Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/29

From Wikisource
Jump to navigation Jump to search
This page has been proofread.
၁၂
နိဒါန်း

၎င်းကျမ်းကို ပုံနှိပ် ထုတ်ဝေရန်ကိုလည်း ၁၂၈၅-ခု ဝါဆိုလလောက်က မန္တလေး ရတနာပုံ နေပြည်တော်သို့ သွားရောက်ပြီးကာ အမှားအယွင်းများ မကင်းသေးလျှင် နုတ်ပယ်လျက် အမှန်ရောက်ကြောင်း ကောင်းစွာ ပြင်ဆင်ပေးတော်မူပါဟု တောင်းပန်သဖြင့် ပဉ္စမ သင်္ဂါယနာတင် ဘုရင်မင်းတုန်းဘုရားနှင့် သားတော်သီပေါအရှင် ဘုရင်မင်း နှစ်ဆက်တိုင်တိုင် ဤသောတာလင်္ကာရဝါဒိတပညာဖြင့် အသုံးတော်ခံခဲ့ဘူးသော ဒေဝဣန္ဒာဘွဲ့ခံ ဘုန်းတော်ကြီးကိုယ်တိုင် သုတ်သင်ပြင်ဆင်ပေးတော်မူခြင်း ထိုမှတပါး ယုံမှားသံသယရှိသော ပုဒ်ဝါကျအဓိပ္ပာယ်တို့ကို ပညာရှိအုပ် ဝက်မစွတ် ဝန်မင်းဘုရားကြီး ထံတော်သို့ သွားရောက်လျှောက်ပေးခြင်း ထိုမှတပါး ထီးသုံး နန်းသုံး ရှေးထုံးအစီအစဉ်တို့ကို ပြင်ဆင်နိုင်သမျှ ပြင်ဆင်တော်မူကြပါဟု ပညာရှိ ဦးကျော်ရန်, ကုန်းဘောင်ဆက် ရာဇဝင်တော်ကြီးကို ပြုပြင်ပုံနှိပ်သူ ဝန်ထောက်မင်း အေ-တီ-အမ် ဦးတင် (၂)စသော ပညာယှိ ပုဂ္ဂိုလ်ကြီးများနှင့် ဆွေးနွေးမေးလျှောက်ပြီးခါ များစွာစရိတ်စက အကုန်ခံလျက် အမှန်ကိုရောက်အောင် ရွက်ဆောင် ကြိုးပမ်းပြီးလျှင် ဤ မဟာဂီတပေါင်းချုပ် ကျမ်းစာကို အက္ခရာမတိမ်း မယိမ်းအောင် ပြင်ဆင်၍ စက်တင်ပုံရိုက်ပါကြောင်း။

၎င်း ဂီတပေါင်းချုပ် တွင်ပါသော သီချင်းမျိုးများမှာ ကြိုးသီချင်းအမျိုးမျိုး, ဘွဲ့သီချင်းအမျိုးမျိုး, သီချင်းခံအမျိုးမျိုး , ပတ်ပျိုးအမျိုးမျိုး, ယိုးဒယားအမျိုးမျိုး, ၃၇ မင်း သီချင်း, ဆိုင်းဆရာများ အသုံးပြုကြသော ပတ်ယိုင် တျာယိုင်, မျောက်မင်းအူသံ, သိင်္ဂါသံ, လောကနတ်သံ, လေးထွေသံကပ်မယွင်း, ဆင်ခင်း မြင်းခင်း, လွမ်းချင်း ပုလဲပေါက်, ခွန်းထောက်အသွယ်သွယ် ဘောလယ်အရပ်ရပ်, တေးထပ်ရှစ်ဆယ်ပေါ် လှေတော်သံ, ရေကင်းသံ, ဒိန်းသံ, စည်တော်, ကရင်ဩလှမ်းသံများတို့ကို မိမိတို့ဆိုင်ရာ ဆိုင်ရာ သီးသန့်ခြားနားလျက် ပါရှိပါသည်။


၎င်းသီချင်းများတွင် စောင်းပြွေစသည်တို့ဖြင့် သီဆိုသောအခါ လျော်စွာ အသံပေါက်ဖြင့် သီဆိုရသော စည်းကမ်းများမှာ ကြိုး-ဘွဲ့- သီချင်းခံများမှာ စောင်း၌ ခုနစ်သံဟူ၍၎င်း သံရိုးဟူ၍၎င်း ညှင်းလုံးဟူ၍၎င်း ခေါ်သောအပေါက်ကို ညှိ၍ သီဆိုအပ်၏၊ ပတ်ပျိုး, သိင်္ဂါသံ, လောကနတ်သံ, ၃၇-ချင်း နတ်ချင်း၊ လေးထွေ သံကပ်တို့မှာ လေးပေါက်အောက်ပြန်ဟူသော အပေါက်ကို ကြိုးညှိ၍ သီဆိုအပ်၏၊ ယိုးဒယားအမျိုးမျိုး, တလိုင်းချင်း, ဘောလယ်တို့ကို ပုလဲပေါက် ခေါ် သံမှန်ညှိ၍ သီဆိုအပ်၏၊ တေးထပ်ရှစ်ဆယ်ပေါ်, ဒိန်းသံ, ရေကင်းသံ, ကရင်ဩသံတို့ကိုမူကား မြင်စိုင်း ခေါ် ငါးပေါက်ကိုညှိ၍ သီဆိုအပ်၏၊ သို့ရာတွင် ပတ်ပျိုးကို သံမှန် ပုလဲတွင်လည်း အချို့ဆိုကြ၏၊ ထို့ပြင် သတိပြု