တန်ဆောင်မုန်းလဘွဲ့ တေးထပ်
Jump to navigation
Jump to search
←သီတင်းကျွတ်လဘွဲ့ တေးထပ် | တန်ဆောင်မုန်းလဘွဲ့ တေးထပ် by |
နတ်တော်လဘွဲ့ တေးထပ်→ |
မိုဃ်းဝသန် ချိန်ဆုံးလို့
တန်ဆောင်မုန်း ဗြိစ္ဆာ
ဘဝါးနှစ် စွန်းကာဝယ်
ကြတ္တိကာ ကြယ်မင်း။
ခဝဲပွင့် မာလာငယ်
သည်ချိန်ခါ မွှေးထုံပျံသင်း။
ဗာတ္တိံသ ညဉ့်နာရီ
အဋ္ဌ်စမ္မီ နေ့သွင်း။
မြောက်လေပြေ ဆော်ညှင်းလို့
အမင်းမင်း ရာဇာ။
ဉာတ်ကထိန် ခါသမယပေပို့
မဟာဒါန ပြုကြပေရှာ။
ဆယ်ရှစ်လုံး ပါဒ်သုညမှာ
သံသရာ နောင်အရေးကိုလ
ထောက်ထွေးကြံဆင်ခြင်
ကင်းလွတ်ကြောင်းအင်။
မြတ်ပုည အပေါင်းဆင်သည်
ကောင်းစွာပင် ပျော်ပွဲပလေး။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago. |