Jump to content

ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အမှတ် ၁/၉၀

From Wikisource
စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များ သုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေအရ ပြစ်မှုအမျိုးအစားများ သတ်မှတ်ခြင်း (1990)
366985စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များ သုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေအရ ပြစ်မှုအမျိုးအစားများ သတ်မှတ်ခြင်း1990

ကာကွယ်ရေးဝန်ကြီးဌာန

(စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များ သုံးစွဲခြင်းကို ကန့်သတ်သည့် ဥပဒေအရ ပြစ်မှုအမျိုးအစားများ သတ်မှတ်ခြင်း)

အမိန့်အမှတ် ၁/ ၉၀

ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁ ရက်

(၁၉၉၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်)

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ဘက်ရာထူးနှင့် အဆင့်အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေပုဒ်မ ၁၀ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ယင်းဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များ အလို့ငှာ သက်ဆိုင်ရာတရားရုံးက ပြစ်မှုထင်ရှားတွေ့ရှိ၍ ထောင်ဒဏ်စီရင်သော ပြစ်မှုတစ်ရပ်ရပ်ဟုဆိုရာ၌ အောက်ဖော်ပြပါ ပြစ်မှုတစ်ရပ်ရပ်ဖြစ်ကြောင်း သတ်မှတ်လိုက်သည်-

၁။ နိုင်ငံရေးပြစ်မှုများ
(က) မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ၊
(ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု ( ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊
(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊
(ဃ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊
(င) နိုင်ငံတော်အား၊ နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ ပြစ်မှုများ၊
(စ) ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ပြစ်မှုများ။
၂။ လုံခြုံရေးကို ထိပါးစေသော ပြစ်မှုများ
(က) လက်နက်မှုများ၊
(ခ) မီးရှို့မှုများ၊
(ဂ) နိုင်ငံခြားသို့ ခိုးထွက်မှုနှင့် နိုင်ငံခြားမှ ခိုးဝင်မှုများ၊
(ဃ) မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေအရ ပြစ်မှုများ။
၃။ အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် ပတ်သက်သော ပြစ်မှုများ
(က) ခိုးမှု၊
(ခ) လုယက်မှု၊
(ဂ) ဓားပြတိုက်မှု၊
(ဃ) လိမ်လည်မှု၊
(င) အလွဲသုံးစားမှု၊
(စ) မယားခိုးမှု၊
(ဆ) မုဒိမ်းမှု၊
(ဇ) ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊
(ဈ) အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊
(ည) လောင်းကစားဥပဒေအရ ပြစ်မှုများ၊
(ဋ) ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊
(ဌ) ကျော်နင်းမှုနှင့် အကျုံးဝင်သော ပြစ်မှုများ၊
(ဍ) အမျိုးသမီးကာယိန္ဒြေ ပျက်စီးစေရန် အကြံနှင့် လက်ရောက်မှု သို့မဟုတ် အနိုင်အထက်ပြုမှု၊
(ဎ) ၁၉၇၄ ခုနှစ်၊ မူးယစ်ထုံထိုင်း ဘေးဖြစ်စေတတ်သော ဆေးဝါးများဥပဒေအရ ပြစ်မှုများ၊
(ဏ) နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေအရ ပြစ်မှုများ။

ဗိုလ်ချုပ်မှူးကြီး စောမောင်၊
ဝန်ကြီး၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၊
ကာကွယ်ရေးဝန်ကြီးဌာန။