နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်အမှတ် ၁/၈၈

From Wikisource
Jump to navigation Jump to search
တပ်မတော်က နိုင်ငံတော်အာဏာအရပ်ရပ်ကို လုံးဝတာဝန်ယူကြောင်းကြေညာချက်  (1988) 
ပြည်ထောင်စုမြန်မာနိုင်ငံတော်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ကြေညာချက်
(တပ်မတော်က နိုင်ငံတော် အာဏာအရပ်ရပ်ကို လုံးဝတာဝန်ယူကြောင်း ကြေညာချက်)
(ကြေညာချက် အမှတ် ၁/ ၈၈)
ရန်ကုန်မြို့၊ ၁၃၅၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်

( ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)


၁။ နိုင်ငံတော်တစ်ဝန်းလုံးတွင် အဘက်ဘက်မှ ယိုယွင်းနေသော အခြေအနေကို အချိန်မီထိန်းသိမ်း နိုင်ရန်အတွက်၊ ပြည်သူပြည်သားအားလုံးအကျိုးငှာ တပ်မတော်သည် အောက်ပါလက်ငင်းလုပ်ငန်း တာဝန်များကို ထမ်းဆောင်ရန် ယနေ့မှစ၍ နိုင်ငံတော်အာဏာအရပ်ရပ်ကို လုံးဝတာဝန်ယူလိုက်သည် —

(က) တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး။
(ခ) လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး။
(ဂ) ပြည်သူများ၏ စားဝတ်နေရေး ချောင်လည်စေရန် ဤအဖွဲ့မှအစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးရန်နှင့် ပုဂ္ဂလိက၊ သမဝါယမတို့ ဆောင်ရွက်နိုင်အောင်လည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင် ရေး။
(ဃ) အထက်ပါလုပ်ငန်းရပ်များ ပြည့်စုံပြီးလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပပေးရေး။


၂။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းအကောင် အထည်ဖော်နိုင်ရန် လက်ရှိပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကို ဆက်လက်ထားရှိမည်။

၃။ အထွေထွေရွေးကောက်ပွဲကျင်းပသည့် အချိန်တွင် အဆင်သင့်ဖြစ်နေရန်အတွက် စစ်မှန်သော ဒီမိုကရေစီကို လက်ခံကျင့်သုံးမည့် ပါတီအဖွဲ့အစည်းများသည် ယခုအခါမှစ၍ ပြင်ဆင်ဖွဲ့စည်းနိုင်ကြသည်။

၄။ အထက်ပါလုပ်ငန်းရပ်များ အောင်မြင်စေရန်အတွက် လက်ရှိလှုပ်ရှားနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းပါသည်။


(ပုံ)
စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့