ဆယ့်နှစ်လရာသီပွဲတော်များ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၄ဝ။ ဆယ့်နှစ်လရာသီပွဲတော်များ
326955ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၄ဝ။ ဆယ့်နှစ်လရာသီပွဲတော်များဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄၀)

ဆယ့်နှစ်လရာသီ ပွဲတော်များ[edit]

တန်ခူးလ သင်္ကြန်ပွဲ
ကဆုန်လ ညောင်ရေသွန်းပွဲ
နယုန်လ စာတော်ပြန်ပွဲ
ဝါဆိုလ ဝါဆိုပွဲ
ဝါခေါင်လ စာရေးတံမဲပွဲ
တော်သလင်းလ လှေပြိုင်ပွဲ
သီတင်းကျွတ်လ မီးထွန်းပွဲ
တန်ဆောင်မုန်းလ ကထိန်ပွဲ၊ တန်ဆောင်တိုင် မီးထွန်းပွဲ
နတ်တော်လ စာဆိုတော်ပွဲ
ပြာသိုလ မြင်းခင်းပွဲ
တပို့တွဲလ ထမနဲပွဲ
တပေါင်းလ သဲပုံစေတီပွဲ၊ တပေါင်းပွဲ

အိမ်ပြန်မယ်[edit]

ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် .... ဘုရားဝတ်ပြုကြစို့ကွယ် .... ။
ဘုန်းဘုန်း (ဆရာလေး) ကိုလည်း ကန်တော့မယ် ... ။ ။
ဆရာမကိုလည်း ကန်တော့မယ် .... နှုတ်ဆက်ကြစို့ ကွယ် ....။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ... ပစ္စည်းတွေလည်း သိမ်းစို့ကွယ် ... ။
ဟိုဟိုဒီဒီလည်း မသွားဘူးကွယ် ... ရန်လည်း မဖြစ်ဘူးကွယ် ... ။
အိမ်ကို အရောက်ပြန်မယ် ... ။ ။
ဓမ္မစကူးလ်ကကွယ် အိမ်ပြန်မယ် ... သူငယ်ချင်းတွေလည်း နှုတ်ဆက်မယ် ... ။
ကျောင်းလည်း မပျက်ဘူးကွယ် ... နောက်တစ်ပတ်တွေ့ကြမယ် ... ။
တာ့တာ တာ့တာကွယ် ... အို .. တာ့တာ တာ့တာကွယ် ... ။ ။