နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် ၂/၈၈

From Wikisource
Jump to navigation Jump to search
ဗဟိုအာဏာပိုင်ဖွဲ့စည်းများကိုဖျက်သိမ်းခြင်း  (1988) 
ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်
(ဗဟိုအာဏာပိုင်ဖွဲ့စည်းများကိုဖျက်သိမ်းခြင်း)
(ကြေညာချက် အမှတ် ၂/၈၈)
ရန်ကုန်မြို့၊ ၁၃၅၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်

(၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)

၁။ အောက်ပါ နိုင်ငံတော်အာဏာပိုင် အဖွဲ့စည်းများကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်သည်။

(က) ပြည်သူ့လွှတ်တော်
(ခ) နိုင်ငံတော်ကောင်စီ
(ဂ) ဝန်ကြီးအဖွဲ့
(ဃ) ပြည်သူ့တရားသူကြီးအဖွဲ့
(င) ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့
(စ) ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့နှင့်
(ဆ) ပြည်နယ်/တိုင်း/မြို့နယ်/ရပ်ကွက်/ကျေးရွာ ပြည်သူ့ကောင်စီအဆင့်ဆင့်။

၂။ ဒုတိယဝန်ကြီးများကို ယနေ့မှစ၍ တာဝန်ရပ်စဲလိုက်သည်။

(ပုံ) စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့