ဘာသာစကားမှီငြမ်းပြုလမ်းညွှန်/မြန်မာတေးကဗျာများ

From Wikisource
Jump to navigation Jump to search
ဘာသာစကားမှီငြမ်းပြုလမ်းညွှန်  (၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ)  by အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ
မြန်မာတေးကဗျာများ

မြန်မာတေးကဗျာများ

၁။ ကျောင်းခန်းဝင်[edit]

  • မနီကလေး လွယ်အိတ်ပြင်
  • ပိတောက်ပန်းနဲ့ ကျောင်းခန်းဝင်။
  • မင်္ဂလာပါဆရာမ
  • ညီညီညာညာနှုတ်ဆက်ကြ။
  • ဝလုံးကလေး ချစ်စဖွယ်
  • ဝိုင်းအောင် ရေးတတ်တယ်။
  • စံပယ်လိုဖြူဖြူဖွေး
  • ဝလုံး ကြူကြူမွှေး။ ။

(တင်မိုး)

၂။ လူရှည်ကြီး[edit]

  • (လူရှည်ကြီးလိုလျှောက်)
  • (လူရှည်ကြီးလို) လျှောက်
  • (လူပုလေးလိုလျှောက်)
  • (လူပုလေးလို) လျှောက်
  • (လူဝကြီးလိုလျှောက်)
  • (လူဝကြီးလို) လျှောက်
  • (လူပိန်လေးလိုလျှောက်)
  • (လူပိန်လေးလို) လျှောက်
  • (မင်းသားလေးလိုက)
  • (မင်းသားလေးလို) က
  • (မင်းသမီးလေးလိုက)
  • (မင်းသမီးလေးလို) က။

(ECD)

၃။ ခေါင်း၊ ပခုံးနဲ့ ဒူး ခြေဖျား[edit]

  • [ခေါင်း၊ ပခုံးနဲ့ ဒူးခြေဖျား
  • (ဒူးခြေဖျား)
  • ခေါင်း၊ ပခုံးနဲ့ ဒူးခြေဖျား
  • မျက်စိ၊ နား၊ နှာခေါင်းနဲ့ပါးစပ်]

(ECD)

၄။ တစ်ကိုယ်ရေသန့်ရှင်းရေး[edit]

  • အိပ်ရာထလျှင် မျက်နှာသစ်လို့
  • မညစ်ပတ်အောင်နေပါ့မယ်၊
  • မျက်နှာသစ်လျှင်သွားပါတိုက်လို့
  • ကျန်းမာရေးကိုဂရုစိုက်မယ်၊
  • အုန်းဆီလိမ်းကာ ခေါင်းကိုဖြိုးလို့
  • ခြေသည်းလက်သည်းလှီးပါ့မယ်၊
  • အင်္ကျီ၊ လုံချည် ကြေးညှော်ကင်းအောင်
  • သန့်သန့်ရှင်းရှင်းဝတ်ပါ့မယ်၊
  • ကျောင်းသွားချိန်မှာငါတို့သွားလို့
  • နားချိန်နားလို့ကစားမယ်၊ (ကစားမယ်)

(ECD)

၅။ မျက်စိလေးကမြင်တယ်[edit]

  • မျက်စိလေးက မြင်တယ်
  • နားကလေးက ကြားတယ်
  • နှာခေါင်းလေးက လေကိုရှူရတယ်
  • ဦးနှောက်လေးက တွေးကာ
  • ပါးစပ်လေးကိုဟကာ
  • ပျော်ပျော်ရွှင်ရွှင်သီချင်းဆိုကြစို့ကွယ်
  • ပျော်ရွှင်တယ်။

(ECD)

၆။ တို့ လည်းလုပ်နိုင်တယ်[edit]

  • တို့များငယ်သော်လည်းအလုပ်လုပ်တတ်တယ်၊
  • ဘယ်အလုပ်မဆိုတို့များလုပ်တတ်တယ်။
  • (ရေခပ်ပေး) တတ်တယ်
  • (ဟင်းရွက်ခြွေ) တတ်တယ်
  • (တံမြက်စည်းလှည်း) တတ်တယ်
  • တို့များငယ်သော်လည်းအလုပ်လုပ်တတ်တယ်။

(ECD)

၇။ ဘူးသီးကလေးဝတုတ်တုတ်[edit]

  • ဘူးသီးကလေးဝတုတ်တုတ်
  • ညီညီဖိုးဝရုပ်၊
  • ခေါင်းစုတ်ဖွားနဲ့စောင်ခြုံတယ်
  • ပြောင်းဖူးကိုကိုရယ်၊
  • လှချင်လွန်းလို့ကြက်တောင်စည်း
  • မီးမီးနာနတ်သီး၊
  • ပိန်ပိန်သေးသေးအရပ်ရှည်
  • ဖေဖေပဲလင်းမြွေ၊
  • မေတ္တာထားလို့ ကရုဏာကြီး
  • မေမေ ဖရဲသီး။

(ECD)

၈။ တောထဲက မိသားစု[edit]

  • မဆိုစကောင်း၊ ဆိုစကောင်း
  • သိုးကလေးနဲ့ ကိုရွှေဒေါင်း
  • လမ်းကြိတ်စက်ကိုမောင်း၊
  • ဆိုကောင်းပါရဲ့ ပူးနဲ့ယုန်
  • ချမ်း၍မီးကိုလှုံ
  • ဟိုချုံပေါ်က ဝက်ဝံထီး
  • မိကျောင်းကြီးကိုစီး။
  • စာဝုတီးက တေးသံချို
  • အသံလွှင့်သီဆို
  • မလေးခိုနဲ့ ကိုရွှေဖား
  • ကခုန်တမ်းကစား။

၉။ ဖိုးကြက်တော[edit]

  • ရွှေခဲကလေး ဖိုးကြက်တော
  • မှန်တာရဲရဲပြော
  • လိမ်မပြောနဲ့မောင်လေးရယ်
  • ရွှေခဲလှောင်လိမ့်မယ်
  • လိမ်တယ်ဆိုတာသတ္တိနည်း
  • လူညံ့လူကြောက်ပဲ။ ။

(တင်မိုး)

၁၀။ အလှူပွဲ[edit]

  • ရွှေဒိုးပတ်ဗေတိုးပတ်
  • ဗေတိုးပတ်ရွှေဒိုးပတ်။
  • ဗေတိုးပတ်ဗိန်ပေါင်ထီ
  • ပတ်မကြီးကမြည်။
  • အိုးစည်အိုးစည်အိုးစည်သား
  • ဟေလားမောင်တို့ ဝါး။
  • ဝါးလက်ခုပ်မြှောက်လို့
  • ဖြောက်ဖြောက်အသံမြည်။
  • တီ - တီ - တီ ကိုရွှေနှဲ
  • လွမ်းအောင်သူကချွဲ
  • မောင်တို့အလှူပွဲ။ ။

(တင်မိုး)

၁၁။ မွေးနေ့[edit]

  • ပျော်ရွှင်စရာမွေးနေ့ ... သင့်အတွက်
  • သူငယ်ချင်းရဲ့ ... မွေးနေ့
  • ပျော်ရွှင်စွာအားလုံး ... လက်ခုပ်တီး
  • အားလုံးသီချင်းဆို ... သင့်အတွက်

(KG Team)

၁၂။ ရွှေမောင်းသံ[edit]

  • ကကာကိကီကုကူ
  • ရွှေအိုးကလေးကကူကူကူ
  • တတာတိတီတုတု
  • မီးရထားကြီး တူတူတူ
  • မမာမိမီမုမူ
  • မီးမီးလေးက မူမူမူ
  • ဟဟာ ဟိဟီ ဟုဟူ
  • ရွှေမောင်းသံကြီး ဒူဟူ ဟူ။

(တင်မိုး)

၁၃။ တစ်လှမ်းတိုးပါ[edit]

  • ရှေ့ကိုတိုးလှမ်းပါ၊ နောက်ကိုဆုတ်လိုက်ပါ။
  • ကိုယ်တစ်ပတ်လှည့် လက်ဆက်ကူညီပါ။
  • ရှေ့ကိုတိုးလှမ်းပါ၊ နောက်ကိုဆုတ်လိုက်ပါ။
  • ပခုံးလေးတွန်းလို့ ကူညီရိုင်းပင်းပါ။
  • (ရှာလာ လာ လာ လား) ကူညီပါ။
  • (ရှာလာ လာ လာ လား) ဟေ့ကူညီကြပါ။

(ECD)

၁၄။ ဖိနပ်ကလေး[edit]

  • ဖိနပ်ကလေးကို (ညီညီကွယ်)
  • ဖိနပ်လေးကို ညီညီကွယ်စီကာထားရမယ်။
  • စာအုပ်ကလေးကို (ညီညီကွယ်)
  • စာအုပ်လေးကိုညီညီကွယ်စီကာထားရမယ်။
  • အမှိုက်ကလေးကို (အတူတူကွယ်)
  • အမှိုက်ကလေးကိုအတူတူကွယ်ပြိုင်တူကောက် ကြမယ်။
  • ကစားရတာပျော်ပါသလား(ပျော်ပါတယ်)
  • ကစားပြီးရင် ဘာလုပ်မလဲ ... ပြန်ကာ သိမ်းရမယ်။

(ECD)

၁၅။ သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင်[edit]

  • (သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် လက်ခုပ်တီး)
  • သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် အားရပါးရလက်ခုပ်တီး
  • သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် လက်ခုပ်တီး။
  • (သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် ခေါင်းကိုငြိမ့်)
  • သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် အားရပါးရခေါင်းကိုငြိမ့် ၊
  • သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် ခေါင်းကိုငြိမ့်။
  • (ခြေကိုဆောင့်)၊ (နှာကိုချေ)၊ (အားလုံးလုပ်)
  • စသည်တို့ အစားထိုး၍ ဆက်ဆိုပါ။

(ECD)

၁၆။ တို့ကျောင်း[edit]

  • ပန်းကလေးများပွင့်တော့မည်
  • ဖူးတံဝင့်လို့ချီ၊
  • နေခြည်မှာရွှေရည်လောင်း
  • ငါတို့စာသင်ကျောင်း၊

၁၇။ သူငယ်ချင်း[edit]

  • နာနတ်သီးနဲ့ ဒူးရင်းဟာ
  • သူငယ်ချင်းတွေပါ၊
  • တစ်နေ့သောအခါရန်ဖြစ်ကြ
  • ဒူးရင်းသီးက ဆူးနဲ့ချ။
  • နာနတ်သီးရဲ့မျက်နှာဝယ်
  • ဆူးချက်တွေက ကြွယ်
  • သူတို့နှယ်ရန်မဖြစ်နဲ့
  • သင့်အောင်ပေါင်းကြား။

(ECD)

၁၈။ ကြက်ဖတိန်ညင်[edit]

  • ကြက်ဖတိန်ညင် တောကိုဝင်
  • မောင်ရင်လာ လေးနဲ့ပစ်
  • မပစ်ပါနဲ့ မောင်ရင်ရယ်
  • ကြက်တက် စူးပါ့မယ်
  • ဘယ်ဘက်က စူးစူး
  • ညာဘက်က စူးစူး
  • ခွပ်လိုက်ကြစို့ သူငယ်ချင်း
  • အောက် အီ အီး အွတ်။

(ECD)

၁၉။ ဈေးထဲသွားကြမယ်[edit]

  • ဖေဖေနဲ့အတူတူကွယ် ဈေးထဲသွားကြမယ်
  • မေမေနဲ့အတူတူကွယ် ဈေးထဲသွားကြမယ်၊
  • (ဝယ်မယ်ကွယ့်) အသားနဲ့ငါးနဲ့ဝယ်
  • (ဝယ်မယ်ကွယ်) ဟင်းသီးဟင်းရွက်တယ်။

(ECD)

၂၀။ သစ်ပင်စိုက်ကြစို့[edit]

  • သစ်ပင်လေးတွေစိုက်ကြမယ်
  • တို့ကမ္ဘာလေးလှဖို့ကွယ်၊
  • သစ်ပင်စိုက်ပါ တို့ကမ္ဘာ
  • သာယာလှပ စိမ်းမြမြ။

၂၁။ ဗေတိုးတပ်[edit]

  • ဗေတိုးတပ်ဗေတိုးတပ်
  • မီးမီးလေးက မတ်တတ်ရပ်
  • ဖူးပွင့်လာတဲ့ ကြာပွင့်ချပ်။
  • ဗေတိုးတပ်ဗေတိုးတပ်
  • ခါးကိုညွှတ်လို့ ပန်းဆွတ်တတ်
  • လက်ကလေးကိုကွေးကာဆတ်။
  • ဗေတိုးတပ် ဗေတိုးတပ်
  • ခေါင်းငဲ့လည်ငဲ့ ယိမ်းနွဲ့တတ်
  • မျက်နှာကလေးက ပြောင်စပ်စပ်
  • မေးကလေးက တဇတ်ဇတ်
  • ဗေတိုးတပ် ဗေတိုးတပ်။

(တင်မိုး)

၂၂။ လေငြိမ်ငြိမ်[edit]

  • လေငြိမ်ငြိမ်၊ သစ်ပင်ကြီးကငြိမ်
  • လေပြင်းတိုက်တော့ဘာဖြစ်တယ်၊
  • (ဟောဒီလိုဖြစ်တယ်)
  • အရှေ့ကတိုက်ပြန်တော့
  • အနောက်ကို (ယိမ်းတယ်)
  • အနောက်ကလိုက်ပြန်တော့
  • အရှေ့ကို (ယိမ်းတယ်)
  • လေငြိမ်ငြိမ်၊ သစ်ပင်ကြီးက (ငြိမ်)

(ECD)

၂၃။ ရွှေစွန်ညို[edit]

  • ရွှေစွန်ညို၊ ဘာကိုလိုလို့ဝဲပါတယ်
  • မထွေးလိုလို့ဝဲပါတယ်။
  • မထွေးမပါ တို့ချည်းသာ
  • ပါပါလျက်သားနောက်ကထား
  • မထွေးအသားခါးလှတယ်၊
  • ချောင်းငယ်ရေနဲ့ဆေးပါ့မယ်။
  • ချောင်းငယ်ရေချမ်း နွေမှာခန်း
  • မြစ်ငယ်ရေနှင့် ဆေးပါ့မယ်။
  • မြစ်ငယ်ရေချမ်း နွေမှာခန်း
  • ပင်လယ်ရေနဲ့ဆေးပါ့မယ်။
  • ပင်လယ်ရေချမ်း နွေမှာခန်း
  • ပင်လယ်ရေ ဘယ်မခန်း
  • မထွေးအမိဖမ်း။

(ကျေးလက်ကဗျာ)

၂၄။ လှလှပပထားကြမယ်[edit]

  • အပင်ကလေးများလှပတယ်
  • ပန်းကလေးများပွင့်ကြတယ်
  • လှလှပပထားကြမယ်။
  • မချိုးနဲ့မဖဲနဲ့ဂရုစိုက်ကွယ်၊
  • ရေကိုမှန်မှန်လောင်းစို့ကွယ်၊
  • ပန်းပွင့်များများပွင့်ဖို့ရယ်။

(ABCD ကဗျာသံစဉ်)

၂၅။ နွေ၊ မိုး၊ ဆောင်း[edit]

  • အောင်မလေးတော့/ဗျပူလိုက်တာ
  • နွေရာသီရောက်လာ။
  • အောင်မလေးတော့/ဗျာ
  • လေပြင်းမုန်တိုင်းလာ၊
  • မိုးတွင်းရောက်ပြီလား။
  • နှင်းမှုန်တွေတဖွဲဖွဲကျလို့လာ၊
  • ဆောင်းတွင်းရောက်ပြီကွာ။

(KG Team)

၂၆။ မိုးခြိမ်းသံကြား[edit]

  • မိုးတွေလေတွေတခြိမ်းခြိမ်း
  • (တုတ်တုတ်ဂျိမ်း)
  • ယိမ်းကရအောင် ကရအောင်
  • ပတ်ဗေဒိုးဗြောင်ဗေဒိုးဗြောင်၊
  • မောင်တို့မယ်တို့ညီစေသား
  • ဝိုင်းကြပါလား ဝန်းပါလား
  • ဟေးလား မောင်တို့ဝါး။

(ECD)

၂၇။ ဖားငယ်ကလေး[edit]

  • (ဖားငယ်ကလေး)
  • သူတို့အော်သံကြား
  • (အုံးအွမ် ကွမ် ကွမ်)
  • အုံးအွမ် ကွမ် ကွမ် ကွမ်
  • (အမြီးမရှိ) အသံကျယ်စွာအော်
  • (အုံးအွမ် ကွမ် ကွမ်)
  • အုံးအွမ် ကွမ် ကွမ် ကွမ်။

(ECD)

၂၈။ ခရီးသွားကြမယ်[edit]

  • ခရီးသွားကြမယ်၊ အတူတူလာ
  • သူငယ်ချင်းအားလုံး ပျော်စရာ
  • စီးကြ၊ မောင်းကြ၊ သွားကြမှာ
  • [(ပွမ်) ကားကြီးမောင်းမယ်] (ပွမ်)
  • [(တူ) ရထားကြီးမောင်းမယ်)] (တူ)
  • [(ပေါ်) သင်္ဘောကြီးမောင်းမယ်] (ပေါ်)
  • [(ဝီ) လေယာဉ်ပျံကြီးမောင်းမယ်] (ဝီ)
  • [(ကလင်) စက်ဘီးလေးစီးမယ်] (ကလင်)
  • [(ဝူး) ဆိုင်ကယ်စီးမယ်] (ဝူး)
  • [(လျှောက်) လမ်းလေးလျှောက်မယ်] (လျှောက်)

(ECD)

၂၉။ ကိုကိုတစ်ကလေး[edit]

  • ကိုကို (၁) ကလေးထွက်လို့လာ
  • မမ (၂) လည်းပါ
  • ညီ (၃)၊ (၄)နဲ့ (၅) လည်းပါ
  • အားလုံး က ကြမှာ။

(ECD)

၃၀။ မီးရထားကြီး[edit]

  • [မီးရထားကြီး ထွက်ခါနီးပြီ
  • ထွက်လို့လာပြီ၊ တံခါးပိတ်ထား
  • ဂျုံးဂျုံးဂျုံး၊ ဂျက်ဂျက်ဂျက်
  • ဂျုံးဂျုံး၊ ဂျက်ဂျက် ဝမ်းမြောက်စွာ]

(ECD)

၃၁။ မီးပွိုင့်လေး[edit]

  • လမ်းဆုံတိုင်းက မီးပွိုင့်မှာ
  • အရောင်သုံးမျိုးရှိတယ်ကွာ
  • အဝါရောင်လေးမြင်ရင်တော့
  • အရှိန်သပ်တာပေါ့။
  • အနီရောင်လေးမြင်ရင်ကွယ်
  • ကားလေးရပ်ကြမယ်
  • အစိမ်းရောင်လေးမြင်ရင်တော့
  • ကားကလေးထွက်တာပေါ့။
  • တို့တွေအားလုံး ဘေးကင်းရေး
  • မီးပွိုင့်လေးက ကာကွယ်ပေး။

(KG Team)

၃၂။ ပန်းကလေး ၁၀ ပွင့်[edit]

  • ပန်း ၁ ပွင့်၊ ပန်း ၂ ပွင့်၊ ပန်း ၃ ပွင့် ပါ
  • ပန်း ၄ ပွင့်၊ ပန်း ၅ ပွင့်၊ ပန်း ၆ ပွင့် ပါ
  • ပန်း ၇ ပွင့်၊ ပန်း ၈ ပွင့်၊ ပန်း ၉ ပွင့် ပါ
  • ပန်းကလေး ၁ဝ ပွင့်ပါ။

လေး

၃၃။ တစ်၊ နှစ်၊ သုံး၊[edit]

  • (၁၊ ၂၊ ၃၊ ၄)
  • (၅၊ ၆၊ ၇)
  • (၇ ပြီးတော့ ၈ ကွယ်)
  • (၉၊ ၁၀)

၃၄။ ၁၊ ၂ စာကိုချစ်[edit]

  • တစ်နှစ်၊ စာကိုချစ်
  • သုံးလေး၊ မသိတာမေး
  • ငါးခြောက်၊ နှစ်ချင်းပေါက်
  • ခုနစ်ရှစ်၊ တပည့်ချစ်
  • ကိုးတစ်ဆယ်၊ ကြိုးစားမယ်။

၃၅။ ကောက်ညှင်းပေါင်း[edit]

  • ကောက်ညှင်းပေါင်းလေး၊ ပူပူနွေး
  • နှမ်းထောင်းနံ့ မွှေးမွှေး။
  • အုန်းသီးဖွေးဖွေးထည့်ရင်ကွယ်
  • သားသားကြိုက်ပါတယ်။
  • ကောက်ညှင်းပေါင်းသည် မမလေး
  • များများထည့်ပါ မနှေး။
  • တို့ဈေးလေးရဲ့ အရှေ့မှာ
  • မမရောင်းတဲ့ခါ၊
  • ဈေးဆိုင်ပြင်လို့တောင်းကိုချ
  • သားသားစားမယ်ဗျ။

(KG Team)

၃၆။ ပျော်ရွှင်စရာမွေးနေ့[edit]

  • (ပျော်ရွှင်စရာမွေးနေ့ သင့်အတွက်)
  • ပျော်ရွှင်စရာမွေးနေ့ သင့်အတွက်ပါ ...
  • ပျော်ရွှင်စရာမွေးနေ့ သင့်အတွက်

(KG Team)

၃၇။ ဘုရားပွဲတော်သွားစို့နော်[edit]

  • (တူပျော်ပျော်)
  • ဘုရားပွဲတော်သွားစို့နော်၊
  • သူငယ်ချင်းများနဲ့အတူပျော်၊
  • နွားလှည်းလေးနဲ့နော်၊
  • ဟေ့ နွားလှည်းလေးနဲ့နော်(တူပျော်ပျော်)
  • ပွဲဈေးတန်းလေးလျှောက်လို့နော်၊
  • ကောက်ညှင်း ပေါင်းနဲ့ဘူးသီးကြော်၊
  • ဝယ်စားကြစို့နော်၊
  • ဟေ့ ဝယ်စားကြစို့နော်။

(ECD)

၃၈။ ကြက်ခြံကလေး[edit]

  • ရွှေကြက်ဖကြီးတွန်သံသာ
  • နံနက်မိုးသောက်ခါ၊
  • ကြက်မကြီးမှာအိပ်နေတုန်း
  • နှိုးလိုက်ပါအုန်း။
  • ကြက်ကလေးတွေနိုးတဲ့ခါ
  • ကျိကျိအော်သံသာ။
  • တို့ခြံထဲမှာ ကြည့်ပါအုန်း
  • မိသားတစ်စုလုံး၊

(KG Team)

၃၉။ ပင်လုံ[edit]

  • လွတ်လပ်ပန်းကိုဘယ့်နှယ်ဆွတ်တယ်
  • တို့ညီညွတ်လို့ဆွတ်နိုင်တယ်။
  • ရှမ်းချင်း၊ ကရင်၊ ကချင်များနဲ့
  • ရခိုင်၊ကယား အသွယ်သွယ်။
  • ပင်လုံမြို့မှာတူဆုံကြလို့
  • တို့ပြည်မနဲ့တို့ပြည်နယ်။
  • သားချင်းညီနောင်တည်ထောင်မှုနဲ့
  • ပြည်ထောင်စုကြီး ပေါ်လာတယ်။
  • အမိနိုင်ငံ တာဝန်များကို
  • ကိုယ်အား ဉာဏ်အား ထမ်းကြမယ်။
  • ထမ်းမယ်ထမ်းမယ်။ ။

(တင်မိုး)

၄၀။ ရေ(၁)[edit]

  • ရေ ရေ ရေ ရေ ရေ
  • သောက်သုံးကြဖို့ရေ၊
  • ရေ ရေ ရေ ရေ ရေ
  • ဆေးဖို့၊ ကြောဖို့ရေ၊
  • ရေ ရေ ရေ ရေ ရေ
  • ချက်ဖို့ ပြုတ်ဖို့ရေ ၊
  • ရေကလေးဟာလေ အဓိက ကျလှပေ။
  • ထမင်းအသက် ခုနစ်ရက်
  • ရေအသက်က တစ်မနက်၊
  • ရေကောင်းရေသန့်ရမှသာ
  • ကျန်းမာဝဖြိုးမှာ။

(ECD)

၄၁။ ရေ (၂)[edit]

  • ရေတွေ ရေတွေ ဘယ်ကလာ
  • မိုးကောင်းကင်ကလာ၊
  • မိုးကောင်းကင်ကို ဘယ်လိုရောက်
  • ရေငွေ့ဖြစ်လို့ ရောက်။
  • ရေငွေ့ ရေငွေ့ ဘယ်ကလာ
  • ကမ္ဘာမြေကလာ၊
  • ပင်လယ်ပြင်မှာ နေပူတော့
  • ချောင်းမြောင်းအိုင်မှာ နေပူတော့
  • ရေငွေ့ဖြစ်တာပေါ့။
  • ရေငွေ့ဖြစ်တော့လေထဲပါ
  • ကောင်းကင်ပြန်တက်ကာ၊
  • ကောင်းကင်ကြီးဟာ အေးလာတော့
  • (ရေပြန်ဖြစ်တာပေါ့)

(KG Team)

၄၂။ မနှင်းတို့အိမ်[edit]

  • ဟိုဘက် ကမ်းက မီးထိန်ထိန်
  • သည်ဘက်ကမ်းကမီးထိန်ထိန်
  • ဆီမီးထိန်ထိန်လင်းပါတဲ့ မနှင်းတို့အိမ်။

၄၃။ ငါးကလေးတွေ[edit]

  • ငါးကလေးတွေ ငါးကလေးတွေ
  • ရေထဲက ငါးကလေးတွေ၊
  • အဖြူရောင်လေးတွေ အဝါရောင်လေးတွေ
  • အို အစုံပဲဟေ့။
  • ငါးကလေးတွေ ငါးကလေးတွေ
  • ရေထဲက ငါးကလေးတွေ၊
  • ဟိုဘက်ကူးလိုက် သည်ဘက်ကူးလိုက်
  • ပျော်စရာအလွန်ကောင်းတယ်။

(ECD)

၄၄။ ပုရွက်ဆိတ်[edit]

  • ပုရွက်ဆိတ်ကလေးအချိန်မဖြုန်းပါ
  • ပျင်းရိပြီးတော့အိပ်မနေပါ။
  • (ဘယ် ညာ) တန်းစီကာ
  • ကြိုးကြိုးစားစား အလုပ်လုပ်တာ
  • ကျွန်ုပ်တို့ လည်းအချိန်မဖြုန်းပါ။
  • ပျင်းရိပြီးတော့အိပ်မနေပါ။
  • (ဘယ် ညာ) တန်းစီကာ
  • ကြိုးကြိုးစားစား အလုပ်လုပ်မှာ။

(ECD)

၄၅။ ကိုယင်ကောင်[edit]

  • (ကိုယင်ကောင်)
  • သိပ်ရွံဖို့ကောင်း။
  • မစင်လည်းစား ဟင်းလည်းစား
  • ဟိုနဲ့ဒီကူးသွား။
  • သူ့ခြေလက်တွေ ဆေးနေတာ
  • တို့ထမင်းဝိုင်းပေါ်မှာ
  • မောင်းပါဟ မောင်းပါကွ။
  • အဝေးသို့ထွက်သွားအောင်
  • ထမင်းဝိုင်းလေးအုပ်ထားရအောင်
  • သွားတော့ ကိုယင်ကောင်၊

(ECD)

၄၆။ လိပ်ပြာလေး[edit]

  • (လိပ်ပြာလေးတွေ)
  • (လှလိုက်တာ)
  • (ပန်းဝတ်ရည်ကိုစုပ်တယ်)
  • (လှပါတယ်)

(ECD)

၄၇။ ကျောင်းနေစ[edit]

  • က ခ ဂ ဃ င
  • သားသား ကျောင်းနေစ၊
  • စ ဆ ဇ ဈ ည
  • မိတ်သစ် ဆွေသစ်ရ၊
  • တ ထ ဒ ဓ န
  • အတူ ကစားကြ၊
  • ပ ဖ ဗ ဘ မ
  • ကဗျာရွတ်ဆိုကြ၊
  • ယ ရ လ ဝ သ
  • စာရေး စာဖတ်ကြ၊
  • ဟ ဠ အ
  • ပျော်ဖို့ ကောင်းသပ။

မောင်တင်စိုး (သစ်ရာကောက်)

၄၈။ အားလုံးညီညွတ်တယ်[edit]

  • ၁၊ ၂၊ ၃ ညီမပန်းတွေကုံး
  • ၄၊ ၅၊ ၆ နွားနို့မှန်မှန်သောက်
  • ၇၊ ၈၊ ၉ ဥယျာဉ်လေးကိုပျိုး၊
  • ၁ဝ၊ ၁၁၊ ၁၂ ကိုယ့်တိုင်း ကိုယ့်ပြည်ချစ်
  • ၁၃၊ ၁၄၊ ၁၅ ပန်းချီဆွဲပါလား
  • ၁၆၊ ၁၇၊ ၁၈ အမှိုက်ယူလို့ပစ်
  • ၁၉ နဲ့ ၂၀ အားလုံး ညီညွတ်တယ်။

(တင်မိုး)

၄၉။ လမင်းထဲက ယုန်ကလေး[edit]

  • လမင်းထဲက ယုန်ကလေး
  • အသားဖြူဖွေးဖွေး။
  • တောင်ဝှေးထောက်တဲ့အဘိုးအို
  • မောင့်ဆီလာပါဆို။
  • မလာလိုနေပါရော့
  • လူလေးလာမှာပေါ့။

(တင်မိုး)

၅၀။ လယ်စောင့်တဲ[edit]

  • မိုးရေတက်ရေတဖွေးဖွေး
  • ကွင်းကျယ်အဝေးဝေး။
  • လယ်စောင့်တဲလေးခြေတံရှည်
  • မိုးကုပ်အောက်မှာတည်၊
  • ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
  • တဲနှင့်ပနံတင့်။

(မင်းသုဝဏ်)

၅၁။ တို့တာဝန်[edit]

  • သည်အိမ် ဘယ်သူ့အိမ်
  • တို့အိမ်။
  • တို့အိမ်ကောင်းအောင် ဘယ်သူပြု
  • ငါတို့ မိသားစု။
  • သည်ကျောင်း ဘယ်သူ့ကျောင်း
  • တို့ကျောင်း၊
  • တို့ကျောင်းဂုဏ်ကို ဘယ်သူဆောင်
  • ငါတို့ကျောင်းသူ ကျောင်းသားမောင်။
  • သည်မြေ ဘယ်သူ့မြေ
  • တို့မြေ။
  • တို့မြေသာကြောင်း ဘယ်သူလောင်း
  • ငါတို့ ပြည်သူအပေါင်း။ ။

(တင်မိုး)

၅၂။ အိမ်[edit]

  • (အိမ် ).... သားသားမီးမီးတို့ရဲ့ အိမ်
  • (အိမ်)..... ပျော်ရွှင်ရတဲ့အိမ်
  • အိမ်..... သားသား/မီးမီးတို့ရဲ့ အိမ်
  • တို့အိမ် ကလေးဟာလေနွေးထွေးလှပေါ့လေ။

(KG Team)

၅၃။ ညောင်ဝေါင် ညောင်ဆောင်[edit]

  • ပူစီကလေး ဆောင့်ကြောင့်ထိုင်
  • ကြွက် မရလို့မှိုင်။
  • တိုင်ကြို တိုင်ကြား လျှောက်လို့သွား
  • အမြီး တဖွားဖွား။
  • ပူစီကလေး ဗိုက်ဆာလောင်
  • မဆော့နိုင်ရှာ ပေါင်။
  • ညောင်ဝေါင် ညောင်ဝေါင် အော်လို့ညည်း
  • ပူစီ ဒေါသကြီး။ ။

(တင်မိုး)

၅၄။ တာဝန်ကိုယ်စီ[edit]

  • ညီမလေးက တံမြက်လှည်း
  • ညီညီထင်းတွေခွဲ။
  • ရေဆွဲတာက ကိုလေးပါ
  • မမဈေးသွားတာ၊
  • မေမေမှာ ထမင်းချက်
  • ဖေဖေရုံးကိုတက်။

၅၅။ ဘဲကလေး[edit]

  • ရေကန်နံဘေး ဘဲကလေး
  • ရေကူးမယ်တဲ့လေး။
  • လယ်တဲကလေး ကမ်းစဆီ
  • ဘဲငယ်ကူးရသည်၊
  • ဘာမထီတဲ့ဘဲကလေး
  • ကူးမယ်အဝေး ကမ်းအဝေး။ ။

(တင်မိုး)

၅၆။ ငှက်ကလေးနီနီ[edit]

  • ငယ်သော ငှက်ကလေးနီနီ
  • သစ်ကိုင်းပေါ်မှာ ထိုင်နေ၊
  • အမြီးကလေးက လှုပ်၍နေ
  • (လှုပ်) လှုပ်၍နေ၊
  • အမြီးကလေးက လှုပ်၍နေ၊
  • ခေါင်းကလေးက ငြိမ့်၍နေ၊
  • အမြီးကလေးက လှုပ်၍နေ
  • (လှုပ်) လှုပ်၍နေ၊

(ECD)

၅၇။ ရွှေရောင်ငွေရောင်[edit]

  • ပိတောက်ပန်းတွေ ဝင်းထိန်ထိန်
  • သင်္ကြန်ကျတဲ့အချိန်၊
  • မိုးပြေးတစ်ကြိမ်ရွာရင်လည်း
  • ရွှေရောင်ဝင်းခနဲ။
  • ပိတောက်ပန်းတွေအပေါ်မှာ
  • နေခြည်လက်လက်ဖြာ။
  • လေပြေတစ်ခါသွေးရင်လည်း
  • ငွေရောင်ထင်းခနဲ။

(တင်မိုး)

၅၈။ ဆင်မျောက်သုန်[edit]

  • ယုန်ကလေးအရွယ်ငယ်
  • ဆင်ကြီး ကြီးလှတယ်
  • ယုန်မျောက်ဆင်ကွယ်အကုန်လုံး
  • ဆင်ကြီး အကြီးဆုံး။

၅၉။ ဖြူဖွေးလှတဲ့ ယုန်[edit]

  • ဟိုခုန်သည်ခုန် တခုန်ခုန် (ဖြူဖွေးလှတဲ့ယုန်)
  • ဟိုနေရာမှာလည်း တခုန်ခုန်
  • ဒီနေရာမှာလည်း တခုန်ခုန်
  • ဟိုခုန်သည်ခုန် တခုန်ခုန် ဖြူဖွေးလှတဲ့ယုန်။

(ECD)

၆၀။ ပြည်ထောင်စုဖွားညီနောင်များ[edit]

  • ရှမ်း ချင်း ကချင်ကရင်များနဲ့
  • ရခိုင် ကယား မွန် ဗမာ၊
  • တစ်မြေတည်းနေ ညီနောင်များမို့
  • ပြည်ထောင်သားလို့ ခေါ်ကြတာ၊
  • အေးလည်းအတူ ပူအမျှနဲ့
  • အတူတကွ နေထိုင်ကာ၊
  • တစ်ယောက်လက်ကို တစ်ယောက်ဆွဲလို့
  • လက်ချင်းတွဲယှက် မြဲခိုင်မာ၊
  • ညီညီညာညာ တစ်ယောက်အားနဲ့
  • မဖောက်မပြား စည်းလုံးကာ
  • တို့ပြည်ထောင် စည်သာရေးနဲ့
  • ပြည်ရွာအေးဖို့ စောင့်ထိန်းမှာ၊
  • ထိန်း... မှာ၊ ထိန်း... မှာ။ ။

ရေနံ့သာမောင်ကျော်ညွန့်

၆၁။ ရွာငယ်ဇနပုဒ်[edit]

  • ရွာငယ်ဇနပုဒ်၊ မီးကလေးမှိတ်တုတ်။
  • ကျွဲ၊ နွား၊ခွေး၊ ဆိတ်မြည်သံ
  • (ဟိုကလဲ ဝုတ်ဝုတ်၊ ဒီကလဲ ဝုတ်ဝုတ်
  • ဟိုကဝုတ်၊ ဒီကဝုတ် ...... ဝုတ်ဝုတ်ဝုတ်)။

၆၂။ ပဲပဲ၊ သိုးမည်း[edit]

  • (ပဲပဲ၊ သိုးမည်း၊ သိုးမွေးရှိပါသလား၊
  • (ဟုတ်ကဲ့) သုံးအိတ်အပြည့်ဗျ။
  • တစ်အိတ်က ဆရာဖို့၊
  • တစ်အိတ်က ဆရာမဖို့
  • ကျန်တစ်အိတ်က လူကလေး၊
  • လမ်းကြားထဲကလေး)

၆၃။ မြင်းကြီးစီးမယ်[edit]

  • (လာပြီကိုကို၊မြင်းကြီးစီးကာ
  • မြင်းဝကြီးကို စီးလို့လာ)
  • ဒါကို သူက လုပ်ပြတယ်
  • (ဘေးချင်း) တိုက်လို့ရယ်
  • (ရှေ့ချင်း)နီးလို့ရယ်
  • (ကျောချင်း) ကပ်လို့ရယ်
  • ဒါကို သူက လုပ်ပြတယ်။

(ECD)