တေမိယဇာတ်တော်ကြီး/နိဂုံး

From Wikisource
Jump to navigation Jump to search
တေမိယဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
နိဂုံး

“ပုရေ ရာဇာ မဟေသိယာ၊ ဂစ္ဆတေတ္ထ သမာဂမံ။

တဿတ္ထေပိ ဝှယေ ဂါမေ၊ လေသာလီနတ္ထဒီပကေ။”

“သေဋ္ဌဌာနေ သုသောဘန္တေ၊ နာနာစေတိယဥဏှိသေ။

မဟာထေရဿ ဝဏ္ဏိဿ၊ မယာ သိဿေန ဒဿိနာ။”

“ဩဘာသောဣတိနာမေန၊ ရစိတာယ ဝိဘာဝနီ။

အဋ္ဌမာပိ ကတာ ဒါနိ၊ ယာ တေမိယဝိဘာဝနီ။”

“ယာစိတေန ပရတ္တတ္ထံ၊ အတ္ထဒက္ခိနုပါသကေ။

ဖုလ္လာလိနေ ဇိနဉ္စက္ကေ၊ သက္ကရာဇေ ပိယာ ဝိဒေ။”

“ဇုဏှေ ကာ ဒသမေ မာဃေ၊ သီတဂါဟေစ နိဋ္ဌိတာ။

ဗြိဿေ စန္ဒိမသံသုတ္တေ၊ မိဿေ ပတ္တေ စ လက္ခဏံ။”

“သုဒ္ဓေန စေတသာ မယှံ၊ ယထာ ကတဿ သိဒ္ဓိတံ။

မမဉ္စ သိဒ္ဓိ တိစ္ဆိတံ၊ သဗ္ဗေသဉ္စ သုဒဿိတံ။”

“ဝိဘဇမေကမေကံဝ၊ ဣမိနာ စ ဘဝါမဟံ။

ဣတော နိဗ္ဗာနသမ္ပတ္တိ၊ ကိစ္စေ နိဒါန ကောဝိဒေါ။”

“အဘူတေပိ ဘူတေ ဉာဏံ၊ ဉာဏေ လဘာမိ ဓိဋ္ဌတံ။

အဋ္ဌာနေန ယောဇေန္တောပိ၊ ဌာနေ နိဒါနကောဝိဒေါ။”

“ပတ္ထိတိစ္ဆိတ သမ္ပတ္တိံ၊ ဓမ္မိယာ သုခုမလဒ္ဓကော။

သုဝိမုတ္တော အနိဋ္ဌေဟိ၊ ဣဋ္ဌေဟိ စ ပုရက္ကရော။”

“သဗ္ဗပဌမံဝ ပူရေန္တော၊ သုဝဟန္တော ပရံဟိတေ။

ဗန္ဓူ မမာနုဝတ္တေဝ၊ လဘေ ဝိတော ဝိသမကာ။”

“နေယျေ နာယကဉာဏေန၊ ဝိသမေ သမကာရကော။

မမ ဗလေ သုပရိသော၊ ဉာတိမိတ္တာန မတ္ထဓာရော။”

“သံသုဒ္ဓဂတိသမ္ပန္နော၊ သန္တဝိဇ္ဇေ သုခံ ဝိဇ္ဇော။

ဧတေနုပနိဿယေန၊ အခီဏဉာဏဘောဂဝါ။”

“ပါရမိယောဝ ပူရေတွာ၊ ယထာဘူတံ ဘဝါဘဝေ။

ဗုဒ္ဓက္ကရေ စ ဗုဒ္ဓတ္တံ၊ ဗောဓိံ ဗောဓေမိ ပစ္ဆိမေ။”

“ပမောဒန္တိ သုဏန္တာ စ၊ ယေ မေ ပုညဉ္စ တံ ဖလံ။

ဘူပါလော စ ဉာတိမိတ္တာ၊ တဒညာပိ သမံ လဘေ။”

“သာသနံ ရက္ခန္တု ဒေဝါ စ၊ ရာဇာ သန္တိစ္ဆ ပူရဏော။

ပဇံ ပါလေတု ဓမ္မေန၊ သုဘိက္ခော ဟောတု သဗ္ဗဒါ။”

“စိရံ တိဋ္ဌတု သဒ္ဓမ္မော၊ သဗ္ဗေ ဝဍ္ဎန္တု မင်္ဂလံ။

ဣဒံ ပုညံ နုမောဒန္တု၊ မမ ပုညဿ တေဇသာ။”

ပုရေ၊ ရှေးသက္ကရာဇ်မပြည့်မီ ၈၀၀-တွင်း၌။ ရာဇာ၊ ဂူကြီးဒါယကာ မိုးညှင်းမင်းတရားကြီးသည်။ မဟေသိယာ၊ ဘို့မယ်အမည် ထင်ရှားသောမိဖုရားနှင့်။ ဧတ္ထ၊ ဤအရပ်၌။ သမာဂမံ၊ မာန်ကင်းသည်ဖြစ်၍ နူးညံ့ခံ့ညားသဖြင့် အညီအညွတ်ပေါင်းမိခြင်းသို့။ ဂစ္ဆတိ ကိရ၊ ရောက်သတတ်။ (ပုရေသဒ္ဒါနောက် ကိရပုဒ်ကြေသည်)။ တံ တေန ကာရဏေန၊ ထိုသို့ မင်း ၂-ပါးတို့၏ ဖူးမြင်ကြည်နူး ပူးဆုံရာဖြစ်သောကြောင့်။ အဿ ပဒဿ၊ ထို ရာဇသမာဂမော ဟူသောပုဒ်၏။ အတ္ထေပိ-အတ္ထေနပိ၊ အနက်အားဖြင့်လည်း။ အဝှယေ၊ “မင်းပူး”ဟု ခေါ်ဝေါ်အပ်သော။ ဂါမေ၊ ရွာ၌။ (အတ္ထေပိ၌ အပိသဒ္ဒါဖြင့် မင်္ဂလံ ပူရေတီတိ မင်းပူး။ မံ သိရိံ ပရိသံ ဝါ ပူရေတီတိ မင်းပူး။ စသည်တို့ဖြင့် သဒ္ဒါအားလျော်စွာ ရထိုက်သမျှသောအနက်တို့ကို ပေါင်းသည်။) ဝဏ္ဏိဿ၊ ပရိယတ္တိ အစရှိသောဂုဏ်နှင့် ပြည့်စုံထသော။ ဝါ၊ သူတော်ကောင်းတို့သည် ချီးမွမ်းအပ်ထသော။ မဟာထေရဿ၊ မဟာထေရ်မြတ်၏။ သေဋ္ဌဌာနေ၊ မြတ်သောနေရာဖြစ်ထသော။ ဝါ၊ မြတ်သောသူတို့၏နေရာဖြစ်သော အရှေ့မျက်နှာအဖို့၌။ နာနာစေတိယဥဏှိသေ၊ မကိုဋ်ပန်းကုံးကဲ့သို့ ညွတ်ရုံးကိုးကွယ် တည်ထားအပ်သော စေတီ, မုခ်, လိုဏ် အဆူဆူဖြင့် တင့်တယ်စွာသော ဘုရားကုန်း,တောင်လျဉ်လျှင် ဦးရစ်သင်းကျစ်သဖွယ် ရှိထသော။ သုသောဘန္တေ၊ စာပေသင်ခြင်း စသည်တို့ဖြင့် မဆိတ်မညံသည်ဖြစ်၍ ကောင်းစွာ တင့်တယ်ထသော။ လေသာလီနတ္ထ ဒီပကေ၊ ကွယ်ဝှက်သောအနက်ကိုပြရာ “လေသာ”အမည်ရှိသော ကျောင်းတိုက်၌။ အဿ ထေရဿ၊ ထိုမဟာထေရ်မြတ်၏။ သိဿေန၊ လက်ရင်းငယ်တပည့်လည်း ဖြစ်ထသော။ ဒဿိနာ၊ ကိုယ့်စီးပွား,သူ့စီးပွား ၂-ပါးကို ရှုလေ့ရှိထသော။ သြဘာသော ဣတိနာမေန၊ “သြဘာသ”ဟူ၍ ခေါ်ဝေါ်အပ်သော အမည်ရှိထသော။ မယာ၊ ငါသည်။ ရစိတာယ၊ ရေးစီထုတ်ပြအပ်သော။ ဝိဘာဝနီ-ဝိဘာဝနိယာ၊ မဟာနိပါတ် ဇာတ်တော်ကြီးအဖွင့်ဝတ္ထု၌။ ဝါ၊ မဟာဇာတကဝိဘာဝနီ အမည်ရှိသောဝတ္ထု၌။ သမဘိနိဝိဋ္ဌာ၊ ကောင်းစွာအကျုံးဝင်သော။ အဋ္ဌမာပိ၊ ၈-ကြိမ်မြောက်လည်းဖြစ်ထသော။ ဒါနိ-ဣဒါနိ၊ ယခု။ ယာ တေမိယ ဝိဘာဝနီ၊ အကြင်တေမိ ဇာတ်တော်အဖွင့်ကို။ ဝါ၊ တေမိယဝိဘာဝနီကို။ (ကတာ-ဟူသောပုဒ်မှာ စပ်)။ ပရတ္တတ္ထံ-ပရအတ္တတ္ထာယ၊ သူတစ်ပါးအကျိုး, မိမိအကျိုးအလို့ငှာ။ အတ္ထဒက္ခိနာ၊ အကျိုး၂-ပါးကို မြင်လေ့ရှိထသော။ ဥပါသကေ-ဥပါသကေန၊ ကျောင်းတကာ “မောင်ဝ”အမည်ရှိသော ဒါယကာသည်။ ယာစိတေန၊ အဖန်တလဲလဲ တောင်းပန်အပ်သည်ဖြစ်၍။ ကတာ ရစိတာ၊ ရေးစီထုတ်ပြအပ်ပြီ။ ဧသာ တေမိယဝိဘာဝနီ၊ ဤတေမိယဝတ္ထုအဖွင့်သည်။ (နိဋ္ဌိတာမှာစပ်)။ ဖုလ္လာ လိနေ၊ ပိတုန်းတို့၏ ဝတ်ရက်သောက်ယူခြင်း မကင်းစေ့မူ၍ တင့်တယ်စွာပွင့်သော ပဒုမ္မာကြာကဲ့သို့ ဂန္ထဓုရစသည်တို့ကို သောက်ယူတတ်သော သာဝကပရိသတ်မဆိတ်သည်ဖြစ်၍ တင့်တယ်စွာပွင့်ထသော။ ဇိနစက္ကေ၊ မြတ်စွာဘုရား သာသနာတော်စက်သည်။ ဖုလ္လာလိနေ၊ ၂၃၃၀ ခုနှစ်သို့။ ပိယာဝိဒေ၊ အခါအစွဲအမှတ်ပြုသဖြင့် ချစ်ခင်အပ်သောဝတ္ထုကို ရကြောင်းဖြစ်သော။ သက္ကရာဇေ၊ ကောဇာသက္ကရာဇ် ရှည်သည်။ ပိယာဝိဒေ၊ ၁၁၄၈ ခုနှစ်သို့။ သမ္ပတ္တေ၊ ရောက်သည်ရှိသော်။ မာဃေ၊ တပို့တွဲလဖြစ်သော။ သီတဂါဟေ၊ ဆောင်းရာသီ၌။ ဝါ၊ သီတဂူဂါဟေ၊ တနင်္လာနေ့ဖြစ်သော။ဇုဏှေကာဒသမေ၊ လဆန်းပက္ခ ၁၁-ရက်၌။ ဗြိဿေ၊ ဗြိဿရာသီနက္ခတ်သည်။ စန္ဒိမသံယုတ္တေ၊ စန်းနှင့်ယှဉ်သည်ရှိသော်။ မိဿေ စ၊ မိဿရာသီ နက္ခတ်သည်လည်း။ လက္ခဏံ၊ သုဘနိမိတ် အစရှိသည်ကို မှတ်ကြောင်းဖြစ်သောလက်သို့။ ပတ္တေ၊ ရောက်သည်ရှိသော်။ နိဋ္ဌိတာ၊ ပြီးပြီ။

သုဒ္ဓေန စေတသာ၊ စင်ကြယ်သောစိတ်ဖြင့်။ မယှံ မယာ၊ ငါသည်။ ကတဿ၊ ပြုအပ်သော။ ဣမဿ၊ ဤဝတ္ထု၏။ ဝတ္တဗ္ဗကိစ္စံ၊ ဆိုဖွယ်ကိစ္စသည်။ သိဒ္ဓိတံ ယထာ၊ အပြီးရောက်သကဲ့သို့။ တထာ၊ ထို့အတူ။ မမဉ္စ၊ ငါ၏လည်း။ ဣစ္ဆိတံ၊ အလိုရှိအပ် တောင့်တအပ်သောအကျိုးသည်။ သဗ္ဗေသဉ္စ၊ သူခပ်သိမ်းတို့၏လည်း။ သုခဿိတံ၊ ချမ်းသာရာ ချမ်းသာကြောင်းဖြစ်သော အကျိုးသည်။ ဝါ၊ မမဉ္စ၊ ငါ၏လည်းကောင်း။ သဗ္ဗေသဉ္စ၊ သူခပ်သိမ်းတို့၏လည်းကောင်း။ သုခဿိတံ၊ ချမ်းသာခြင်းလျှင် မှီရာရှိသော။ ဣစ္ဆိတံ၊ အလိုရှိအပ် တောင့်တအပ်သော အကျိုးသည်။ သိဒ္ဓိတံ၊ အပြီးသို့ရောက်သည်။ ဘဝတု၊ ဖြစ်စေသတည်း။

ဣမဿ ပုညဿ၊ ဤကောင်းမှု၏။ ဖလံ၊ အကျိုးကို။ ယထာသမ္ဘဝံ၊ အကြောင်းအားလျော်စွာ။ ဧကမေကံဝ၊ တစ်ခုတစ်ခုစီလျှင်။ ဝိဘဇံ ဝိဘဇန္တော၊ ဝေဖန်သည်ရှိသော်။ အဟံ၊ ငါသည်။ ဣမိနာ ပုညေန၊ ဤဇာတ်တော်ပါဠိ၏နိဒါန်းကို ဖွင့်ရသောကောင်းမှုကြောင့်။ ဣတော၊ ဤယခုနေ့မှ။ ပဋ္ဌာယ၊ စ၍။ နိဗ္ဗာနသမ္ပတ္တိ၊ အရဟတ္တဖိုလ် နိဗ္ဗာန်နှင့် ပြည့်စုံသည်တိုင်အောင်။ ကိစ္စေ၊ ဆောင်အပ်သော ကိစ္စကြီးငယ်၌။ နိဒါနကောဝိဒေါ၊ ထိုကိစ္စကိုပြီးကြောင်း အခွင့်အရာ၌ လိမ္မာသည်။ ဘဝါမိ၊ ဖြစ်ရပါလို၏။

ဣမိနာ စ ပုညေန၊ ဤတေမိမင်း၏ အဓိဋ္ဌာန်ပါရမီ၌ ဆောက်တည်ကြောင်းအတ္ထုပ္ပတ်ကို ဖွင့်ရသောကောင်းမှုကြောင့်လည်း။ အဘူတေပိ၊ သဘောမဟုတ်ရာနှင့် တွေ့ကြုံရသော်လည်း။ ဘူတေ၊ သဘောဟုတ်မှန်သောအရာ၌။ ဉာဏဉ္စ၊ ဇာတိသရ, သုတမယစသည်တို့ဖြင့် သိတတ်သောဉာဏကိုလည်းကောင်း။ ဉာဏေ၊ ထိုဉာဏ်တို့ဖြင့်သိပြီးသော သဘောဟုတ်မှန်ရာ၌။ အဓိဋ္ဌိတဉ္စ၊ မရွေ့မစောင်း ကောင်းစွာဆောက်တည်နိုင်သော အဖြစ်ကိုလည်းကောင်း။ လဘာမိ၊ ရပါလို၏။

ဣမိနာ စ ပုညေန၊ ဤတေမိမင်းသားအား အလိုစမ်းအဋ္ဌုပ္ပတ်ကိုဖွင့်ရသော ကောင်းမှုကြောင့်လည်း။ ပရေဟိ၊ သူတစ်ပါးတို့သည်။ အဋ္ဌာနေန၊ အကြောင်းအရာ မဟုတ်သဖြင့်။ ယောဇေန္တောပိ၊ တိုက်တွန်းသော်လည်း။ ဌာနေ၊ အကြောင်းအရာ ဟုတ်သည်၌သာလျှင်။ နိစ္စလသမ္ဘဝေါ၊ မယိုင်မညွတ်သောအားဖြင့် မြဲစွာတည်နိုင်သည်။ ဘဝါမိ၊ ဖြစ်ရပါလို၏။

ဣမိနာ စ ပုညေန၊ ဤတေမိမင်းသားအား ခမည်းတော်, မယ်တော်, ပြည်သူပြည်သား, သိကြား, ဝိသုကြုံနတ်တို့ ချစ်ခင်မြတ်နိုးခြင်း, ချီးမြှောက်ပြုစုခြင်းအတ္ထုပ္ပတ်ကိုဖွင့်ရသော ကောင်းမှုကြောင့်လည်း။ ပတ္ထိတိစ္ဆိတသမ္ပတ္တိံ၊ တောင့်တအပ်သော, အလိုရှိအပ်သော စည်းစိမ်ချမ်းသာအပေါင်းကို။ ဓမ္မိယာသုခုမလဒ္ဓကော၊ တရားသဖြင့် သိမ်မွေ့နူးညံ့စွာသာလျှင် ရသည်။ ဘဝါမိ၊ ဖြစ်ရပါလို၏။

ဣမိနာ စ ပုညေန၊ ဤဘုရားလောင်း၏ ကာမဂုဏ်အနှောင်အဖွဲ့မှ ထွက်မြောက်ကြောင်း အတ္ထုပ္ပတ်ကိုဖွင့်ရသော ကောင်းမှုကြောင့်လည်း။ အနိဋ္ဌေဟိ၊ အလိုမရှိအပ်, မတောင့်တအပ်သော အရာတို့မှ။ သုဝိမုတ္တော၊ ကောင်းစွာလွတ်မြောက်သည်။ ဣဋ္ဌေဟိ စ၊ အလိုရှိအပ်, တောင့်တအပ်သော အရာတို့ဖြင့်လည်း။ ဝါ၊ အရာတို့ကိုလည်း။ ပုရက္ကရော၊ ပြည့်ခြင်းကိုပြုရသည်။ ဝါ၊ ရှေးဦးစွာပြုရသည်။ ဘဝါမိ၊ ဖြစ်ရပါလို၏။

ဣမိနာ စ ပုညေန၊ ဤတေမိမင်းသား၏ ရဟန်းအသွင်ကိုယူခြင်း, ရထားမှူးနှင့် စကားပြောဟောခြင်း အတ္ထုပ္ပတ်ကိုဖွင့်ရသော ကောင်းမှုကြောင့်လည်း။ သဗ္ဗပဌမံဝ၊ သူခပ်သိမ်းတို့၏ ရှေးဦးစွာလျှင်။ အဟံ၊ ငါသည်။ အတ္တာနံ၊ ကိုယ်ကို။ ပူရေန္တော၊ ဒါန, သီလအစရှိသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံစေလျက်။ ပရဟိတေ၊ သူတစ်ပါးတို့၏ အကျိုးစီးပွားတို့ကို။ သုဝဟန္တော၊ ကောင်းစွာဆောင်တတ်သော။ ဝိသမကာ၊ အယူသီလ မတူသည်ဖြစ်၍ မညီမညွတ်ခြင်းကိုပြုတတ်သော အဖော်အပေါင်းမှ။ ဝိတော-အပဂတော၊ ကင်းသည်ဖြစ်၍။ မမာနုဝတ္တေဝ၊ အယူသီလ တူသောအားဖြင့် ငါ၏အလိုသို့သာလျှင် လိုက်တတ်ကုန်သော။ ဗန္ဓူ၊ ဘုရားလောင်းအား ရထားမှူးသုနန္ဒာကဲ့သို့ ငါ့အား အဆွေခင်ပွန်းကောင်းတို့ကို။ သဗ္ဗပဌမံ၊ ခပ်သိမ်းစုံတို့၏ ရှေးဦးစွာ။ လဘေ-လဘာမိ၊ ရပါလို၏။

ဣမိနာ စ ပုညေန၊ ဤမိတ္တပူဇာ ၁၀-ဂါထာ, သံဝေဂဂါထာတို့၏အနက်ကို ဖွင့်ရသောကောင်းမှုကြောင့်လည်း။ နေယျေ၊ ဘုရားလောင်းအား ရထားမှူးသုနန္ဒာ အစရှိသောသူတို့ကဲ့သို့ ငါ့အား ဆုံးမထိုက်သောသူအပေါင်းတို့ကို။ နာယကဉာဏေန၊ ဆုံးမခြင်းငှာစွမ်းနိုင်သော နာယကဉာဏ်ဖြင့်။ ဝိသမေ၊ ဘုရားလောင်းအား ခမည်းတော်, မယ်တော်အစရှိသော သူတို့ကဲ့သို့ အယူသီလမညီမညွတ်ကုန်သောသူတို့ကို။ သမကာရကော၊ တရားနှင့်လျော်စွာ ညီညွတ်ခြင်းကို ပြုနိုင်သည်။ ဝါ၊ ဝိသမေ၊ ဒေါသ, မာန, မစ္ဆေရ စသည်တို့ဖြင့် အချင်းချင်း မသင့်မတင့်ရှိကုန်သောသူတို့ကို။ သမကာရကော၊ ကိုယ်,စိတ် ၂-ပါး တညီတညွတ်တည်းဖြစ်စေကြောင်း ကောင်းစွာညှိနိုင်သည်။ ဘဝါမိ၊ ဖြစ်ရပါလို၏။

ဣမိနာ စ ပုညေန၊ ဤဘုရားလောင်း၏ ဆွေတော်မျိုးတော် မင်းပရိသတ်နှင့်တကွ ၈-ပြည်ထောင်သားတို့အား သင်္ဂြိုဟ်စောင့်ရှောက်ခြင်းစသော အတ္ထုပ္ပတ်ကိုဖွင့်ရသောကောင်းမှုကြောင့်လည်း။ မမဗလေ၊ ငါဆောင်ရွက်အပ်သော နာယကဂုဏ်အစွမ်း၌။ သုပရိသော၊ ကောင်းစွာငြိမ်သက်သော ပရိသတ်ရှိသည်။ ဉာတိမိတ္တာနံ၊ ဆရာ, မိဘနှင့် တူကုန်သောသူတို့၏။ ဝါ၊ အဆွေခင်ပွန်းတို့၏။ အတ္ထဓာရော၊ အကျိုးစီးပွားတို့ကို ရွက်ဆောင်နိုင်သည်။ သံသုဒ္ဓဂတိသမ္ပန္နော၊ အဂတိ ၄-ပါးမှ ကင်းသည်ဖြစ်၍ သန့်ရှင်းစင်ကြယ်စွာ ဖြောင့်မှန်ကောင်းမြတ်သော သစ္စာ,ဂတိနှင့်ပြည့်စုံသည်။ ဝါ၊ အပါယဂတိ စသည်တို့မှ ကင်းလွတ်သည်ဖြစ်၍ ကောင်းမြတ်သော တိဟိတ်ပဋိသန္ဓေဂတိနှင့် ပြည့်စုံသည်။ သန္တဝိဇ္ဇေ၊ ဘုရားလောင်းသူတော်ကောင်းတို့သင်အပ်သော လောကီကျမ်း, ဓမ္မက္ခန်, ပိဋကတ်ကျမ်း, လက်အတတ်, နှုတ်အတတ် အလုံးစုံအပြစ်ကင်းသော အတတ်မျိုးစုံ၌။ သုခံဝိဇ္ဇော၊ မြင်ကာ ကြားကာ ကြံကာ အလွယ်တကူ တတ်မြောက်နိုင်သည်။ အခီဏဉာဏဘောဂဝါ၊ သူခပ်သိမ်းတို့အား သင်ကြားပြညွှန်၍ မကုန်ခန်းနိုင်သော ပညာအသုံးအဆောင်, လှူဒါန်းပေးကမ်း၍မကုန်နိုင်သော စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသည်။ ဘဝါမိ၊ ဖြစ်ရပါလို၏။

ဣမိနာ စ ပုညေန၊ ဤဇာတ်ပေါင်းခြင်းလျှင် အဆုံးရှိသော တေမိဇာတ်တော်ကြီး အတ္ထုပ္ပတ်အလုံးစုံကို ဖွင့်ရသောကောင်းမှုကြောင့်လည်း။ ဘဝါဘဝေ၊ ဘဝကြီးငယ်၌။ ဧတေနုပနိဿယေန စ၊ ဤကျမ်းပြုခြင်းကုသိုလ်လျှင် ဥပနိဿယပစ္စည်းပြုသဖြင့်လည်း။ ယထာဘူတံ၊ သဿတ ဥစ္ဆေဒ အစရှိသည်တို့မှ ကင်းသည်ဖြစ်၍ ဖြောင့်မှန်စွာ။ ဝါ၊ မဖောက်မပြန်။ ဗုဒ္ဓက္ကရေ၊ သဗ္ဗညုတအဖြစ်ကို ပြုတတ်ကုန်သော။ ပါရမိယောဝ၊ ပါရမီတို့ကိုသာလျှင်။ ပူရေတွာ၊ ပြည့်စေ၍။ ပစ္ဆိမေ၊ အဆုံးစွန်သောဘဝ၌။ ဗုဒ္ဓတ္တံ၊ သဗ္ဗညုတ အဖြစ်သည်သာလျှင် ကျေးဇူးရှိသော။ ဗောဓိံ၊ သစ္စာ ၄-ပါးတရားကို။ ဗောဓေမိ၊ သိရပါလို၏။ ဝါ၊ ဗုဒ္ဓတ္တံ၊ သဗ္ဗညုတအဖြစ်သို့။ ပတွာ၊ ရောက်ပြီး၍။ ဗောဓိံ၊ သစ္စာ ၄-ပါးလျှင် သိလတ္တံ့အကြောင်းရှိသော ဝေနေယျအပေါင်းကို။ ဗောဓေမိ၊ ပွင့်စေရပါလို၏။

ယေ သပ္ပုရိသာ၊ အကြင်သူတော်ကောင်းတို့သည်။ ဣမံ ဇာတကဝိဘာဝနိံ၊ ဤတေမိယဇာတ်တော် အဖွင့်ဝတ္ထုကို။ သုဏန္တာ စ၊ ကြားနာရကုန်သည်ဖြစ်၍လည်း။ ပမောဒန္တိ၊ ဝမ်းမြောက်ကုန်၏။ တေ သပ္ပုရိသာ၊ ထို ဝမ်းမြောက်ကုန်သော သူတော်ကောင်းအပေါင်းတို့သည်လည်းကောင်း။ ဘူပါလော စ၊ ရေမြေ့ရှင် မဟာဓမ္မရာဇ်မင်းသည်လည်းကောင်း။ ဉာတိမိတ္တာစ၊ ဆရာ, မိဘနှင့်တူကုန်သော သူတို့သည်လည်းကောင်း။ ဝါ၊ အဆွေအမျိုး ချစ်ကျွမ်းဝင်ကုန်သော သူအပေါင်းတို့သည်လည်းကောင်း။ တဒညာပိ၊ ထိုမှ ကြွင်းကုန်သော သတ္တဝါအပေါင်းတို့သည်လည်းကောင်း။ မေ မမ၊ ငါ၏။ တံ ပုညဉ္စ၊ ထို အလုံးစုံသောကုသိုလ်ကိုလည်းကောင်း။ တံ ဖလဉ္စ၊ ထို အလုံးစုံသောကုသိုလ်၏ အကျိုးကိုလည်းကောင်း။ မေ မယာ၊ ငါနှင့်။ သမံ၊ အတူအမျှ၊ လဘေ-လဘန္တု၊ ရစေကုန်သတည်း။

မမ ပုညဿ၊ ငါ ယခုပြုအပ်သော ကောင်းမှု၏။ တေဇသာ-ဗလေန၊ အစွမ်းအားဖြင့်။ ဒေဝါ၊ လောကပါလ နတ်မင်း, သိကြားမင်း အစရှိကုန်သော နတ်တို့သည်လည်း။ သာသနံ၊ မြတ်စွာဘုရား သာသနာတော်မြတ်ကို။ ရက္ခန္တု၊ စောင့်စေကုန်သတည်း။ ရာဇာ စ၊ ရေမြေ့သခင် ဘဝရှင်မင်းတရားသည်လည်း။ သန္တိစ္ဆပူရဏော၊ တရားနှင့်လျော်စွာ အလိုဟူသမျှ ပြည့်စုံသည်ဖြစ်၍။ ဝါ၊ သူတော်ကောင်းတို့ ချီးမွမ်းအပ်သော အလိုဟူသမျှ ပြည့်စုံသည်ဖြစ်၍။ ပဇံ၊ ပြည်သူတိုင်းသား အများသတ္တဝါအပေါင်းကို။ ဓမ္မေန၊ တရားဖြင့်။ ပါလေတု၊ စောင့်ရှောက်စေသတည်း။ သဗ္ဗဒါ- သဗ္ဗကာလံ၊ အခါခပ်သိမ်း။ ဇနပဒေါ၊ ဇနပုဒ်သည်။ သုဘိက္ခော၊ ဝပြောစည်ပင်သည်။ ဟောတု၊ ဖြစ်စေသတည်း။ သဒ္ဓမ္မော၊ မြတ်စွာဘုရားသာသနာတော် တည်းဟူသော သူတော်ကောင်းတရားသည်။ စိရံ၊ မြင့်ရှည်စွာကာလပတ်လုံး။ တိဋ္ဌတု၊ တည်စေသတည်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သူတို့သည်။ မင်္ဂလံ၊ ကောင်းမှုတည်းဟူသော မင်္ဂလာကို။ ဝဍ္ဎန္တု၊ ပွားစေကုန်သတည်း။ ဣဒံ ပုညံ၊ ဤကောင်းမှုကို။ အနုမောဒန္တု၊ ဝမ်းမြောက်ကြစေကုန်သတည်း။

ဤတွင် နိဂုံး ပြီး၏။