နတ်တော်လဘွဲ့ တေးထပ်

From Wikisource
Jump to navigation Jump to search
နတ်တော်လဘွဲ့ တေးထပ်
by အမတ်ကြီး ဦးပေါ်ဦး

ဆောင်းဟေမန် ခါအလုမှာ
မြတ်ဓနု ရာသီ
နတ်တော်လ သိင်္ဂီငယ်
ဆစမ္မီ နေ့ကူး။
ဇောတြိ ညဉ့်နာရီမှာ
မိဂသီ မိုဃ်းလယ်ကမြူး။

နှစ်ဆယ်က တပါဒ်မှီသည်
ဘဝါးငါးလီ ရိပ်ကြူး။
ရွှေသဇင် ပင်ပေါ်ဦးက
ဖူးပွင့်စ စီစီ။
နတ်ဒေဝီ ဆိုသည့်ပွဲကိုလ
ခြိမ့်သဲအောင် ပြုပြန်တော့သည်။

နှင်းသတ်တဲ့ ကြည်ချည်မှာ
တကိုယ်ရည် အကုန်ဆွေးစေဘို့
နတ်ရေးတဲ့ ရွှေဖူးစာ
လွှဲချက်ကနာ။
စက်မယ့်သူ ဝေးကွာသည်
ရှေးကြမ္မာ ကံဟောင်းထင့်လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse