ် (၁၆/၂၀၂၁)

၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းလိုက်သည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်-

(၁) စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဥက္ကဋ္ဌ
(၂) တပ်မတော်အရာရှိကြီး (၁) ဦး အဖွဲ့ဝင်
(၃) ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး အဖွဲ့ဝင်
(၄) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး အဖွဲ့ဝင်
(၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး အဖွဲ့ဝင်
(၆) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး အတွင်းရေးမှူး


အမိန့်အရ

(ပုံ) အောင်လင်းဒွေး

ဒုတိယဗိုလ်ချုပ်ကြီး

အတွင်းရေးမှူး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ