ဘာသာစကားမှီငြမ်းပြုလမ်းညွှန်/က မှ အ အထိ ဗျည်းအက္ခရာကဗျာများ

From Wikisource
Jump to navigation Jump to search
ဘာသာစကားမှီငြမ်းပြုလမ်းညွှန်  (၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ)  by အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ
က မှ အ အထိ ဗျည်းအက္ခရာကဗျာများ

အပိုင်း(၂) ဘာသာစကားအထောက်အကူပြု တေးကဗျာများ၊ ပုံပြင်များ၊ စကားထာများ

က မှ အ အထိ ဗျည်းအက္ခရာကဗျာများ[edit]

က[edit]

  • ကကြီးရေက မမက
  • ကကြိုးစုံစွာ က
  • ပျော်ရွှင်မြူးကြွ ကခုန်ပြီး
  • ဆိုင်းတွေ ဗုံတွေတီး။

[edit]

  • ခခွေး ခခွေး ခရုလေး
  • ပန်းပင်တက်တဲ့ ခရုလေး
  • သွားနေတာက ခပ်နှေးနှေး
  • ဖယ်ရှားကြစို့လေး။

[edit]

  • ဂငယ် ဂငယ်
  • ဂဏန်း သင်မယ်
  • တစ် နှစ် သုံး လေး ရေတွက်မယ်
  • ဂရုစိုက်ပါကွယ်။

[edit]

  • ငကလေး ငကလေး
  • အရွယ် ငယ်ငယ်လေး
  • ငလက်မလေး အရွယ်ငယ်
  • ငေးငေးမှိုင်မှိုင် မနေနဲ့ကွယ်

[edit]

  • စလုံး စလုံး
  • ဖိုးစလုံး
  • ခါးကို ကုန်းလို့ စပါးစိုက်တုန်း
  • အထွက်တိုးမှာမို့ ပြုံး။

[edit]

  • ဆလိမ်ဆလိမ်
  • ကျောင်းတက်ချိန်
  • ကျောင်းတက်ချိန်မှာ ပျော်ရွှင်လှ
  • ဆရာမကို နှုတ်ဆက်ကြ။

[edit]

  • ဇကွဲလေး ဇကွဲလေး
  • ဇလပ်ဖြူဖြူဖွေး
  • ဇလပ်ဖြူက မွှေးကြူကြူ
  • မလေးပန်ဖို့ ယူ။

[edit]

  • ည...ည...ည.. - ည လပြည့်ည
  • ဖိုးရွှေလက ဝင်းပပ
  • လရောင်အောက်မှာ ပျော်ရွှင်လို့
  • တို့တွေ ကစားကြစို့။

[edit]

  • တဝမ်းပူတဝမ်းပူ
  • ဝမ်းဗိုက်ကလေးကပူ
  • တဝမ်းပူလေး လှလှရေး
  • တအား ပျော်တယ်လေး။

[edit]

  • ထဆင်ထူး ထဆင်ထူး
  • တို့တွေ ထမင်းခူး
  • ထူးထူးခြားခြား ပြင်ဆင်ကွယ်
  • တို့တွေ ဝိုင်းစားမယ်။

[edit]

  • ဒထွေး ...ဒထွေး
  • မဒထွေး
  • ဒထွေးလေးက ဒရယ်မလေး
  • ဟိုဟို ဒီဒီပြေး။

[edit]

  • ဓအောက်ခြိုက် ဓအောက်ခြိုက်
  • ဝတ်ဆံလေးနဲ့ ဓအောက်ခြိုက်
  • နှစ်ခြိုက်စရာ ဓလေ့များ
  • တို့များ အလေးထား။

[edit]

  • နငယ်နငယ် ကိုနငယ်
  • အစွမ်း ရှိလှတယ်
  • နဂါးငယ်နဲ့ နပန်းလုံး
  • ဘယ်တော့မှ သူမရှုံး။

[edit]

  • ပစောက်လေး ပစောက်လေး
  • ပလွေ သံချိုပေး
  • ပဝါလေးနဲ့ ရွှေမင်းသမီး
  • ပထမရလို့ ရှုမငြီး။

[edit]

  • ဖဦးထုပ်ဖဦးထုပ်
  • နေပူဆောင်းတဲ့ ဖဦးထုပ်
  • ဦးထုပ်ကလေး ဆောင်းခဲ့ကွယ်
  • ဖရဲသီးစိတ် သွားဝယ်မယ်။

[edit]

  • ဗထက်ခြိုက် ဗထက်ခြိုက်
  • ဗဟုသုတ အလွန်ကြိုက်
  • နှစ်ခြိုက်စရာ မှတ်သားထား
  • ဗလာစာအုပ်မှာ ရေးစို့လား။

[edit]

  • ဘကုန်း ဘကုန်း
  • ဘိုးဘကုန်း
  • ခါးက ခပ်ကုန်းကုန်း
  • သန်စွမ်းပါလို့ ကျန်းမာတုန်း။

[edit]

  • မ...မမ... မမလေး
  • မရွေးမုန့်ကို စားမယ်လေး
  • မကုန်တာလေး ချန်လို့ထား
  • မနက်ဖြန်အတွက်လား။

[edit]

  • ယပက်လက်လေး ယပက်လက်လေး
  • ကကြီး ပြောင်းပြန်ရေး
  • ယဉ်ယဉ်ကျေးကျေး ယမင်းရုပ်
  • ပြုံးပြုံးကလေး ဟန်ပန်လုပ်။

[edit]

  • ရကောက်ရကောက် ကိုရကောက်
  • ရထားစီးလို့ ခရီးရောက်
  • ပွဲခင်းရောက်ခါ ပျော်စရာ
  • ရဟတ် စီးကြမှာ
  • ရနံ့ဖြာတဲ့ ရေမွှေးလေး
  • ဝယ်သွားကြစို့လေး။

[edit]

  • လ... လ... လ... လ ဖိုးရွှေလ
  • မိုးပေါ်သာတဲ့ လ
  • အမှောင်ညကို လရောင်ခွင်း
  • လင်ပန်းကြီးလို ငွေလမင်း။

[edit]

  • ဝလုံး ဝလုံး ဖိုးဝလုံး
  • ချစ်စရာလေး ဖိုးဝလုံး
  • ချိုချိုပြုံးတဲ့ ဝလုံးရယ်
  • ဝိုင်းဝိုင်းကလေး ရေးပါတယ်။

[edit]

  • သကလေး သကလေး ချစ်စရာသကလေး
  • သရက် သခွား ချိုချိုအေး
  • သဇင်ပန်းက ကြူကြူမွှေး
  • အဲဒါ သကလေး။

[edit]

  • ဟကလေးဟကလေး
  • သားသားမီးမီး သံချိုတေး
  • ဟ... ဟလေး ရယ်သံပေး
  • မေမေ့နားဝင်အေး။

[edit]

  • အ အမေ တို့တိုင်းပြည်
  • အမြဲ ချစ်ခင်ပေ
  • အမေရဲ့သား မြန်ပြည်ဖွား
  • အများအတွက် တို့ကြိုးစား။