ကျန်စစ်သားမင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁၂။ ကျန်စစ်သားမင်း
326926ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၁၂။ ကျန်စစ်သားမင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၂)

ကျန်စစ်သားမင်း[edit]

မြန်မာ့သမိုင်းတွင် ကျန်စစ်သားမင်းကြီးသည် ထူးချွန်ပြောင်မြောက်သော မင်းတစ်ပါး ဖြစ်ပါသည်။ သူသည် နိုင်ငံအတွက် အထူးကြိုးစားဆောင်ရွက်သကဲ့သို့ ဗုဒ္ဓဘာသာ တိုးတက်ထွန်းကားရေးအတွက်လည်း ကြိုးပမ်းခဲ့ပါသည်။ သူ၏ ဆရာသည် ရှင်အရဟံ ဖြစ်ပါသည်။

ကျန်စစ်သားမင်းကြီးသည် ဘယ်လက်ဖြင့် အဝတ်အစားများ ပေး၍ ညာလက်ဖြင့် အစား အသောက်များ ပေးမည်ဖြစ်ကြောင်း တိုင်းသူပြည်သားများကို ကတိပေးပြီး အုပ်ချုပ်ခဲ့လေသည်။ မင်းကြီး သည် စေတီပုထိုးများစွာကိုလည်း တည်ထားကိုးကွယ်ခဲ့သည်။ ထိုစေတီများအနက် ရွှေစည်းခုံစေတီတော်နှင့် အာနန္ဒာစေတီတော်တို့မှာ အထင်ရှားဆုံး ဖြစ်ပါသည်။

အာနန္ဒာစေတီတော် အာနန္ဒာစေတီတော်သည် ပုဂံမြို့ရှိ စေတီပုထိုးများစွာအနက် လက်ရာအမြောက်ဆုံး၊ အထူးခြား ဆုံးနှင့် အသပ္ပာယ်ဆုံး စေတီတစ်ဆူ ဖြစ်ပါသည်။ စေတီတော်ကိုယ်ထည်၏ အရပ်လေးမျက်နှာရှိ မုခ်ဦး တစ်ခုစီတွင် ကြေးရုပ်ပွားတော်တစ်ဆူစီကို ပူဇော်ထားရှိပါသည်။

စေတီတော်၏ အပြင်ဘက်ပိုင်းက ထူးခြားတင့်တယ်သကဲ့သို့ အတွင်းပိုင်းနံရံများတွင် ရေးဆွဲ ထားသော ဗုဒ္ဓဝင်ဆိုင်ရာ နံရံဆေးရေးပန်းချီများကလည်း လက်ရာပြောင်မြောက်လှပါသည်။ ထို့အပြင် အတွင်းဘက်တွင် ကျောက်ဆင်းတုတော်များနှင့် ကျန်စစ်သားမင်းကြီး၏ ရုပ်တုကိုပါ ထုလုပ်ထားရှိပါသည်။

ကျန်စစ်သားမင်း[edit]

ရာဇဝင်တွင်ရစ်တဲ့၊
ကျန်စစ်မင်းစေတနာ၊
လေးစားဖွယ်ရာ။
ပုဂံခေတ်သာသနာ၊
စည်ပင်ကာ ပြန့်ပွား။
ရွှေစည်းခုံ အာနန္ဒာနဲ့၊
စေတီသာ ကုသိုလ်များရယ်၊
အံ့ဖွယ်မြောက်မြား။ ။