တဏှင်္ကရာဘုရားရှင်

From Wikisource
Jump to navigation Jump to search
364903နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင် — (၁) တဏှင်္ကရာဘုရားရှင် -တဏှင်္ကရာဗုဒ္ဓဝင်ကို ကြည့်ရန်ဓမ္မရံသီဝတ်အသင်း

၁။ တဏှင်္ကရာဗုဒ္ဓဝင်

[edit]

ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက်၌ ဘုရားရှင်လေးဆူ ပွင့်တော်မူသည့် သာရမဏ္ဍကမ္ဘာတစ်ခု ပေါ်ပေါက်ခဲ့သည်။ ထိုသာရမဏ္ဍကမ္ဘာ၌ တဏှင်္ကရာဘုရားရှင်၊ မေဓင်္ကရာဘုရားရှင်၊ သရဏ င်္ကရာဘုရားရှင်၊ ဒီပင်္ကရာဘုရားရှင်ဟူ၍ ဘုရားရှင်လေးဆူ ပွင့်တော်မူခဲ့ရာ တဏှင်္ကရာဘုရားရှင်သည် ထိုကမ္ဘာဝယ် ရှေးဦးစွာသော အန္တရဆုတ်ကပ် လူတို့၏ သက်တမ်းတစ်သိန်းသို့ ရောက်သောအခါ ပွင့်တော်မူခဲ့သော ဘုရားရှင် ဖြစ်သည်။

တဏှင်္ကရာဘုရား အလောင်းတော် ဖွားမြင်တော်မူခြင်း

[edit]

တဏှင်္ကရာဘုရားအလောင်းတော်သည် တစ်ဆယ့်ခြောက်အသေင်္ချေ နှင့် ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံး ပါရမီတော် တို့ကို ဖြည့်ကျင့်တော်မူပြီး သည်၏အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာ အတိုင်း တုသိတာနတ်ပြည်၌ စံနေတော် မူခဲ့သည်။ ထိုသို့စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော်နတ်သားအား ဘုံသုံးပါး၌ ဘုရားဖြစ် တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည် သို့သက် ဆင်းကာ ပဋိသန္ဓေနေတော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်းတော် သည် နတ်ဗြဟ္မာတို့၏ တောင်းပန် ချက်အရ တုသိတာ နတ်ပြည်မှ စုတေ၍ လူ့ပြည် ပုပ္ဖဝတီမြို့တော် သုနန္ဒမင်းကြီး ၏ တောင်ညာ စံဒေဝီ အဂ္ဂမဟေသီ သုနန္ဒာမိဖုရားခေါင်ကြီး၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေစံ ပျော် ကိန်းအောင်တော်မူခဲ့၏။ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်း တော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ အလောင်းတော်ကို ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူ သော အခါတို့၌ ပုဗ္ဗနိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော် ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ်ရာများ ဖြစ်ပေါ် ခဲ့ကြကုန်၏။

ထီးနန်းစိုးစံတော်မူခြင်း

[edit]

အလောင်းတော် တဏှင်္ကရာမင်းသားသည် အရွယ်တော်သို့ရောက်သောအခါ နန်းရပ်ထီးဖြူ စိုးစံတော်မူ၍ ကြင်ရာ တော် ရံရွေတော်တို့၏ ဖျော်ဖြေလုပ်ကျွေးမှုကို ခံယူကာ နှစ်ပေါင်းတစ်သောင်းတို့ ကာလပတ်လုံး မင်းစည်းစိမ်ကို ခံစား တော်မူခဲ့သည်။

ဘုရားဖြစ်တော်မူခြင်း

[edit]

ဘုရားအလောင်းတော် တဏှင်္ကရာမင်းသားသည် ထိုသို့မင်းစည်းစိမ်ကို ခံစားနေတော်မူစဉ် နတ်တို့ဖန်ဆင်းပြခဲ့သော သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော် မူခဲ့၍ ကြီးစွာသော သံဝေဂဖြစ်ကာ တော ထွက်၍ ရဟန်းပြုတော်မူခဲ့သည်။ ဒုက္ကရစရိယာ ခေါ် လူသာမန်တို့ ကျင့်နိုင်ခဲသောမြတ်သော အကျင့်တော် မြတ်ကို ခုနစ်ရက် ကျင့်တော်မူ ပြီးနောက် ဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကာ မဟာဗောဓိ စရည်းပင်အရင်း အပရာဇိတ ပလ္လင် ထက်၌ သဗ္ဗညုတ ဉာဏ်တော်ကိုရ၍ ဘုံသုံးပါး၌ ဘုရားစင်စစ် ဖြစ်တော်မူခဲ့၏။

ဂေါတမဘုရားအလောင်းတော် ဘုရားဖြစ်ရန် ဆုပန်တော်မူခဲ့ခြင်း

[edit]

ဂေါတမဘုရားအလောင်းတော်သည် တဏှင်္ကရာ ဘုရားရှင်ကို ဖူးတွေ့ခဲ့ရပြီး ထိုဘုရားရှင်၏ အထံ တော်၌ လွန်လွန် ကဲကဲဖြစ်သော ကုသိုလ် ကောင်းမှုကို ပြု၍ ဘုရားဖြစ်ရန် ဆုပန်ခဲ့သည်။ သို့သော် တဏှင်္ကရာ ဘုရားရှင်က နိယတ ဗျာဒိတ်ကို ပေးတော်မမူခဲ့။ ဂေါတမဘုရားအလောင်း တော်သည် တဏှင်္ကရာဘုရားရှင်ထံ၌ နိယတဗျာဒိတ်ကို ရတော်မမူဘဲ ထိုဘဝမှစုတေသော် နတ်ပြည်၌ ဖြစ်ခဲ့ လေသည်။

တဏှင်္ကရာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း

[edit]

တဏှင်္ကရာဘုရားရှင်သည် လူတို့၏ အသက်တမ်း အနှစ်တစ်သိန်းတမ်း၌ ပွင့်တော်မူခဲ့၏။ ထိုအနှစ် တစ်သိန်း အာယု ကပ်ပတ်လုံး တည်နေတော်မူ၍ သတ္တဝါတို့ကို သံသရာဝဲစလုတ်မှ ကယ်ထုတ် တော်မူခဲ့၏။ ဘုရားရှင်မှန်သမျှ ပြုလုပ် မြဲဖြစ်သော ဘုရားကိစ္စ၊ ဘုရားရှင်တစ်ပါး ဆောင်ရွက် ရသည့် လုပ်ငန်းအဖြာဖြာတို့ကို ဆောင်ရွက်တော်မူကာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့လေ သည်။