ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၄

From Wikisource
Jump to navigation Jump to search
အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း  (2024) 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကာကွယ်ရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်

( ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်)


အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း

၁။ အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ယင်းဥပဒေပုဒ်မ ၁၂ အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-

(က) ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
ဥက္ကဋ္ဌ
(ခ) ဥက္ကဋ္ဌ
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့
ဒုဥက္ကဋ္ဌ (၁)
(ဂ) စစ်ရေးချုပ်
စစ်ရေးချုပ်ရုံး
ဒုဥက္ကဋ္ဌ (၂)
(ဃ) စစ်ဦးစီးအရာရှိချုပ်(ကြည်း)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
အဖွဲ့ဝင်
(င) စစ်ဦးစီးအရာရှိချုပ်(ရေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)
အဖွဲ့ဝင်
(စ) စစ်ဦးစီးအရာရှိချုပ်(လေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)
အဖွဲ့ဝင်
(ဆ) တွဲဖက်စစ်ရေးချုပ်
စစ်ရေးချုပ်ရုံး
အဖွဲ့ဝင်
(ဇ) တွဲဖက်စစ်ထောက်ချုပ်
စစ်ထောက်ချုပ်ရုံး
အဖွဲ့ဝင်
(ဈ) ဒုတိယစစ်ရာထူးခန့်ချုပ်
စစ်ရာထူးခန့်ချုပ်ရုံး
အဖွဲ့ဝင်
(ည) တွဲဖက်စစ်ဥပဒေချုပ်
စစ်ဥပဒေချုပ်ရုံး
အဖွဲ့ဝင်
(ဋ) ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး
အဖွဲ့ဝင်
(ဌ) ညွှန်ကြားရေးမှူး
တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး
အတွင်းရေးမှူး
(ဍ) ဒုတိယညွှန်ကြားရေးမှူး
တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး
တွဲဖက်အတွင်းရေးမှူး

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန